ဒရိုင္းမာတင္နဲ႔ ခ်ယ္ဆီးၾကား အေျပာင္းအေရႊ႔ ညိႏိႈင္းေနမႈ အေျခအေန

ချယ်ဆီးဟာ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက် မတိုင်ခင်မှာတင် နာပိုလီ တိုက်စစ်သမား ဒရိုင်းမာတင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ချန်ပီယံလိဂ် အတွေ့အကြုံရှိပြီး တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်ကာ နာပိုလီနဲ့ ၆ လပဲ စာချုပ် ကျန်ရှိတဲ့ သူ့ကို ခေါ်ယူတာက ချယ်ဆီးရဲ့ ဥရောပပြိုင်ပွဲတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်တယ်။ သူက ဈေးလည်း မကြီးသလို နွေပစ်မှတ်တွေအတွက် ထိခိုက်မှုလည်း မရှိစေနိုင်ဘူးလို့ ယူဆခံထားရတယ်။

နာပိုလီဘက်က ယူရို ၁၂ သန်းကနေ ၁၅ သန်းထိကို အလိုရှိနေပြီး ချယ်ဆီးဘက်ကတော့ ပြောင်းရွှေ့ကြေးကို အဲ့လောက် မပေးလိုပါဘူး။ ဒါ့အပြင် ဇန်နဝါရီမှာတင် ရောင်းထုတ်လိုခြင်းလည်း မရှိဘူး။ ချယ်ဆီးဘက်က ဂျရူး၊ ဘတ်ရှုဝါရီ၊ ပက်ဒရို ကို အလိုက်ပေးတဲ့ ကမ်းလှမ်းမှု ကမ်းလှမ်းမှုဆိုရင်တော့ အပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ်။

မာတင်ကို ခေါ်ယူနိုင်ဖို့ တိုက်စစ်သမားတစ်ဦးကို အငှား (သို့) အပြီးသတ် ပြောင်းခွင့်ပေးရမှာဖြစ်ပြီး မာတင်ကို ရဖို့ လောလောဆယ်မှာ ဒါကိုပဲ နာပိုလီက ပြန်တောင်းဆိုတယ်လို့ ချယ်ဆီးသတင်းထောက် Matt Law က ဖော်ပြသွားပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ ေစ်းကြက္ ေနာက္ဆံုးရက္ မတိုင္ခင္မွာတင္ နာပိုလီ တိုက္စစ္သမား ဒရိုင္းမာတင္ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားေနပါတယ္။

ခ်န္ပီယံလိဂ္ အေတြ႔အၾကံဳရွိျပီး တိုက္စစ္ပိုင္း ေနရာစံု ကစားႏုိင္ကာ နာပိုလီနဲ႔ ၆ လပဲ စာခ်ဳပ္ က်န္ရွိတဲ့ သူ႔ကို ေခၚယူတာက ခ်ယ္ဆီးရဲ႕ ဥေရာပျပိဳင္ပြဲေတြအတြက္ အေထာက္အကူျဖစ္ေစမွာျဖစ္တယ္။ သူက ေစ်းလည္း မၾကီးသလို ေႏြပစ္မွတ္ေတြအတြက္ ထိခိုက္မႈလည္း မရွိေစႏုိင္ဘူးလို႔ ယူဆခံထားရတယ္။

နာပိုလီဘက္က ယူရို ၁၂ သန္းကေန ၁၅ သန္းထိကို အလိုရွိေနျပီး ခ်ယ္ဆီးဘက္ကေတာ့ ေျပာင္းေရႊ႔ေၾကးကို အဲ့ေလာက္ မေပးလိုပါဘူး။ ဒါ့အျပင္ ဇန္နဝါရီမွာတင္ ေရာင္းထုတ္လိုျခင္းလည္း မရွိဘူး။ ခ်ယ္ဆီးဘက္က ဂ်ရူး၊ ဘတ္ရႈဝါရီ၊ ပက္ဒရို ကို အလိုက္ေပးတဲ့ ကမ္းလွမ္းမႈ ကမ္းလွမ္းမႈဆိုရင္ေတာ့ အေျပာင္းအေရႊ႔ ျဖစ္ႏုိင္ပါတယ္။

မာတင္ကို ေခၚယူႏုိင္ဖို႔ တိုက္စစ္သမားတစ္ဦးကို အငွား (သို႔) အျပီးသတ္ ေျပာင္းခြင့္ေပးရမွာျဖစ္ျပီး မာတင္ကို ရဖို႔ ေလာေလာဆယ္မွာ ဒါကိုပဲ နာပိုလီက ျပန္ေတာင္းဆိုတယ္လို႔ ခ်ယ္ဆီးသတင္းေထာက္ Matt Law က ေဖာ္ျပသြားပါတယ္။