ဝုဗ်ပွဲမှာ ဘရူနိုကို ထုတ်သုံးမလား မေးခွန်းကို သတင်းကောင်းပေးလိုက်တဲ့ ဆိုးရှား

ဒီအပတ် ဝုဗ်နဲ့ပွဲကို ကွင်းလယ်လူ မာတစ် လွဲချော်မှာဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့ ပွဲကြို တွေ့ဆုံမှုမှာ မန်နေဂျာ ဆိုးရှားက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၁၈ ဂျာစီကို ဝတ်ဆင်ကစားမယ့် ဘရူနိုဟာ ဒီကနေ့ ပြုလုပ်တဲ့ ဝုဗ်ပွဲကြို လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပြီး အသင်းဖော်သစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ရေး ဆင်းနေတာကို မြင်ခဲ့ရတယ်။ သူဟာ စပို့တင်းမှာလည်း ဆက်တိုက် ပွဲတွေ ကစားနေတာကြောင့် ပွဲထွက်ပေးဖို့ ထုတ်သုံးမယ်ဆိုရင်လည်း ပါဝင်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာကြီးက ” ဘရူနိုက ပွဲကစားနိုင်ဖို့ ကြံ့ခိုင်မှု ကောင်းနေတဲ့ အနေအထားပါ။ ဒီအပတ်ပွဲမှာ သူပါဝင်နိုင်မှာပါဒ အနည်းဆုံးသော ပွဲနေ့ လူစာရင်းမှာ သူပါဝင်နေပါမယ်။ ဒီကနေ့မှာပ သူဟာ အသင်းနဲ့ လေ့ကျင့်ရေး အတူတကွ လုပ်ဆောင်နေဖို့လည်း ရှိနေပါတယ်။

ဒီရက်ပိုင်း သူက ကောင်းကောင်း အနားမယူထားရသေးသလို သူ့သမီးရဲ့ မွေးနေ့လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် သူဘယ်လောက်ထိ ပါဝင်ကစားပေးမယ်ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် သူက ပွဲနေ့ လူစာရင်းမှာ ပါဝင်သွားဖို့ကတော့ သေချာပါတယ် ” လို့ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်ကို ရောက်နေတာဖြစ်ပြီး လက်တလောမှာ ဆောက်သမ်တန်မှ ဒန်နီအင့်၊ ဘုန်းမောက်မှ ကင်းတို့လို တိုက်စစ်သမားတွေနဲ့ သတင်းကြီးနေတာပါ။ စကိုင်းစပေါ့က ယူနိုက်တက်ဟာ ကင်းကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီလို့ ဆိုခဲ့ပြီး ကလပ်နှစ်သင်းကြား သဘောတူညီမှုတော့ မရသေးဘူးလို့ သိရတာကြောင့် ဒီကနေ့မှာပဲ အပြောင်းအရွှေ့ နောက်ထပ်တစ်ခု ပြီးမြောက်သွားနိုင်တာဖြစ်တယ်။

ယူနိုက်တက်ဟာ စီနီယာအသင်းအတွက် ကစားသမား ခေါ်ယူမှုတွေလုပ်ဖို့ အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း ကြိုးစားနေဆဲမှာပဲ လူငယ် ကစားသမားလေး နေသန် ဘစ်ရှော့ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ဂိုးသမားဟာ ဒီရာသီမှာ လိဂ်ဝမ်းကလပ် ဆောင်သန်အသင်းအတွက် ၁၇ ပွဲထိ ကစားပေးထားပြီး အသင်းကို တရားဝင် ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI





