အစ်ဟာလို မန်ချက်စတာကို လေကြောင်းနဲ့ လာနေပါပြီလို့ သတင်းပေးသွားတဲ့ မန်နေဂျာဆိုးရှား
UNICODE – ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဝုလ်နဲ့ ရင်ဆိုင်ကစားခဲ့ပြီး ဂိုး မရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ ပွဲမှာ ယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ရေး အနည်းငယ်ပဲ လုပ်ရသေးတဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခဲ့တယ်။ ဒါပေမယ့်လို့ တိုက်စစ်မှူး အစ်ဟာလိုကတော့ ကွင်းထဲမှာ ရှိမနေသေးပါဘူး။
ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက အစ်ဟာလိုဟာ မန်ချက်စတာကို လာနေပြီဖြစ်ပြီး သူက အသင်းကို ဘဝတစ်လျှောက်လုံး အားပေးခဲ့သူဖြစ်ကာ အများကြီး အသုံးဝင်မယ့်သူပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။
ဆိုးရှားက ” အစ်ဟာလိုက လေကြောင်းနဲ့ လာနေတာဖြစ်ပြီး မန်ချက်စတာကိုလာတဲ့ လမ်းမှာ ရှိနေပါတယ်။ သူ့ကို အသားကျဖို့ အချိန်ပေးဖို့ လိုပါတယ်။ သူက တိုက်စစ်မှူးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သူဖြစ်တယ်။ ကျနေ်ာအတွက် အကူအညီဖြစ်မယ့် တိုက်စစ်သမားပဲ ဖြစ်ပါတယ်။
ဘဝတစ်လျှောက်လုံး မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့ပြီး အသင်းအတွက် အလုပ်လုပ်လိုသူတစ်ဦးအတွက် ဒီအပြောင်းအရွှေ့က စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ အာဖရိကဖလားပြိုင်ပွဲမှာ ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်ခဲ့တဲ့ အစ်ဟာလိုဟာ ကျနော်အတွက် အသုံးဝင်မယ့် အရည်အချင်းကောင်းတွေ အများကြီး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။