အစ်ဟာလို မန်ချက်စတာကို လေကြောင်းနဲ့ လာနေပါပြီလို့ သတင်းပေးသွားတဲ့ မန်နေဂျာဆိုးရှား

February 2, 2020

ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဝုလ်နဲ့ ရင်ဆိုင်ကစားခဲ့ပြီး ဂိုး မရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ရေး အနည်းငယ်ပဲ လုပ်ရသေးတဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခဲ့တယ်။ ဒါပေမယ့်လို့ တိုက်စစ်မှူး အစ်ဟာလိုကတော့ ကွင်းထဲမှာ […]

Official: ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အစ်ဟာလိုကို ခေါ်ယူ

February 1, 2020

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ ယူနိုက်တက်ဟာ တရုတ်ကလပ် Shanghai Greenland Shenhua ထံကနေ တိုက်စစ်မှူး Odion Ighalo ကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ ယူနိုက်တက်ပရိသတ်လည်းဖြစ်တဲ့ အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ ရာသီဝက်ကာလမှာ ယူနိုက်တက်အတွက် ပွဲထွက်ပေးနိုင်မှာဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်၊ […]

ဝုဗ်ပွဲမှာ ဘရူနိုကို ထုတ်သုံးမလား မေးခွန်းကို သတင်းကောင်းပေးလိုက်တဲ့ ဆိုးရှား

January 31, 2020

ဒီအပတ် ဝုဗ်နဲ့ပွဲကို ကွင်းလယ်လူ မာတစ် လွဲချော်မှာဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့ ပွဲကြို တွေ့ဆုံမှုမှာ မန်နေဂျာ ဆိုးရှားက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၁၈ ဂျာစီကို ဝတ်ဆင်ကစားမယ့် ဘရူနိုဟာ ဒီကနေ့ ပြုလုပ်တဲ့ ဝုဗ်ပွဲကြို လေ့ကျင့်ရေးမှာ […]

Transfer: တိုက်စစ်မှူးနေရာအတွက် ယူနိုက်တက်ရဲ့ ကြိုးစားမှု ပယ်ချခံရ

January 31, 2020

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင် တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ ကြိုးစားနေပြီး ဘုန်းမောက် တိုက်စစ်မှူး ကင်းကို ကမ်းလှမ်းမှု လုပ်ပေမယ့် ဘုန်းမောက်ဘက်က ခွင့်မပြုခဲ့ဘူးလို့ တယ်လီဂရပ်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ ရပ်ဖိုဒ့်နေရာ အစားထိုးဖို တိုက်စစ်မှူးသစ် ရှာနေတဲ့ ယူနိုက်တက်ဟာ ကလပ်အသင်းသားဟောင်းလည်းဖြစ်သလို ဆိုးရှားလက်အောက်မှာ ရှိခဲ့ဖူးတဲ့ နော်ဝေသားကို […]

ကာရာဘောင်းကနေ ထွက်ရပေမယ့် ချီးကျူးခံရတဲ့ ယူနိုက်တက် ကွင်းလယ်လူနှစ်ဦး

January 30, 2020

ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အီသီဟတ်မှာ သွားရောက် ယှဉ်ပြိုင်တဲ့ပွဲကို အနိုင်ရပေမယ့်လည်း နှစ်ကျော့ပေါင်းအရ ယူနိုက်တက်ဟာ ဆီမီးအဆင့်မှာတင် နုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူတွေ ခြေစွမ်းပြခဲ့ပြီး ပြိုင်ဘက် မန်နေဂျာ ဂွာဒီယိုလာနဲ့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်တို့က မာတစ်နဲ့ ဖရက်ကို ထုတ်ဖော်ချီးကျူးမှုတွေ လုပ်ခဲ့ကြသေးတာဖြစ်ပါတယ်။ ဂွာဒီယိုလာက […]

ဒရိုင်းမာတင်နဲ့ ချယ်ဆီးကြား အပြောင်းအရွှေ့ ညိနှိုင်းနေမှု အခြေအနေ

January 30, 2020

ချယ်ဆီးဟာ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက် မတိုင်ခင်မှာတင် နာပိုလီ တိုက်စစ်သမား ဒရိုင်းမာတင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ချန်ပီယံလိဂ် အတွေ့အကြုံရှိပြီး တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်ကာ နာပိုလီနဲ့ ၆ လပဲ စာချုပ် ကျန်ရှိတဲ့ သူ့ကို ခေါ်ယူတာက ချယ်ဆီးရဲ့ ဥရောပပြိုင်ပွဲတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်တယ်။ […]

ကာရာဘောင်းပွဲမှာ မန်စီးတီးကို နှစ်ဂိုးအထက် သွင်းမယ်လို့ ဆိုးရှား ပြောဆို

January 29, 2020

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ညမှာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ဒုတိယ အကျော့ အဖြစ် မန်စီးတီးကို အက်တီးဟက်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့ ပွဲမှာတော့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာတင် စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် မန်စီးတီးကတော့ ဖိုင်နယ် ရောက်ဖို့ […]

ဒဏ်ရာရ ကစားသမားများ အခြေအနေ၊ ကိုလာစီနက်၊ အိုဇေး၊ ဗီအဲရာနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

December 23, 2019

အာဆင်နယ် နည်းပြသစ် အာတီတာဟာ အသင်းရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပုံရိပ်ကောင်းတွေ ပြန်လည် ရရှိနိုင်ဖို့ ပြင်ဆင်နေပြီး အသင်းကနေ ဘယ်ကစားသမားတွေ ရှင်းထုတ်သွားမလဲ တွေးတောထားပြီး ဖြစ်ပုံရတယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က ပြောကြားလိုက်ပါတယ်။ အာဆင်နယ် ခံစစ်မှူး ကိုလာစီနက်ကို ရိုးမားနဲ့ နာပိုလီ အီတလီ စီးရီးအေ ကလပ်နှစ်သင်းက […]

ဒီဂီယာ၊ ပေါ့ဘာ၊ မာတာ၊ အဲရစ်ဆန်တို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

December 23, 2019

ဝက်ဖို့ဒ်နဲ့ ရှုံးပွဲက ဂိုးပေးလိုက်ရတဲ့ အမှား အတွက် ယူနိုက်တက်ရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းရှိ ဂိုးသမား ဒီဂီယာကို အပြစ်မတင်သင့်ကြောင်း အသင်းဖော် ခံစစ်မှူး လုခ် ရှောက ကာကွယ် ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်မှာ ဦးစားပေး ပွဲထွက်ခွင့် မရတဲ့ ကွင်းလယ်ကစားသမား မာတစ်ကို ဇန်န၀ါရီမှာ ခေါ်ယူဖို့ […]

အာတီတာအတွက် ပထမဆုံးခေါ်ယူမှုကို လုပ်ပေးဖို့ ဂျာမနီမှာ ခြေရှုပ်နေတဲ့ အာဆင်နယ်

December 23, 2019

အာဆင်နယ် အကြီးအကဲတွေက မန်နေဂျာသစ် အာတီတာအတွက် ကစားသမားသစ် ခေါ်ယူပေးဖို့ရာ လှုပ်ရှားမှုတစ်ခုကို စတင်နေပြီဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။ အာဆင်နယ်ဘက်က ခေါ်ယူလိုတဲ့ ကစားသမားကတော့ လေဗာကူဆင်အသင်းမှ တိုက်စစ်သမား ဗိုလန်ဖြစ်ပြီး ဘွန်ဒက်လီဂါပွဲအချို့မှာ တိုက်စစ်သမားကို ကင်းထောက်လွှတ် စောင့်ကြည့်နေခြင်းတွေလည်း ရှိထားခဲ့တာဖြစ်တယ်။ ဂန်းနားအသင်း တာဝန်ရှိသူတွေက ဇန်နဝါရီ အပြောင်းအရွှေ့အတွက် […]