Official: ယူႏုိက္တက္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ အစ္ဟာလိုကို ေခၚယူ

အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာပဲ ယူႏုိက္တက္ဟာ တရုတ္ကလပ္ Shanghai Greenland Shenhua ထံကေန တိုက္စစ္မွဴး Odion Ighalo ကို ရာသီကုန္ထိ အငွားစာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ခ့ဲပါျပီ။

ယူႏုိက္တက္ပရိသတ္လည္းျဖစ္တဲ့ အသက္ ၃၀ အရြယ္ တုိက္စစ္သမားဟာ ရာသီဝက္ကာလမွာ ယူႏိုက္တက္အတြက္ ပြဲထြက္ေပးႏုိင္မွာျဖစ္တယ္။ သူဟာ ပရီးမီးယားလိဂ္၊ ယူရိုပါလိဂ္နဲ႔ အက္ဖ္ေအဖလား ျပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ျပိဳင္ႏုိင္မွာ ျဖစ္ပါတယ္.

မန္ေနဂ်ာ အိုလီကေတာ့ ” Odion က ဝါရင့္ ကစားသမားပါ။ သူက အေထာင္တုိက္စစ္အတြက္ က်ေန္ာတို႔ကို ျခားနားတဲ့ ေရြးခ်ယ္မႈေတြ ေပးပါလိမ့္မယ္။ ေကာင္းမြန္တဲ့ ကစားသမားျဖစ္သလို ပေရာ္ဖက္ရွင္နယ္ ဆန္သူပါ။ သူက ဒီမွာ အေကာင္းဆံုး လုပ္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ တရုတ္ကလပ္နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ျပီး အခ်ိန္ မမွီခဲ့တာေၾကာင့္ အျပီးသတ္ ေခၚယူခြင့္ မပါခဲ့ေပမယ့္ ေနာက္ထပ္ တစ္ပတ္အတြင္း ဒီကိစၥကို ဆက္လက္ ေဆြးေႏြးမယ္လို႔ သိရတာျဖစ္ပါတယ္။

UNICDE – အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ ယူနိုက်တက်ဟာ တရုတ်ကလပ် Shanghai Greenland Shenhua ထံကနေ တိုက်စစ်မှူး Odion Ighalo ကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။

ယူနိုက်တက်ပရိသတ်လည်းဖြစ်တဲ့ အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ ရာသီဝက်ကာလမှာ ယူနိုက်တက်အတွက် ပွဲထွက်ပေးနိုင်မှာဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်.

မန်နေဂျာ အိုလီကတော့ ” Odion က ဝါရင့် ကစားသမားပါ။ သူက အထောင်တိုက်စစ်အတွက် ကျနေ်ာတို့ကို ခြားနားတဲ့ ရွေးချယ်မှုတွေ ပေးပါလိမ့်မယ်။ ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ပရော်ဖက်ရှင်နယ် ဆန်သူပါ။ သူက ဒီမှာ အကောင်းဆုံး လုပ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တရုတ်ကလပ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး အချိန် မမှီခဲ့တာကြောင့် အပြီးသတ် ခေါ်ယူခွင့် မပါခဲ့ပေမယ့် နောက်ထပ် တစ်ပတ်အတွင်း ဒီကိစ္စကို ဆက်လက် ဆွေးနွေးမယ်လို့ သိရတာဖြစ်ပါတယ်။