ကာရာေဘာင္းကေန ထြက္ရေပမယ့္ ခ်ီးက်ဴးခံရတဲ့ ယူႏုိက္တက္ ကြင္းလယ္လူႏွစ္ဦး

ကာရာေဘာင္း ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ အီသီဟတ္မွာ သြားေရာက္ ယွဥ္ျပိဳင္တဲ့ပြဲကို အႏုိင္ရေပမယ့္လည္း ႏွစ္ေက်ာ့ေပါင္းအရ ယူႏုိက္တက္ဟာ ဆီမီးအဆင့္မွာတင္ ႏုတ္ဆက္ခဲ့ရျပီျဖစ္ပါတယ္။

ဒီပြဲမွာ ကြင္းလယ္လူေတြ ေျခစြမး္ျပခဲ့ျပီး ျပိဳင္ဘက္ မန္ေနဂ်ာ ဂြာဒီယိုလာနဲ႔ ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္တို႔က မာတစ္နဲ႔ ဖရက္ကို ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ၾကေသးတာျဖစ္ပါတယ္။

ဂြာဒီယိုလာက ” မာတစ္နဲ႔ ဖရက္တို႔ဟာ ဒီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ၾကတဲ့ ကစားသမားေကာင္းေတြပါ။ မာတစ္ဟာ ထူးခၽြန္သူတစ္ဦးျဖစ္ျပီး ယူႏုိက္တက္ဟာ အရင္ ႏွစ္အတန္ၾကာက အေနအထားကို ျပန္ေရာက္လာမယ့္ အသင္းပါ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္ကေတာ့ ဒီရာသီမွာ ကြင္းလယ္ကေန အထူးေျခစြမ္းျပေနျပီး မန္ခ်က္စတာဒါဘီမွာလည္း ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသခဲ့တဲ့ ဘရာဇီးကစားသမား ဖရက္ကို ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

ဖာဘရီဂတ္စ္က ” က်ေနာ္ ဖရက္ကို ေစာင့္ၾကည့္ေနတာ ၾကာခဲ့ပါျပီ။ သူဟာ ျပီးခဲ့တဲ့ ပြဲၾကီးေတြမွာလည္း အရမ္းကို ေကာင္းထားတဲ့ ကစားသမားပါ ” လို႔ သူ႔ရဲ႕ တြစ္တာအေကာင့္ကေန ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE – ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အီသီဟတ်မှာ သွားရောက် ယှဉ်ပြိုင်တဲ့ပွဲကို အနိုင်ရပေမယ့်လည်း နှစ်ကျော့ပေါင်းအရ ယူနိုက်တက်ဟာ ဆီမီးအဆင့်မှာတင် နုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

ဒီပွဲမှာ ကွင်းလယ်လူတွေ ခြေစွမ်းပြခဲ့ပြီး ပြိုင်ဘက် မန်နေဂျာ ဂွာဒီယိုလာနဲ့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်တို့က မာတစ်နဲ့ ဖရက်ကို ထုတ်ဖော်ချီးကျူးမှုတွေ လုပ်ခဲ့ကြသေးတာဖြစ်ပါတယ်။

ဂွာဒီယိုလာက ” မာတစ်နဲ့ ဖရက်တို့ဟာ ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ကစားသမားကောင်းတွေပါ။ မာတစ်ဟာ ထူးချွန်သူတစ်ဦးဖြစ်ပြီး ယူနိုက်တက်ဟာ အရင် နှစ်အတန်ကြာက အနေအထားကို ပြန်ရောက်လာမယ့် အသင်းပါ ” လို့ ချီးကျူးခဲ့တယ်။

ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကတော့ ဒီရာသီမှာ ကွင်းလယ်ကနေ အထူးခြေစွမ်းပြနေပြီး မန်ချက်စတာဒါဘီမှာလည်း တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့တဲ့ ဘရာဇီးကစားသမား ဖရက်ကို ချီးကျူးမှု လုပ်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်က ” ကျနော် ဖရက်ကို စောင့်ကြည့်နေတာ ကြာခဲ့ပါပြီ။ သူဟာ ပြီးခဲ့တဲ့ ပွဲကြီးတွေမှာလည်း အရမ်းကို ကောင်းထားတဲ့ ကစားသမားပါ ” လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။