မန်ယူ တိုက်စစ်မှူးသစ် ရှာဖွေခန်း၊ ချယ်ဆီးရောက်မယ့် ကိုင်ဆီဒို၊ အာဆင်နယ် ပြောင်းမယ့် ကိုင်ဟာဗက် စတဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ သတင်းထူးများ

လိုပတ်တီဂူဟာ ဝုဗ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လာခဲ့ပါပြီ။ ကလပ်နဲ့ နည်းပြကြား ဆွေးနွေးမှုကနေ အကောင်းမြင်စရာ အခြေအနေတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အတ္တလန်သာအသင်းက သူတို့ တိုက်စစ်သမား ဟာ့ချ်လန်းကို မန်ချက်စတာ ယူနိုက်တက်ကို ရောင်းထုတ်ပေးရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်း အလိုရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ရိုက်စ်အတွက် စတင် ကမ်းလှမ်းခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေးတော့ သဘောတူညီမှု မရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်က နာပိုလီ ခံစစ်မှူး ကင်မင်ဂျေကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် တောင်ကိုးရီးယား လက်ရွေးစင်ကို လက်မှတ်ထိုးနိုင်ဖို့မှာ ဘိုင်ယန်မြူးနစ်က အရေးသာလာခဲ့ပါပြီ။

ဘရိုက်တန်မှ ကိုင်ဆီဒိုကို ခေါ်ယူရေးမှာ ချယ်ဆီးက အာဆင်နယ်ထက် ပိုမို ရေပန်စားလာနေပါပြီ။ သီတင်းပတ်ကြာ ချိတ်ဆက်မှု ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုချိန်ထိတော့ သဘောတူညီမှု ရလာခြင်း မရှိသေးပါဘူး။

အာတီတာက ချယ်ဆီးတိုက်စစ်သမား ကိုင်ဟာဗက်ကို အတော်လေး သဘောကျတယ်လို့ သိရပါတယ်။ ချယ်ဆီးမှာ ရုန်းကန်နေရပေမယ့်လို့ သူက အများကြီး တိုးတက်လာနေသူအဖြစ်လည်း အာဆင်နယ်ဘက်က မြင်ပါတယ်။

မန်စီးတီးဟာ ရာသီကြို မစတင်ခင် ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်လိုနေပါတယ်။ အစွန်လူဟာ ဘာစီလိုနာထံ ရောက်မယ်လို့ သတင်းကြီးထားပြီး အာဆင်နယ်ဘက်ကလည်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေကို ချိတ်ဆက်မှု ရှိထားပါတယ်။

နယူးကာဆယ်ဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ အင်တာဘက်ကတော့ အဲ့ထက် ပိုများတဲ့ ကမ်းလှမ်းမှုရဖို့ မျှော်လင့်ချက်တွေ ထားရှိနေပါသေးတယ်။

မန်ချက်စတာစီးတီးဟာ ကွင်းလယ်အတွက် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ မျက်စိကျလာနေပါပြီ။ ကယ်ဗင်ဖီးလစ်ကို ရှင်းထုတ်ပြီး ရိုက်စ်ကို ပြန်လည် ခေါ်ယူနိုင်ပါတယ်။