သူအလိုချင်ဆုံး ပစ်မှတ်ကို မခေါ်ပေးတော့ဘူး ဆုံးဖြတ်လိုက်တဲ့ မန်ယူအကြီးအကဲတွေကို တန်ဟက် ဒေါဖောင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တန်ဟက် အလိုချင်ဆုံး ကစားသမား ဖြစ်နေတဲ့ စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ယူရေး ကြိုးစားဖို့ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ရာသီသစ် အတွက် ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူရေးဟာ နည်းပြ တန်ဟက်ရဲ့ ဦးစားပေး ကိစ္စ ဖြစ်ပါတယ်။ အဲရစ်တန်ဟက်က သာ ကိန်းမှ ကိန်း ဖြစ်နေခဲ့ပေမယ့် စပါးအသင်းခေါင်းဆောင်ဟာ တန်ကြေး သိပ်မြင့်လွန်းပြီး ယူနိုက်တက် အလှမ်းမမှီ ဖြစ်နေခဲ့တာပါ။

စပါးကလည်း ပြည်တွင်း ပြိုင်ဘက်ထံ သူတို့ ကစားသမားကို မရောင်းချလိုပါဘူး။ လီဗိုင်းက ကိန်းကို ရအောင် ထိန်းထားဖို့ ဆုံးဖြတ်ထားပြီး လာမယ့် ၁၂ လ အတွင်း စာချုပ်သစ် ချုပ်ဆိုနိုင်မယ် လို့ပါ ယုံကြည်ချက် ရှိနေတာကြောင့် ပြိုင်ဘက် အသင်းကြီးတွေ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားခြင်းပင် မရှိပါဘူး။

ဂါးဒီးယန်း သတင်းစာ အဆိုအရ နည်းပြ တန်ဟက်ဟာ သူ့ရဲ့ ထိပ်တန်း ပစ်မှတ်ကို မန်ချက်စတာ ကလပ်က မခေါ်ပေးနိုင်တဲ့ အတွက် အတော် စိတ်ပျက်နေကြောင်း သိရပါတယ်။

ဒီအတိုင်းဆိုရင် ယူနိုက်တက်ရဲ့ တိုက်စစ်ပစ်မှတ်ဟာ အနည်းငယ် စျေးသက်သာတဲ့ ကစားသမားပဲ ဖြစ်လာဖွယ် ရှိပါတယ်။