ဒီည ဝင်ဘာလေမှာ စီးတီးက ချယ်ဆီးကို ဂိုးပြတ်ကြိတ်မယ်လို့ အပိုင် ဟောကိန်းထုတ်တဲ့ ခရစ်ဆက်တန်

ချယ်ဆီးအသင်းကတော့ ဒီညမှာ မန်စီးတီးနဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁ဝး၄၅ နာရီ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်စီးတီး နဲ့ ချယ်ဆီးတို့ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာ မထိုက်တန်ပါဘူး။ သူတို့ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ် ကစားရာမှာ နည်းနည်းလေး ကံမကောင်းလို့သာ အဲဒီပွဲကနေ အရေးနိမ့်သွားခဲ့ရတာပါ။ အရှုံးကနေ မြန်မြန် ပြန် ရုန်းထဖို့က အရေးကြီးပါတယ်။ အဲဒါကို ဒီပွဲမှာ သူတို့ ပြန်စမှာပါ။

ပက်က ဆုဖလားတွေ ယူဖို့ လောဘကြီးသူ ဖြစ်တယ်။ ဒီတော့ သူက အက်ဖ်အေဖလား ကိုလည်း ကိုင်မြှောက်ချင်မှာပါ။

ချယ်ဆီးက ဒီရာသီ စီးတီးနဲ့ နှစ်ကြိမ် မဲကျပြီးပြီ။ ပါလ်မာနဲ့ အတူ သူတို့ အသင်းကလည်း အန္တရာယ် ပေးနိုင်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အဲဗာတန်နဲ့ ပွဲမှာ ပင်နယ်တီ လုကန်ကြတဲ့ ကိစ္စကြောင့် ရိုက်ခတ်မှုတွေတော့ ရှိလိမ့်မယ်။ ကျွန်တောကတော့ ပါလ်မာ ပင်နယ်တီ နည်းနည်း လွဲချော်တာ ရှိရင်လည်း စိတ်ကွက်မိမှာ မဟုတ်ဘူး။ အဲဒီကျရင် တခြားသူ အလှည့် ကျလာမှာပေါ့။

လောလောဆယ် ချယ်ဆီး အဝတ်လဲခန်းကတော့ အိုးတို့ အမ်းတန်း ဖြစ်နေမှာပါ။ ကစားသမားတွေရဲ့ အတ္တတွေကလည်း ထိခတ်မှုတွေ ရှိနေတယ်။ ချယ်ဆီး မန်နေဂျာ ပိုချက်တီနိုသာ ဒီကိစ္စကို ပြေလည်အောင် မလုပ်နိုင်ရင် ဘယ်သူကရော လုပ်နိုင်မလဲ။

ကွင်းထဲမှာတော့ ချယ်ဆီးက ဘောလုံးရာသီ ဒုတိယပိုင်းမှာ တည်ငြိမ်မှုတွေ ပြသလာတယ်။ လိဂ်မှာ ၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဒါကြောင့် အဆင့် ၆ နေရာထိပါ သူတို့ ချိန်ရွယ်နိုင်လာပါပြီ။

ပိုချက်တီနိုကတော့ အသင်းရဲ့ တိုးတက်မှုကို ပြသဖို့ ဆုဖလား တစ်လုံး ရယူချင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ဆင့် တက်သွားမှာက စီးတီးပဲ ဖြစ်မယ် လို့ ကျွန်တော် ထင်တယ်။ ဒီပွဲကို သူတို့ သက်တောင့် သက်သာကို အနိုင်ရသွားပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၃-ဝ ချယ်ဆီး ဖြစ်ပါတယ်။