ပိုချက်တီနိုအတွက် တိုက်စစ်မှူးသစ် ခေါ်ယူပေးဖို့ သဘောတူညီမှု ရသွားတဲ့ ချယ်ဆီး

ချယ်ဆီးဟာ ဆီနီဂေါ တိုက်စစ်သမား နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဆီနီဂေါအတွက် ၂ ကြိမ် ပွဲထွက်ထားသလို ပြီးခဲ့တဲ့ ရာသီမှာ လာလီဂါကလပ် ဗီလာရီးရဲလ်အတွက် ၁၃ ဂိုးထိ သွင်းယူထားသူပါ။ နောက်ဆုံး ၈ ပွဲမှာ ၉ ဂိုးထိ သွင်းယူခြင်းနဲ့အတူ စပိန်မြေမှာ ထွန်းတောက်လာသူ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဇန်နဝါရီတုန်းက ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ဟာ တိုက်စစ်သမားကို ချိတ်ဆက်ပေမယ့်လို့ ဒီနွေမှာတော့ ပိုမို အင်အားကြီးတဲ့ ကလပ်တွေက ဂျက်ဆန်အတွက် အားထုတ်လာကြတာပါ။

ချယ်ဆီးဟာ ကစားသမားသမားနဲ့ စကားပြောမှု အခြေအနေ ကောင်းသွားတာမို့ မကြာခင် သီတင်းပတ်တွေမှာ ဗီလာရီးရဲလ်နဲ့ စကားပြောတော့မှာ ဖြစ်ပါတယ်။ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင် သုံးရဖွယ် ရှိပါတယ်။

ဂျူလိုင်လ ၁ ရက်နေ့မှာ ချယ်ဆီးနဲ့ စပြီး အလုပ်လုပ်မယ့် ပိုချက်တီနိုဟာ ကစားသမား အရောင်းအဝယ် ကိစ္စ များစွာအတွက် ပါဝင်သွားရမှာဖြစ်ပြီး ချယ်ဆီးအသင်း လူစာရင်း ပြန်လည် တည်ဆောက်မှုကို ကြိုးကိုင်ပေးရမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ မေဆန်မောင့်၊ ကိုင်ဟာဗက်၊ ကိုဗာဆစ်၊ ကူလီဘာလေ၊ ဂါလယ်ဂါ အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်မှာ ဖြစ်တဲ့အပြင် ကီပါနဲ့ မန်ဒီလို ဂိုးသမားတွေကိုလည်း ရှင်းထုတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။