သူ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားပြီးပြီ လို့ ဝါရင့် နောက်ခံလူ သီယာဂိုဆေးလ်ဗား ထုတ်ဖော် ပြောဆို

ပြီးခဲ့တဲ့ စနေနေ့က အက်ဖ်အေဖလားမှာ မန်စီးတီးကိုအရေးနိမ့်ပြီးနောက် ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားတစ်ယောက် အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘရာဇီးသား ဝါရင့် နောက်ခံလူ ဖြစ်တဲ့ သီယာဂိုဆေးလ်ဗား အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

“လာမယ့်ရက်တွေမှာ ခင်ဗျားသိရမှာပါ။ ရှုံးပွဲအပြီးမှာ ကျွန်တော်ဘာမှမပြောချင်ပါဘူး။ ရလဒ်အတွက် စိတ်ပျက်မိပေမယ့် ကျွန်ောတ်တို့ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချထားပြီးပါပြီ။

ဒါပေမယ့် အခုချိန်မှာတော့ မပြောချင်ပါဘူး။ ဒီဘောလုံးက တစ်ဦးချင်း အားကစားမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီမှာရှိနေတဲ့ ၄ နှစ်တာကာလအတွင်းမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ရင်တောင် ဒီလိုရဲ့တောင်းဆိုမှု နဲ့ ကျွန်တော့်အသက်အရွယ်ကြောင့် အဆင်မပြေတော့ပါဘူး။ ကျွန်တော့်အကြောင်း မပြောချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဒါကိုမြင်နိုင်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ကျွန်တော် အချိန်ပိုကစားဖို့ အသင့်ဖြစ်နေပါပြီ။ လာမယ့်နှစ်အနည်းငယ်အထိ ဆက်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗား နဲ့ ချဲလ်ဆီးတို့ကြားစာချုပ်သက်တမ်းက အခုနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းဆက်တိုးဖွယ်မရှိတာဖြစ်ပါတယ်။

အခုအရာသီအစောပိုင်းတုန်းက ဆေးလ်ဗားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက “အဲ့ဒါက အရာတွေပါ။ ကျွန်တော်တို့ အသင်းမှာရှိတဲ့ကစားသမားတစ်ဦးရဲ့အနာဂတ်ကိုမပြောချင်ပါဘူး။ ရာသီအကုန်မှာ ကစားသမားတွေရဲ့အနာဂတ်ကို အသင်းကစကားပြောမှာပါ။

မှန်ပါတယ်။ ကျွန်တော်တို့ ကစားသမားတစ်ဦးချင်းစီဆွေးနွေးဖို့ လိုအပ်ပါတယ်။ အခုချိန်မှာတော့ ဘာမှမထူးသေးသလို ဘာမှမဆွေးနွေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အက်ဖ်အေဖလားမှာ မန်စီးတီးကိုအရေးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ လာမယ့်အင်္ဂါနေ့မှာကန်မယ့် အာဆင်နယ်နဲ့ပွဲမှာ ပြန်လည် ရုန်းထနိုင်ဖို့ လိုအပ်နေပါတယ်။

ချဲလ်ဆီးဟာ လက်ရှိအဆင့် ၉ နေရာမှာရပ်တည်နေပြီး လာမယ့်ရက်တွေမှာ ရလဒ်တွေကောင်းမွန်ခဲ့မယ်ဆိုရင် အဆင့် ၇ နေရာ အထိ တက်ရောက်နိုင်ဖွယ်ရှိနေပါတယ်။