ပင်နယ်တီကနေ စိန့်တွေကို နိုင်သွားတဲ့ ပွဲမှာ ကီပါမဟုတ်တဲ့ အသင်းသား တူချယ် ချီးကျူး

ချယ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အထူး ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်လူသစ် ဆာအူလ် နီဂွက်စ်ရဲ့ ခြေစွမ်းကို ပွဲအပြီးမှာ တခုတ်တရ ချီးကျူးသွားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆာအူလ်ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး ကိုဗာဆစ်နဲ့အတူ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဆာအူဟာ အဆိုပါပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၄ကြိမ် ပြုလုပ်ခဲ့ရာ ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ် အထိ ရှိခဲ့ကာ ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူတွေနဲ့ ကွင်းလယ်လူတွေကို အလုပ်ရှုပ်စေခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ တူချယ်က ဆာအူလ်ရဲ့ ခြေစွမ်းပိုင်းကို အထူးတလည် ချီးကျူးသွားခဲ့တာ ဖြစ်ပြီး ဆာအူလ်ဟာ တဖြည်းဖြည်းနဲ့ ပိုပို ကောင်းလာတဲ့ ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဆာအူလ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး တူချယ်က – “ ဆာအူလ်က ပွဲကောင်း တပွဲကို ကစားခဲ့တာပါ။ ဒီနေ့ပွဲရဲ့ ခြေစွမ်းပိုင်းက သူ့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေမယ့် ကြီးမားတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကျွန်တော် သူ့ရဲ့ ခြေစွမ်းအပေါ် ပျော်ရွှင် ကျေနပ်မှု ရှိပါတယ်။

ကျွန်တော်တို့က ပွဲကစားချိန် ၇၀မိနစ်လောက် ရောက်သွားရင် သူ့အနေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူက ပိုပိုပြီး ကောင်းလာပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က သူ့ကို ပွဲပြီးတဲ့ အထိ ကစားခွင့် ပြုခဲ့တာပါ။ ဒါက သူ့အတွက် တကယ်ကို ကောင်းပါတယ်” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ချယ်ဆီးအသင်းထံ အပြီး ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ ကနဦး အငှားနဲ့ လာရောက် ကစားနေတဲ့ ဆာအူလ်ဟာ အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပါတယ်။

ZG

ခ်ယ္ဆီးအသင္းရဲ႕ နည္းျပျဖစ္သူ တူခ်ယ္ ကေတာ့ ယေန႔မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ေဆာက္သမ္တန္ အသင္းနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ အထူး ေျခစြမ္းေကာင္း ျပသနိုင္ခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္လူသစ္ ဆာအူလ္ နီဂြက္စ္ရဲ႕ ေျခစြမ္းကို ပြဲအၿပီးမွာ တခုတ္တရ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဆာအူလ္ဟာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ကစားခြင့္ ရခဲ့ၿပီး ကိုဗာဆစ္နဲ႔အတူ ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ပိုင္းကို ထိန္းေက်ာင္းႏိုင္ခဲ့ပါတယ္။

ဆာအူဟာ အဆိုပါပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရခဲ့ၿပီး ဂိုးေပါက္ ကန္သြင္းမႈ ၄ႀကိမ္ ျပဳလုပ္ခဲ့ရာ ဂိုးေပါက္တည့္ကန္ခ်က္ ၃ႀကိမ္ အထိ ရွိခဲ့ကာ ေဆာက္သမ္တန္အသင္းရဲ႕ ေနာက္ခံလူေတြနဲ႔ ကြင္းလယ္လူေတြကို အလုပ္ရႈပ္ေစခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္အၿပီးမွာ တူခ်ယ္က ဆာအူလ္ရဲ႕ ေျခစြမ္းပိုင္းကို အထူးတလည္ ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ၿပီး ဆာအူလ္ဟာ တျဖည္းျဖည္းနဲ႔ ပိုပို ေကာင္းလာတဲ့ ကစားသမား ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဆာအူလ္ရဲ႕ ေျခစြမ္းပိုင္းနဲ႔ ပတ္သတ္ၿပီး တူခ်ယ္က – “ ဆာအူလ္က ပြဲေကာင္း တပြဲကို ကစားခဲ့တာပါ။ ဒီေန႔ပြဲရဲ႕ ေျခစြမ္းပိုင္းက သူ႔အတြက္ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚကို ေရာက္ေစမယ့္ ႀကီးမားတဲ့ အခြင့္အေရးလည္း ျဖစ္ပါတယ္။ ကြၽန္ေတာ္ သူ႔ရဲ႕ ေျခစြမ္းအေပၚ ေပ်ာ္႐ႊင္ ေက်နပ္မႈ ရွိပါတယ္။

ကြၽန္ေတာ္တို႔က ပြဲကစားခ်ိန္ ၇၀မိနစ္ေလာက္ ေရာက္သြားရင္ သူ႔အေနနဲ႔ ႐ုန္းကန္ရလိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ သူက ပိုပိုၿပီး ေကာင္းလာပါတယ္။ ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔က သူ႔ကို ပြဲၿပီးတဲ့ အထိ ကစားခြင့္ ျပဳခဲ့တာပါ။ ဒါက သူ႔အတြက္ တကယ္ကို ေကာင္းပါတယ္” လို႔ ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္း ကေန ခ်ယ္ဆီးအသင္းထံ အျပီး ေခၚယူခြင့္ ပါ၀င္တဲ့ တစ္ရာသီ ကနဦး အငွားနဲ႔ လာေရာက္ ကစားေနတဲ့ ဆာအူလ္ဟာ အရည္အေသြးျမင့္ ကြင္းလယ္လူ တဦး ျဖစ္ပါတယ္။