PSG နည်းပြသစ်၊ တိုက်စစ်မှူးသစ် ခေါ်ယူလိုက်တဲ့ ဘာစီလိုနာ၊ မန်ယူနဲ့ ကိန်းကြား အခြေအနေနဲ့ အပြောင်းအရွှေ့ သတင်းတိုများ

ပီအက်စ်ဂျီအသင်းဟာ စပိန်နည်းပြဟောင်း အန်ရီကေးကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အရေးသာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းပြအဖွဲ့ဝင်တွေ ဘယ်သူဖြစ်မလဲနဲ့ အခြားသော အရေးကြီး ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေပါတယ်။

ဒီနွေမှာ ကွင်းလယ်လူ ပါတေးကို ရောင်းထုတ်ဖို့ အာဆင်နယ်ဘက်က စီစဉ်နေပါတယ်။ ကစားသမားနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားပြီး သက်တမ်းတိုးမယ့် အခြေအနေ မရှိပါဘူး။

ဘာစီလိုနာဟာ ဘရာဇီး လူငယ်တိုက်စစ်မှူး Vitor Roque ကို ယူရို ၃၅ သန်းနဲ့ ထပ်တိုး ယူရို ၁၀ သန်း ပါတဲ့ ပမာဏဖြင့် ခေါ်ယူရေး သဘောတူညီမှု ရခဲ့ပါပြီ။ စာချုပ်ကတော့ ၂၀၂၈ ခုနှစ်ထိ ရှိနေမှာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က နောက်ဆုတ်သွားတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ချယ်ဆီးဘက်က မေးမြန်းမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် များစွာ အပြင် ဘာစီလိုနာကလည်း စိတ်ဝင်စားခဲ့တဲ့ ကွင်းလယ်လူ ရူဗင် နီဗက်စ်ကို ဆော်ဒီကလပ် Al Hilal အသင်းထံ ပေါင် ၄၇ သန်းဖြင့် ပြောင်းရွှေ့ခွင့်ပေးဖို့ ဝုဗ်အသင်းဘက်က သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးက ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် အပြောင်းအရွှေ့ စကားပြောမှုထဲမှာ ဂါလယ်ဂါ ပါဝင်သွားမှာ မဟုတ်ပါဘူး။ ချယ်ဆီး အကယ်ဒမီထွက်ကို ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားမှု ပြသထားပါတယ်။

အာဆင်နယ်ဟာ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီးနည်းတူ ဆောက်သမ်တန်အသင်းမှ ဘယ်ဂျီယံ လူငယ် ကွင်းလယ်လူ လာဗီယာကို စိတ်ဝင်စားမှု ပြသလာပါတယ်။

ချယ်ဆီးခံစစ်မှူး ချာလိုဘတ်ဟာ ဒီနွေမှာ စီးရီးအေကို ပြောင်းရွှေ့ဖွယ်ရှိကာ အင်တာမီလန်ထံ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ ကိုင်ဟာဗက်အတွက် အာဆင်နယ်နဲ့ ချယ်ဆီးကြား ညိနှိုင်းမှုတွေ ပြီးပြတ်သွားနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေထွက်နေပေမယ့် အေတီကိုမှာ ပျော်ရွှင်နေကြောင်း ဂရစ်စမန်းက ထုတ်ပြောလာပါတယ်။

နိုက်ကွင်းလယ်လူ တူဟမ်ကို ရနိုင်ရေးအတွက် လီဗာပူး ခံစစ်မှူး ကိုနတေးကလည်း ကူညီ စည်းရုံးပေးနေပါတယ်။ ကိုနတေးကတော့ တစ်နိုင်ငံတည်းသား ကွင်းလယ်လူကို အန်ဖီးထံ ရောက်လာတာ မြင်လိုနေပါတယ်။