ချယ်ဆီး – ဆောက်သမ်တန်တို့ ကာရာဘောင်းပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ ဆောက်သမ်တန် အသင်းကို ကာရာဘောင်းဖလား ပွဲ အဖြစ် စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ အောက်တိုဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁း၁၅ နာရီမှာပါ။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ချယ်ဆီးနဲ့ ဆောက်သမ်တန်တို့ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” စနေနေ့က ချယ်ဆီး ခြေစွမ်းကတော့ ထူးချွန်မှု အပြည့်ပါ။ ဒီပွဲမှာ သူတို့ အပြောင်းအလဲ တချို့ လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ချယ်ဆီး လူစာရင်းက အင်အားတောင့်လို့ ပြသနာတော့ ရှိမယ် မထင်ဘူး။ ဆောက်သမ်တန်ကတော့ လိဂ်မှာ စိုးရိမ်စရာ ပြသနာတွေ အများကြီး ရှိနေပါတယ်။ ဒီပွဲက ချယ်ဆီး ၂-ဝ နဲ့ အနိုင်လို့ ခန့်မှန်းမယ်။ ” လို့ အိုဝင်က ဆိုပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမတိုင်ခင် ချယ်ဆီးအသင်း ထရိန်နင်မှာ ပူလီဆစ် ပြန် ပါဝင်လာတာ တွေ့ရပြီး အမေရိကန်သားက တစ်ဦးတည်း သီးခြား လေ့ကျင့်နေဆဲ ဖြစ်လို့ ဒီပွဲတော့ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။ ကွင်းလယ်သမား ကန်တေကတော့ ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာ ဒီေန႔ညမွာ ေဆာက္သမ္တန္ အသင္းကို ကာရာေဘာင္းဖလား ပြဲ အျဖစ္ စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ ေအာက္တိုဘာ ၂၇ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္ ၁း၁၅ နာရီမွာပါ။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မုိက္ကယ္အိုဝင္က ခ်ယ္ဆီးနဲ႕ ေဆာက္သမ္တန္တို႔ပြဲ အတြက္ အခုလုိ သံုးသပ္ ခန္႔မွန္းထားပါတယ္။

” စေနေန႔က ခ်ယ္ဆီး ေျခစြမ္းကေတာ့ ထူးခြၽန္မႈ အျပည့္ပါ။ ဒီပြဲမွာ သူတို႔ အေျပာင္းအလဲ တခ်ိဳ႕ လုပ္ပါလိမ့္မယ္။ ဒါေပမယ့္ ခ်ယ္ဆီး လူစာရင္းက အင္အားေတာင့္လို႔ ျပသနာေတာ့ ရွိမယ္ မထင္ဘူး။ ေဆာက္သမ္တန္ကေတာ့ လိဂ္မွာ စိုးရိမ္စရာ ျပသနာေတြ အမ်ားႀကီး ရွိေနပါတယ္။ ဒီပြဲက ခ်ယ္ဆီး ၂-ဝ နဲ႔ အႏိုင္လို႔ ခန႔္မွန္းမယ္။ ” လို႔ အို၀င္က ဆိုပါတယ္။

ေဆာက္သမ္တန္နဲ႕ ပြဲမတိုင္ခင္ ခ်ယ္ဆီးအသင္း ထရိန္နင္မွာ ပူလီဆစ္ ျပန္ ပါ၀င္လာတာ ေတြ႔ရျပီး အေမရိကန္သားက တစ္ဦးတည္း သီးျခား ေလ့က်င့္ေနဆဲ ျဖစ္လို႔ ဒီပြဲေတာ့ ပါ၀င္နုိင္ဖြယ္ မရွိေသးပါဘူး။ ကြင္းလယ္သမား ကန္ေတကေတာ့ ျပန္ ကစားနိုင္ဖြယ္ ရွိပါတယ္။