ဒဏ်ရာရ ကစားသမားများ အခြေအနေ၊ ကိုလာစီနက်၊ အိုဇေး၊ ဗီအဲရာနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင္နယ္ နည္းျပသစ္ အာတီတာဟာ အသင္းရဲ႕ ကိုယ္ပိုင္ဟန္နဲ႕ ပံုရိပ္ေကာင္းေတြ ျပန္လည္ ရရွိနိုင္ဖို႔ ျပင္ဆင္ေနျပီး အသင္းကေန ဘယ္ကစားသမားေတြ ရွင္းထုတ္သြားမလဲ ေတြးေတာထားျပီး ျဖစ္ပံုရတယ္လို႔ ဂန္းနားေဟာင္းၾကီး အီရန္ရိုက္က ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ ခံစစ္မွဴး ကိုလာစီနက္ကို ရိုးမားနဲ႕ နာပိုလီ အီတလီ စီးရီးေအ ကလပ္နွစ္သင္းက ေခၚယူလိုေနပါတယ္။ နာပုိလီက ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေခၚယူလိုေနျပီး ရိုးမားကေတာ့ ေနာက္နွစ္ေႏြမွာ ကမ္းလွမ္းလိုေနတာပါ။

အာတီတာက အာဆင္နယ္ ကြင္းလယ္ကစားသမား အိုေဇးရဲ႕ အရည္အခ်ငး္ကို ေကာင္းစြာ သိျမင္ျပီး အသင္းအတြက္ အိုေဇး ဘာေတြ ယူေဆာင္လာနုိင္လဲ သေဘာေပါက္တယ္လို႔ ေျပာဆိုထားတာေၾကာင့္ ဂ်ာမန္လက္ေရြးစင္ေဟာင္းဟာ အသင္း လူစာရင္းမွာ မၾကာခင္ပဲ ျပန္ ပါ၀င္ခြင့္ ရဖြယ္ ရွိပါတယ္။

အာဆင္နယ္ နည္းျပသစ္ အျဖစ္ အာတီတာကို အတည္ျပဳ ခန္႔အပ္လိုက္ျပီးေနာက္မွ ယခင္ ေရပန္းစား သတင္းၾကီးခဲ့သူ နုိက္စ္နည္းျပ ဗီအဲရာက အာဆင္နယ္ဟာ နည္းျပ ရာထူးအတြက္ ၄င္းကို ဆက္သြယ္ခဲ့ျခင္း မရွိေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာမွာ ရွိေနျပီး ခရစၥမတ္ေန႔မွာ ဇယားေအာက္တ၀က္ပိုင္းထဲ ေရာက္ေနျခင္းက ၁၉၈၃-၈၄ ေဘာလံုးရာသီ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ ျဖစ္ေနပါတယ္။ ထိုစဥ္က အဆင့္ ၁၂ မွာ ရွိခဲ့တာပါ။

အာတီတာဟာ ဘုန္းေမာက္နဲ႕ ပြဲမတိုင္ခင္မွာ တံေကာက္ေၾကာ ဒဏ္ရာ ရထားတဲ့ ဆီးဘယ္ေလာ့နဲ႕ ဒူး ထိထားတဲ့ ေရာ့ဘ္ဟိုးဒင္းတို႔ အေျခအေနကို ထပ္မံ စစ္ေဆးဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ပြဲပယ္ ထိထားတဲ့ ဆိုကေရးတစ္လည္း ျပန္ ပါ၀င္နိုင္မွာ ျဖစ္ျပီး ခ်မ္ဘာစ္ကေတာ့ တစ္ပြဲ ပယ္ ခံရမွာ ျဖစ္ပါတယ္။

တံေကာက္ေၾကာ ဒဏ္ရာ ရွိေနခဲ့တဲ့ ဘယ္လာရင္ဟာ အသင္းထရိန္နင္မွာ အျပည့္အ၀ ျပန္လည္ ပါ၀င္ေနျပီ ျဖစ္ကာ ဘုန္းေမာက္နဲ႕ ပြဲစဥ္မွာ ပါ၀င္ကစားနုိင္ဖြယ္ ရွိေနပါတယ္။

Unicode – အာဆင်နယ် နည်းပြသစ် အာတီတာဟာ အသင်းရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပုံရိပ်ကောင်းတွေ ပြန်လည် ရရှိနိုင်ဖို့ ပြင်ဆင်နေပြီး အသင်းကနေ ဘယ်ကစားသမားတွေ ရှင်းထုတ်သွားမလဲ တွေးတောထားပြီး ဖြစ်ပုံရတယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က ပြောကြားလိုက်ပါတယ်။

အာဆင်နယ် ခံစစ်မှူး ကိုလာစီနက်ကို ရိုးမားနဲ့ နာပိုလီ အီတလီ စီးရီးအေ ကလပ်နှစ်သင်းက ခေါ်ယူလိုနေပါတယ်။ နာပိုလီက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူလိုနေပြီး ရိုးမားကတော့ နောက်နှစ်နွေမှာ ကမ်းလှမ်းလိုနေတာပါ။

အာတီတာက အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးရဲ့ အရည်အချင်းကို ကောင်းစွာ သိမြင်ပြီး အသင်းအတွက် အိုဇေး ဘာတွေ ယူဆောင်လာနိုင်လဲ သဘောပေါက်တယ်လို့ ပြောဆိုထားတာကြောင့် ဂျာမန်လက်ရွေးစင်ဟောင်းဟာ အသင်း လူစာရင်းမှာ မကြာခင်ပဲ ပြန် ပါဝင်ခွင့် ရဖွယ် ရှိပါတယ်။

အာဆင်နယ် နည်းပြသစ် အဖြစ် အာတီတာကို အတည်ပြု ခန့်အပ်လိုက်ပြီးနောက်မှ ယခင် ရေပန်းစား သတင်းကြီးခဲ့သူ နိုက်စ်နည်းပြ ဗီအဲရာက အာဆင်နယ်ဟာ နည်းပြ ရာထူးအတွက် ၎င်းကို ဆက်သွယ်ခဲ့ခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေပြီး ခရစ္စမတ်နေ့မှာ ဇယားအောက်တဝက်ပိုင်းထဲ ရောက်နေခြင်းက ၁၉၈၃-၈၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်နေပါတယ်။ ထိုစဉ်က အဆင့် ၁၂ မှာ ရှိခဲ့တာပါ။

အာတီတာဟာ ဘုန်းမောက်နဲ့ ပွဲမတိုင်ခင်မှာ တံကောက်ကြော ဒဏ်ရာ ရထားတဲ့ ဆီးဘယ်လော့နဲ့ ဒူး ထိထားတဲ့ ရော့ဘ်ဟိုးဒင်းတို့ အခြေအနေကို ထပ်မံ စစ်ဆေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲပယ် ထိထားတဲ့ ဆိုကရေးတစ်လည်း ပြန် ပါဝင်နိုင်မှာ ဖြစ်ပြီး ချမ်ဘာစ်ကတော့ တစ်ပွဲ ပယ် ခံရမှာ ဖြစ်ပါတယ်။

တံကောက်ကြော ဒဏ်ရာ ရှိနေခဲ့တဲ့ ဘယ်လာရင်ဟာ အသင်းထရိန်နင်မှာ အပြည့်အ၀ ပြန်လည် ပါဝင်နေပြီ ဖြစ်ကာ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။