ဒီည ကန်မယ့် အာဆင်နယ် – ချယ်ဆီး လန်ဒန်ဒါဘီပွဲ ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်

April 23, 2024

ဒီ ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ချယ်ဆီးအသင်းကတော့ အမ်းမရိတ်မှာ အာဆင်နယ် ကို လန်ဒန်ဒါဘီပွဲ အဖြစ် သွားရောက် ရင်ဆိုင်ရတော့မှာပါ။ ပွဲကတော့ ဒီနေ့ အင်္ဂါနေ့ ည မြန်မာစံတော်ချိန် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ […]

ဝေဖန်မှုတွေ များစွာ ခံနေရတဲ့ နီကိုလပ်စ် ဂျက်ဆန် ဘက်က ကာကွယ်ရင်း ချီးကျူးစကားဆိုခဲ့တဲ့ ပိုချက်

April 23, 2024

ချယ်ဆီး နည်းပြ ပိုချက်တီနိုက ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၀ ချယ်ဆီး ပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့် ၃ကြိမ်ထိကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန် ဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၂နှစ် […]

အိပ်ပျက်ညနဲ့ စိတ်ပျက်စရာ ကျရှုံးခန်းကနေ အတင်း ပြန်ရုန်းထခဲ့ရကြောင်း ဝန်ခံလာတဲ့ ဘာနာဒိုဆေးလ်ဗား

April 22, 2024

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အနိုင်ဂိုးသွင်းယူမှုနှင့်အတူ သူ့ရဲ့ဥရောပပြိုင်ပွဲ ပင်နယ်တီလွဲချော်မှုကနေ ပြန်လည်ရုန်းထပြီးဖို့ ခံစားချက်မျိုးစုံကို ဖြတ်သန်းခဲ့ရကြောင်း ဘာနာဒိုဆေးလ်ဗားက ဝန်ခံခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ စနေနေ့က ဝင်ဘလေတွင် ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိမှုတွင် ဖိုင်နယ်သို့ရောက်ရှိနိုင်ဖို့ မန်စီးတီးအတွက် နောက်ကျဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် […]

သူ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားပြီးပြီ လို့ ဝါရင့် နောက်ခံလူ သီယာဂိုဆေးလ်ဗား ထုတ်ဖော် ပြောဆို

April 22, 2024

ပြီးခဲ့တဲ့ စနေနေ့က အက်ဖ်အေဖလားမှာ မန်စီးတီးကိုအရေးနိမ့်ပြီးနောက် ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားတစ်ယောက် အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသား ဝါရင့် နောက်ခံလူ ဖြစ်တဲ့ သီယာဂိုဆေးလ်ဗား အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ “လာမယ့်ရက်တွေမှာ ခင်ဗျားသိရမှာပါ။ ရှုံးပွဲအပြီးမှာ ကျွန်တော်ဘာမှမပြောချင်ပါဘူး။ ရလဒ်အတွက် စိတ်ပျက်မိပေမယ့် ကျွန်ောတ်တို့ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ […]

ချယ်ဆီးအသင်း ကစားပုံက မန်စီးတီးထက်တောင် ပိုကောင်းပါတယ် လို့ မချင့်မရဲ ဆိုနေတဲ့ ပိုချက်တီနို

April 22, 2024

ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ အနိုင်ရ၊ ဗိုလ်လုပွဲ တက်သွားတဲ့ မန်စီးတီးထက် ချယ်ဆီး အသင်း ကစား ပုံက ပို ကောင်းမွန်ခဲ့တယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ချယ်ဆီး ကစားပုံ သာပေမယ့် ဂိုး အဆုံးသတ်နိုင်မှု အားနည်းလွန်းလို့သာ […]

နောက်ဆုံး တစ်ခုတည်းကျန်တဲ့ လမ်းကြောင်းကပဲ ဥရောပဝင်ခွင့် ရအောင် လုပ်မယ် ဆိုတဲ့ ပိုချက်တီနို

April 21, 2024

ချယ်ဆီးအသင်း နည်းပြ ပိုချက်တီနိုက သူ့အသင်းဟာ ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲတွေကနေ ထွက်ခွာလိုက်ရပြီဖြစ်လို့ တစ်ခုတည်းသာ ကျန်တဲ့ လမ်းကြောင်း ဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲကနေ တစ်ဆင့်ပဲ ဥရောပဝင်ခွင့်ကို ရယူသွားဖို့ ဆက်လက် အာရုံစိုက်သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုလက်ထက် ဒီရာသီထဲ […]

FA ဆီမီး ရှုံးပွဲ အပြီး သီယာဂို ဆေးလ်ဗား မျက်ရည်ကျနေချိန် နောက်မှာ ရယ်မောနေတဲ့ မာဒူကီ ကို ချဲလ်ဆီး ပရိသတ်များ အမျက်ထွက်နေ

April 21, 2024

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီး အသင်းကို ဘာနာဒို ဆေးလ်ဗားရဲ့ နောက်ကျဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီပွဲအပြီး ချဲလ်ဆီး ဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗား က ဝမ်းနည်း စိတ်ပျက်စွာနဲ့ ငိုကြွေးခဲ့ပါတယ်။ အထူးသဖြင့် […]

FA ဆီမီး ပွဲတိုင်းရှုံး စံချိန် ဆက်ထိန်းတဲ့ ပိုချက်၊ အဖြုန်းတလိုင်း ဂျက်ဆန်၊ ဂိုးသွင်းဖို့ကလွဲပြီး အကုန်ကောင်းတဲ့ ချယ်ဆီး

April 21, 2024

မနေ့ညက ဝင်ဘာလေမှာ ကန်ခဲ့တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကတော့ ဘာနာဒို ဆေးလ်ဗား တစ်လုံးတည်းသော သွင်းဂိုးနဲ့ စီးတီးတို့ အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်ပါတယ်။ မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အပိုင် အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ လိုအပ်ပြီး ချယ်ဆီးအသင်းဟာ အဲဒီအပိုင်းမှာ […]

ဒီရာသီ စီးတီးကို မရှုံးသေးတဲ့ ချဲလ်ဆီးက ဒီညမှာလည်း စီးတီးထက် အားသာချက် တစ်ခု ရှိနေကြောင်း ပိုချက်တီနို ဖော်ထုတ်

April 20, 2024

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ကြားရက်တုန်းက ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မိနစ် ၁၂၀ အထိ ကစားခဲ့ရတဲ့ မန်စီးတီးအသင်း ပွဲပန်းနေတာက ဒီည အက်ဖ်အေပွဲမှာ ချဲလ်ဆီးအသင်း အခြေအနေကောင်းလာစေဖို့ မျှော်လင့်နေပါတယ်။ မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့တုန်းက အီတီဟတ်တွင် ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် နှစ်ကျော့ပေါင်းရလဒ် ၄ […]

ဒီည ဝင်ဘာလေမှာ စီးတီးက ချယ်ဆီးကို ဂိုးပြတ်ကြိတ်မယ်လို့ အပိုင် ဟောကိန်းထုတ်တဲ့ ခရစ်ဆက်တန်

April 20, 2024

ချယ်ဆီးအသင်းကတော့ ဒီညမှာ မန်စီးတီးနဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁ဝး၄၅ နာရီ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကြမှာပါ။ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်စီးတီး နဲ့ ချယ်ဆီးတို့ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် […]