ဖာနန္ဒက္စ္နဲ႕တင္ မျပီးဘဲ ၾကယ္ပြင့္ကစားသမားေတြ ေႏြမွာ ေခၚဖို႔ ယူနိုက္တက္ ျပင္ဆင္

မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အသင္းေတြ သိပ္ အလုပ္မျဖစ္ခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ဘရူနို ဖာနန္ဒက္စ္ကို ေပါင္ ၆၂ သန္းနဲ႕ ေခၚယူခဲ့ျပီး ျပည္တြင္းမွာ သံုးစြဲမႈ အျမင့္ဆံုး အသင္း ျဖစ္ခဲ့ပါတယ္။ ဖာနန္ဒက္စ္နဲ႕တင္ ေက်နပ္မေနဘဲ ယူနိုက္တက္က လာမယ့္ေႏြမွာလည္း ေငြေၾကး သံုးစြဲကာ နာမည္ေက်ာ္ ၾကယ္ပြင့္ ကစားသမား ၃ဦးထိ ေခၚရန္ ပစ္မွတ္ထား ျပင္ဆင္ေနပါတယ္။

ဇန္န၀ါရီမွာ ခ်ိတ္ဆက္ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ေဒါ့မြန္မွ ဆန္ခ်ိဳနဲ႕ လက္စတာမွ မက္ဒီဆန္ အပါအ၀င္ ယူနုိက္တက္က ေနာက္ထပ္ ၾကယ္ပြင့္ ကစားသမားေတြ ထပ္ေခၚဦးမွာ ျဖစ္တယ္လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။ ဆန္ခ်ိဳရဲ႕ ေျပာင္းေရႊ႕ေၾကးကတင္ ေပါင္ သန္း ၁၀၀ ေက်ာ္ သံုးရဖြယ္ ရွိျပီး ေပါ့ဘာကို ေရာင္းခ်ရင္ေတာ့ အသံုးစရိတ္ လည္ပတ္သြားမယ္ ယူဆရပါတယ္။

ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္က အလိုရွိေပမယ့္ ယူနိုက္တက္က ေပါင္ သန္း ၁၅၀ ေစ်းသတ္မွတ္ထားတာေၾကာင့္ လက္ေလွ်ာ့ထားတာ ျဖစ္ျပီး ယူနိုက္တက္သာ ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းေပးရင္ အေျပာင္းအေရႊ႕က ျဖစ္လာဖြယ္ ရွိပါတယ္။ ဆိုးရွား ကလည္း ဖာနန္ဒက္စ္နဲ႕တင္ နာမည္ၾကီး ကစားသမား ေခၚယူမႈ ရပ္တန္႔သြားမွာ မဟုတ္ဘဲ ပရိသတ္ေတြ ထပ္ျမင္ရဦးမယ္လို႔ ဆိုထားပါတယ္။

” ဘရူနိုက ကစားသမားေကာင္းေတြနဲ႕ တြဲဖက္ ကစားနုိင္သူ ကစားသမားေကာင္း တစ္ဦး ျဖစ္ပါတယ္။ ကြင္းလယ္မွာ သံုးဦး တြဲဖက္ ကစားနုိင္သလို နံပါတ္ ၁၀ ေနရာလည္း ကစားနုိင္ပါတယ္။ ဒိုင္းမြန္းပံုစံ ကစားကြက္မွာလည္း ထိပ္ဆံုးမွာ ကစားနုိင္သူပါ။ က်ေနာ္တို႔က အသင္းကို ဆုဖလားေတြ ျပန္ စိန္ေခၚနုိင္တဲ့ အသင္း တစ္သင္း ျဖစ္ေအာင္ တည္ေဆာက္ခ်င္တာပါ။

ဒါေၾကာင့္ အသင္းရဲ႕ အေကာင္းဆံုး ကစားသမား သမားေတြ႕ို ထိန္းထားသလို ထပ္မံ ေခၚယူျပီးလည္း လက္ရွိ ကစားသမားေတြနဲ႕ တြဲဖက္ ကစားေစဦးမွာ ျဖစ္တယ္။” လို႔ ဆိုးရွားက ဆိုပါတယ္။

ဆိုးရွားက ကြင္းလယ္ဖန္တီးရွင္ ကစားသမားတစ္ဦး အလိုရွိျပီး ညာေတာင္ပံတိုက္စစ္ကိုလည္း အားျဖည့္လိုေနပါတယ္။ လက္ရွိ ရာသီအစပိုင္းက ဒိုင္ဘာလားနဲ႕ ဗန္ဒါဘိတို႔ကို ခ်ိတ္ဆက္ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ လာမယ့္ေႏြမွာေတာ့ ယူနိုက္တက္က ေငြသံုးၾကမ္းၾကမ္းနဲ႕ နာမည္ေက်ာ္ေတြ ထပ္မံ ေခၚယူဦးမယ့္ အစီအစဥ္ေတြ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္။

Unicode – မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းတွေ သိပ် အလုပ်မဖြစ်ခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ပြည်တွင်းမှာ သုံးစွဲမှု အမြင့်ဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့တင် ကျေနပ်မနေဘဲ ယူနိုက်တက်က လာမယ့်နွေမှာလည်း ငွေကြေး သုံးစွဲကာ နာမည်ကျော် ကြယ်ပွင့် ကစားသမား ၃ဦးထိ ခေါ်ရန် ပစ်မှတ်ထား ပြင်ဆင်နေပါတယ်။

ဇန်နဝါရီမှာ ချိတ်ဆက်ပေမယ့် မအောင်မြင်ခဲ့တဲ့ ဒေါ့မွန်မှ ဆန်ချိုနဲ့ လက်စတာမှ မက်ဒီဆန် အပါအဝင် ယူနိုက်တက်က နောက်ထပ် ကြယ်ပွင့် ကစားသမားတွေ ထပ်ခေါ်ဦးမှာ ဖြစ်တယ်လို့ မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကတင် ပေါင် သန်း ၁၀၀ ကျော် သုံးရဖွယ် ရှိပြီး ပေါ့ဘာကို ရောင်းချရင်တော့ အသုံးစရိတ် လည်ပတ်သွားမယ် ယူဆရပါတယ်။

ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်က အလိုရှိပေမယ့် ယူနိုက်တက်က ပေါင် သန်း ၁၅၀ ဈေးသတ်မှတ်ထားတာကြောင့် လက်လျှော့ထားတာ ဖြစ်ပြီး ယူနိုက်တက်သာ ပြောင်းရွှေ့ကြေး ညှိနှိုင်းပေးရင် အပြောင်းအရွှေ့က ဖြစ်လာဖွယ် ရှိပါတယ်။ ဆိုးရှား ကလည်း ဖာနန်ဒက်စ်နဲ့တင် နာမည်ကြီး ကစားသမား ခေါ်ယူမှု ရပ်တန့်သွားမှာ မဟုတ်ဘဲ ပရိသတ်တွေ ထပ်မြင်ရဦးမယ်လို့ ဆိုထားပါတယ်။

” ဘရူနိုက ကစားသမားကောင်းတွေနဲ့ တွဲဖက် ကစားနိုင်သူ ကစားသမားကောင်း တစ်ဦး ဖြစ်ပါတယ်။ ကွင်းလယ်မှာ သုံးဦး တွဲဖက် ကစားနိုင်သလို နံပါတ် ၁၀ နေရာလည်း ကစားနိုင်ပါတယ်။ ဒိုင်းမွန်းပုံစံ ကစားကွက်မှာလည်း ထိပ်ဆုံးမှာ ကစားနိုင်သူပါ။ ကျနော်တို့က အသင်းကို ဆုဖလားတွေ ပြန် စိန်ခေါ်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ချင်တာပါ။

ဒါကြောင့် အသင်းရဲ့ အကောင်းဆုံး ကစားသမား သမားတွေ့ို ထိန်းထားသလို ထပ်မံ ခေါ်ယူပြီးလည်း လက်ရှိ ကစားသမားတွေနဲ့ တွဲဖက် ကစားစေဦးမှာ ဖြစ်တယ်။” လို့ ဆိုးရှားက ဆိုပါတယ်။

ဆိုးရှားက ကွင်းလယ်ဖန်တီးရှင် ကစားသမားတစ်ဦး အလိုရှိပြီး ညာတောင်ပံတိုက်စစ်ကိုလည်း အားဖြည့်လိုနေပါတယ်။ လက်ရှိ ရာသီအစပိုင်းက ဒိုင်ဘာလားနဲ့ ဗန်ဒါဘိတို့ကို ချိတ်ဆက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လာမယ့်နွေမှာတော့ ယူနိုက်တက်က ငွေသုံးကြမ်းကြမ်းနဲ့ နာမည်ကျော်တွေ ထပ်မံ ခေါ်ယူဦးမယ့် အစီအစဉ်တွေ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။