ဒီဂီယာ၊ ပေါ့ဘာ၊ မာတာ၊ အဲရစ်ဆန်တို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

၀က္ဖို႔ဒ္နဲ႕ ရွံဳးပြဲက ဂိုးေပးလိုက္ရတဲ့ အမွား အတြက္ ယူနိုက္တက္ရဲ႕ ကမၻာ့အဆင့္ လက္စြမ္းရွိ ဂိုးသမား ဒီဂီယာကို အျပစ္မတင္သင့္ေၾကာင္း အသင္းေဖာ္ ခံစစ္မွဴး လုခ္ ေရွာက ကာကြယ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္မွာ ဦးစားေပး ပြဲထြက္ခြင့္ မရတဲ့ ကြင္းလယ္ကစားသမား မာတစ္ကို ဇန္န၀ါရီမွာ ေခၚယူဖို႔ ကြန္တီရဲ႕ အင္တာမီလန္က ခ်ိန္ရြယ္ေနတဲ့ အျပင္ အက္သလက္တီကို မက္ဒရစ္ကပါ ပစ္မွတ္ထားလာပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္မွာ ဖန္တီးမႈေတြ နည္းျပီး လိုအပ္ခ်က္မ်ား ရွိေနတာေၾကာင့္ ၀ါရင့္ ကစားသမား ဟြမ္ မာတာကို ပြဲထြက္ လူစာရင္းထဲ ျပန္လည္ ထည့္သြင္းသင့္ေၾကာင္း နဗီးလ္က အၾကံျပဳ တိုက္တြန္းလိုက္ပါတယ္။

နဗီးလ္ကပဲ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာရဲ႕ အသင္းအတြက္ အားထုတ္မႈကို ေမးခြန္းထုတ္လိုက္ျပီး အမ်ားေနာက္ကြယ္မွာ အသင္းနဲ႕ ကစားသမား ၾကား တစ္ခုခု ျဖစ္ေနတယ္လို႔ ယူဆေၾကာင္း သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

စပါးနဲ႕အတူ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ထားတဲ့ ကြင္းလယ္ကစားသမား အဲရစ္ဆန္က ဇန္န၀ါရီမွာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ သြားရန္ စီစဥ္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ယူနိုက္တက္ဟာ ဘာမင္ဂမ္စီးတီး အသင္းမွာ လူငယ္ကြင္းလယ္ကစားသမား ဂ်ဴ႔ ဘယ္လင္ဟန္ကို ေခၚယူရန္ စိတ္၀င္စားေနပါတယ္။ ယူနိုက္တက္ လက္ေထာက္နည္းျပ မိုက္ဖီလန္ ကုိယ္တိုင္ ျပီးခဲ့တဲ့ အပတ္က ၁၆ နွစ္သား လူငယ္ေလးရဲ႕ ကစားဟန္ကို ၀က္စ္ဘရြန္းနဲ႕ ပြဲမွာ သြားေရာက္ ေလ့လာခဲ့ပါတယ္။

၀က္ဖို႔ဒ္ကို ၂-၀ နဲ႕ အ့ံအားသင့္ဖြယ္ ရွံဳးနိမ့္ခဲ့တဲ့ ပြဲ အျပီးမွာ နည္းျပ ဆိုးရွားက ယူနုိက္တက္ အသင္းသားေတြဟာ ထိုပြဲစဥ္ကို အမွတ္တရ ခ်စ္ၾကည္ေရး ပြဲ တစ္ခုပမာ ကစားသြားတယ္လို႔ ေ၀ဖန္ ျပစ္တင္လိုက္ပါတယ္။

Unicode – ၀က်ဖို့ဒ်နဲ့ ရှုံးပွဲက ဂိုးပေးလိုက်ရတဲ့ အမှား အတွက် ယူနိုက်တက်ရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းရှိ ဂိုးသမား ဒီဂီယာကို အပြစ်မတင်သင့်ကြောင်း အသင်းဖော် ခံစစ်မှူး လုခ် ရှောက ကာကွယ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ ဦးစားပေး ပွဲထွက်ခွင့် မရတဲ့ ကွင်းလယ်ကစားသမား မာတစ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကွန်တီရဲ့ အင်တာမီလန်က ချိန်ရွယ်နေတဲ့ အပြင် အက်သလက်တီကို မက်ဒရစ်ကပါ ပစ်မှတ်ထားလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်မှာ ဖန်တီးမှုတွေ နည်းပြီး လိုအပ်ချက်များ ရှိနေတာကြောင့် ဝါရင့် ကစားသမား ဟွမ် မာတာကို ပွဲထွက် လူစာရင်းထဲ ပြန်လည် ထည့်သွင်းသင့်ကြောင်း နဗီးလ်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

နဗီးလ်ကပဲ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ အသင်းအတွက် အားထုတ်မှုကို မေးခွန်းထုတ်လိုက်ပြီး အများနောက်ကွယ်မှာ အသင်းနဲ့ ကစားသမား ကြား တစ်ခုခု ဖြစ်နေတယ်လို့ ယူဆကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။

စပါးနဲ့အတူ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆန်က ဇန်နဝါရီမှာ ယူနိုက်တက်ထံ ပြောင်းရွှေ့ သွားရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ ဘာမင်ဂမ်စီးတီး အသင်းမှာ လူငယ်ကွင်းလယ်ကစားသမား ဂျူ့ ဘယ်လင်ဟန်ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက် လက်ထောက်နည်းပြ မိုက်ဖီလန် ကိုယ်တိုင် ပြီးခဲ့တဲ့ အပတ်က ၁၆ နှစ်သား လူငယ်လေးရဲ့ ကစားဟန်ကို ဝက်စ်ဘရွန်းနဲ့ ပွဲမှာ သွားရောက် လေ့လာခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲ အပြီးမှာ နည်းပြ ဆိုးရှားက ယူနိုက်တက်အသင်းသားတွေဟာ ထိုပွဲစဉ်ကို အမှတ်တရ ချစ်ကြည်ရေး ပွဲ တစ်ခုပမာ ကစားသွားတယ်လို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။