ပီအက်စ်ဂျီ ကြယ်ပွင့်ကို ဒေါ့မွန်၊ မန်စီးတီးတို့နဲ့ အပြိုင်လုသွားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ လီဂူးဝမ်းကလပ် ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းတိုးဖို့ မရေမရာဖြစ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် ဝါဟမ် ဇယ်အမ်မလီကို ခေါ်ယူရေး စိတ်ဝင်စားနေပြီလို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမားဟာ ပြင်သစ်လိဂ်မှာ နာမည်ရလာပေမယ့် ပုံမှန် ပွဲကစားခွင့်ရထားသူ မဟုတ်ပါဘူး။ ဒီတလောမှာ မန်စီးတီးအသင်းက ဘာနာတိုကို ခေါ်ယူလိုရင် ဇယ်အမ်မလီကို အလိုက်ပေးဖို့ တောင်းဆိုခဲ့ခြင်းကို ပီအက်စ်ဂျီဘက်က လိုက်လျောပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကွင်းလယ်မှာ နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေ အဓိကကစားတဲ့ ဇယ်အမ်မလီကို ခေါ်လိုနေတဲ့ ကလပ်က မန်စီးတီးနဲ့ လီဗာပူးတင် မဟုတ်ဘဲ ဒေါ့မွန်လည်း ပါနေပါတယ်။

ကစားသမားဘက်ကတော့ ပီအက်စ်ဂျီဘက်က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းမှုကို ပုံမှန် ပွဲကစားခွင့်မရရင် စိတ်မဝင်စားဘူးလို့ အကြောင်းပြန်ထားပါတယ်။ သူဟာ အသင်းသစ်ကို ရွေးချယ်ဖွယ်ရှိနေပြီး ပွဲကစားခွင့်အပေါ် အခြေခံမှာပါ။

လီဗာပူးအသင်းဟာ အနာဂတ်အတွက် ရေရှည်သုံးနိုင်မယ့် ကြယ်ပွင့်တစ်ဦး ခေါ်ယူဖို့ အစီအစဉ် ရှိထားပြီး ဇယ်အမ်မလီက ဖြစ်နိုင်ချေများတဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။