Transfer: တိုက္စစ္မွဴးေနရာအတြက္ ယူႏုိက္တက္ရဲ႕ ၾကိဳးစားမႈ ပယ္ခ်ခံရ

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင် တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ ကြိုးစားနေပြီး ဘုန်းမောက် တိုက်စစ်မှူး ကင်းကို ကမ်းလှမ်းမှု လုပ်ပေမယ့် ဘုန်းမောက်ဘက်က ခွင့်မပြုခဲ့ဘူးလို့ တယ်လီဂရပ်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ရပ်ဖိုဒ့်နေရာ အစားထိုးဖို တိုက်စစ်မှူးသစ် ရှာနေတဲ့ ယူနိုက်တက်ဟာ ကလပ်အသင်းသားဟောင်းလည်းဖြစ်သလို ဆိုးရှားလက်အောက်မှာ ရှိခဲ့ဖူးတဲ့ နော်ဝေသားကို ခေါ်ယူဖို့ မျက်စိကျခဲ့တာဖြစ်တယ်။ လောလောဆယ်မှာ ကင်း ကိုယ်တိုင်ကလည်း ဒဏ်ရာရနေပေမယ့် ရာသီဝက် အနားကာလအပြီး ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။

တစ်နိုင်ငံတည်းသား ယူနိုက်တက်အသင်းသားဟောင်းကို ခေါ်ယူပြီး တိုက်စစ်ပိုင်းအတွက် ယာယီအားဖြည့်ဖို့ ဆိုးရှားက ကြံရွယ်ပေမယ့် ဘုန်မောက် မန်နေဂျာ ဟိုဝီဘက်က ကင်းကို ဆက်ထိန်းဖို့ အစွမ်းကုန် ကြိုးစားမှာဖြစ်တယ်။ ယူနိုက်တက် တာဝန်ရှိသူတွေက ဘုန်းမောက်ဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပေမယ့် ငြင်းဆန်ခံခဲ့ရတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်က အိုလီလက်အောက် ယူနိုက်တက် အရန်အသင်းမှာ လေ့ကျင့်ခဲ့ဖူးတဲ့ နော်ဝေသားဟာ ဂျာမနီကလပ် မွန်ချန်ဂလာဘတ်ကို အငှားချခံခဲ့ရပြီး အဲ့နောက် ပရစ္စတန်၊ ဟူးနဲ့ ဘလက်ဘန်းအသင်းတွေကိုလည်း အငှားချခံခဲ့ရတယ်။ ကုန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘုန်းမောက်မှာ ခြေစွမ်း တည်ငြိမ်ခဲ့တာဖြစ်တယ်။

တိုက်စစ်ပိုင်း နေရာစုံမှာ ကင်း ကစားနိုင်ပေမယ့် သူဟာ အထောင်တိုက်စစ်မှူးနေရာကို အဓိက ကစားတာဖြစ်ပြီး ယူနိုက်တက် ဘက်က ကမ်းလှမ်းမှုတွေ ဆက်လုပ်မလား စောင့်ကြည့်ရပါမယ်။

ZAWGYI – ယူႏုိက္တက္ဟာ အေျပာင္းအေရႊ႔ မပိတ္ခင္ တိုက္စစ္သမားတစ္ဦး ေခၚယူဖို႔ ၾကိဳးစားေနျပီး ဘုန္းေမာက္ တုိက္စစ္မွဴး ကင္းကို ကမ္းလွမ္းမႈ လုပ္ေပမယ့္ ဘုန္းေမာက္ဘက္က ခြင့္မျပဳခဲ့ဘူးလို႔ တယ္လီဂရပ္ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

ရပ္ဖိုဒ့္ေနရာ အစားထိုးဖို တိုက္စစ္မွဴးသစ္ ရွာေနတဲ့ ယူႏုိက္တက္ဟာ ကလပ္အသင္းသားေဟာင္းလည္းျဖစ္သလို ဆိုးရွားလက္ေအာက္မွာ ရွိခဲ့ဖူးတဲ့ ေနာ္ေဝသားကို ေခၚယူဖို႔ မ်က္စိက်ခဲ့တာျဖစ္တယ္။ ေလာေလာဆယ္မွာ ကင္း ကိုယ္တုိင္ကလည္း ဒဏ္ရာရေနေပမယ့္ ရာသီဝက္ အနားကာလအျပီး ျပန္ကစားႏုိင္မွာ ျဖစ္ပါတယ္။

တစ္ႏုိင္ငံတည္းသား ယူႏုိက္တက္အသင္းသားေဟာင္းကို ေခၚယူျပီး တိုက္စစ္ပိုင္းအတြက္ ယာယီအားျဖည့္ဖို႔ ဆိုးရွားက ၾကံရြယ္ေပမယ့္ ဘုန္ေမာက္ မန္ေနဂ်ာ ဟိုဝီဘက္က ကင္းကို ဆက္ထိန္းဖို႔ အစြမ္းကုန္ ၾကိဳးစားမွာျဖစ္တယ္။ ယူႏုိက္တက္ တာဝန္ရွိသူေတြက ဘုန္းေမာက္ဘက္က တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေပမယ့္ ျငင္းဆန္ခံခဲ့ရတယ္။

လြန္ခဲ့တဲ့ ၁၁ ႏွစ္က အိုလီလက္ေအာက္ ယူႏုိက္တက္ အရန္အသင္းမွာ ေလ့က်င့္ခဲ့ဖူးတဲ့ ေနာ္ေဝသားဟာ ဂ်ာမနီကလပ္ မြန္ခ်န္ဂလာဘတ္ကို အငွားခ်ခံခဲ့ရျပီး အဲ့ေနာက္ ပရစၥတန္၊ ဟူးနဲ႔ ဘလက္ဘန္းအသင္းေတြကိုလည္း အငွားခ်ခံခဲ့ရတယ္။ ကုန္ခဲ့တဲ့ ၅ ႏွစ္အတြင္း ဘုန္းေမာက္မွာ ေျခစြမ္း တည္ျငိမ္ခဲ့တာျဖစ္တယ္။

တိုက္စစ္ပိုင္း ေနရာစံုမွာ ကငး္ ကစားႏုိင္ေပမယ့္ သူဟာ အေထာင္တုိက္စစ္မွဴးေနရာကို အဓိက ကစားတာျဖစ္ျပီး ယူႏုိက္တက္ ဘက္က ကမ္းလွမ္းမႈေတြ ဆက္လုပ္မလား ေစာင့္ၾကည့္ရပါမယ္။