အာတီတာအတွက် ပထမဆုံးခေါ်ယူမှုကို လုပ်ပေးဖို့ ဂျာမနီမှာ ခြေရှုပ်နေတဲ့ အာဆင်နယ်

အာဆင္နယ္ အၾကီးအကဲေတြက မန္ေနဂ်ာသစ္ အာတီတာအတြက္ ကစားသမားသစ္ ေခၚယူေပးဖို႔ရာ လႈပ္ရွားမႈတစ္ခုကို စတင္ေနျပီျဖစ္ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

အာဆင္နယ္ဘက္က ေခၚယူလိုတဲ့ ကစားသမားကေတာ့ ေလဗာကူဆင္အသင္းမွ တိုက္စစ္သမား ဗိုလန္ျဖစ္ျပီး ဘြန္ဒက္လီဂါပြဲအခ်ိဳ႔မွာ တိုက္စစ္သမားကို ကင္းေထာက္လႊတ္ ေစာင့္ၾကည့္ေနျခင္းေတြလည္း ရွိထားခဲ့တာျဖစ္တယ္။ ဂန္းနားအသင္း တာဝန္ရွိသူေတြက ဇန္နဝါရီ အေျပာင္းအေရႊ႔အတြက္ ေခၚယူေပးလိုေၾကာင္း အာတီတာကို တင္ျပလာမယ့္ စာရင္းမွာ ဗိုလန္ကိုပါ ထည့္သြင္းလာဖို႔ မ်ားေနတာျဖစ္တယ္။

အသက္ ၂၇ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဘြန္ဒက္လီဂါကလပ္မွာ အေထာင္တိုက္စစ္သမားေနရာက ပြဲထြက္ေပးမႈ မ်ားျပားျပီး သူဟာ ဘယ္ေျခအားသန္ ကစားသမားျဖစ္ကာ false nine တိုက္စစ္သမားအျဖစ္ေကာ ညာျခမ္းတိုက္စစ္သမားအျဖစ္ပါ ကစားႏုိင္သူလည္းျဖစ္ပါတယ္။

ဂ်ာမနီလက္ေရြးစင္ တိုက္စစ္သမားဟာ ၂၀၁၆ ခုႏွစ္မွာ ေဟာ့ဖန္ဟိမ္းကေန ေလဗာကူဆင္ကို ေျပာင္းေရႊ႔ခဲ့သူျဖစ္ျပီး ဂ်ာမနီကလပ္နဲ႔ စာခ်ဳပ္ ၁၈ လပဲ က်န္ရွိေတာ့တာျဖစ္တယ္။ ဇန္နဝါရီမွာ ေရာင္းထုတ္မယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကးတစ္ရပ္ ရႏုိင္ေသးတာေၾကာင့္ ေလဗာကူဆင္ဘက္ကလည္း ထုတ္ေရာင္းဖို႔ကို ေရြးခ်ယ္လာႏုိင္ပါတယ္။

မန္ေနဂ်ာအာတီတာဟာ အာဆင္နယ္မွာ တိုက္စစ္ပိုင္းဆိုင္ရာ အေျဖရွာမႈေတြ လုပ္ရဖို႔ ရွိေနျပီး အသင္းကေန ထြက္ခြာဖို႔ သတင္းၾကီးေနတဲ့ အူဘာမီယန္၊ လာကာဇက္တီတို႔ အနာဂတ္ကို အေျဖရွာရမွာပါ။ ကလပ္အသင္း စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားတဲ့ ပီပီဟာလည္း ပရီးမီးယားလိဂ္မွာ အထိုင္က်ဖို႔ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။

UNICODE

အာဆင်နယ် အကြီးအကဲတွေက မန်နေဂျာသစ် အာတီတာအတွက် ကစားသမားသစ် ခေါ်ယူပေးဖို့ရာ လှုပ်ရှားမှုတစ်ခုကို စတင်နေပြီဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

အာဆင်နယ်ဘက်က ခေါ်ယူလိုတဲ့ ကစားသမားကတော့ လေဗာကူဆင်အသင်းမှ တိုက်စစ်သမား ဗိုလန်ဖြစ်ပြီး ဘွန်ဒက်လီဂါပွဲအချို့မှာ တိုက်စစ်သမားကို ကင်းထောက်လွှတ် စောင့်ကြည့်နေခြင်းတွေလည်း ရှိထားခဲ့တာဖြစ်တယ်။ ဂန်းနားအသင်း တာဝန်ရှိသူတွေက ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ခေါ်ယူပေးလိုကြောင်း အာတီတာကို တင်ပြလာမယ့် စာရင်းမှာ ဗိုလန်ကိုပါ ထည့်သွင်းလာဖို့ များနေတာဖြစ်တယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ဘွန်ဒက်လီဂါကလပ်မှာ အထောင်တိုက်စစ်သမားနေရာက ပွဲထွက်ပေးမှု များပြားပြီး သူဟာ ဘယ်ခြေအားသန် ကစားသမားဖြစ်ကာ false nine တိုက်စစ်သမားအဖြစ်ကော ညာခြမ်းတိုက်စစ်သမားအဖြစ်ပါ ကစားနိုင်သူလည်းဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင် တိုက်စစ်သမားဟာ ၂၀၁၆ ခုနှစ်မှာ ဟော့ဖန်ဟိမ်းကနေ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဂျာမနီကလပ်နဲ့ စာချုပ် ၁၈ လပဲ ကျန်ရှိတော့တာဖြစ်တယ်။ ဇန်နဝါရီမှာ ရောင်းထုတ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးတစ်ရပ် ရနိုင်သေးတာကြောင့် လေဗာကူဆင်ဘက်ကလည်း ထုတ်ရောင်းဖို့ကို ရွေးချယ်လာနိုင်ပါတယ်။

မန်နေဂျာအာတီတာဟာ အာဆင်နယ်မှာ တိုက်စစ်ပိုင်းဆိုင်ရာ အဖြေရှာမှုတွေ လုပ်ရဖို့ ရှိနေပြီး အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ အူဘာမီယန်၊ လာကာဇက်တီတို့ အနာဂတ်ကို အဖြေရှာရမှာပါ။ ကလပ်အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ပီပီဟာလည်း ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။