ချယ်ဆီး ၇-ဝ နော့ဝစ်ချ်၊ မောင့် ဟက်ထရစ်နဲ့အတူ စတန်းဖို့ဘရစ်ချ်မှာ ဂိုးမိုးရွာတဲ့ည

ချယ်ဆီးအသင်းဟာဒီည စတန်းဖို့ဘရစ်ချ်မှာ တန်းဆင်းဇုန်မှ နောဝစ်ချ်အသင်းကို ဧည့်ခံကစားပြီး ၇ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို မောင့် က ဟက်ထရစ်ယူပြီး ၃ ဂိုး၊ အိုဒွိုင်း၊ ချီးဝဲလ်၊ ဂျိမ်းတို့က တစ်ဂိုးစီနဲ့ အာရွန်ရဲ့ (OG) ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်နေဂျာတူချယ်ဟာ အဓိက တိုက်စစ်မှူးတွေ မပါနိုင်ချိန် ဟာဗက်၊ အိုဒွိုင်း၊ မောင့် တိုက်စစ်တွဲလုံးကို ထုတ်သုံးခဲ့ပြီး ကိုဗာဆစ်၊ ဂျော်ဂျင်ဟို ကွင်းလယ်အတွဲကို ပံ့ပိုးစေတဲ့ ၃-၄-၃-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့ပါတယ်။

ပွဲစကတည်းက ချယ်ဆီးကပဲ ပိုင်ဆိုင်မှု အသာစီးယူထားပြီး ကွင်းလယ်ပိုင်းတွေမှာ မောင့်နဲ့ အိုဒွိုင်းတို့ရဲ့ ခပ်ရဲရဲ ဖိအားပေးစေမှုတွေဖြင့် သွက်သွက်လေး ကစားသွားခဲ့တယ်။ နောဝစ်ချ်ဟာ ချယ်ဆီးရဲ့ ကစားပုံကို ရှိန်နေခဲ့ကာ ဘောလုံးကိုင် မကစားရဲသလို ဖိအားပေးမှုတွေကိုလည်း တောင့်မခံနိုင်ခဲ့တာကြောင့် ချယ်ဆီးရဲ့ အစီးကစားမှုက ထိရောက်ခဲ့ပါတယ်။

အဖွင့်ဂိုးကတော့ ပွဲချိန် ၈ မိနစ်မှာတင် မောင့်က ဧရိယာထိပ်မှာ ရွှေ့လျားမှုကောင်းတွေဖြင့် နေရာယူကာ ရလာတဲ့ အခွင့်အရေးကို ဂိုးထောင့်ထဲ အဆုံးသတ်ကောင်းကောင်း သွင်းယူခဲ့တာဖြစ်တယ်။ အဖွင့်ဂိုး ရသွားတဲ့နောက် ချယ်ဆီးရဲ့ ကစားပုံက ပိုမို သက်သောင့်သက်သာ ရှိလာခဲ့ကာ နောက်ထပ် ၁၀ မိနစ်မှာ အိုဒွိုင်းက တိုက်စစ်ကို တောက်လျှောက် ပြေးထွက်ပြီး ဂိုးသမားကို တစ်ဦးချင်း ရင်ဆိုင် ပိတ်သွင်းခဲ့တာဖြစ်တယ်။

ပထမပိုင်းရဲ့ နောက်ဆုံး ဂိုးကိုတော့ ရိစ်ဂျိမ်းကပဲ ဝါရင့်ဂိုးသမားကြီး ခရုကို ကျော်ကာ လှလှကြီး အဆုံးသတ် သွားခဲ့တာဖြစ်တယ်။ ပထမပိုင်းမှာတော့ ချယ်ဆီးရဲ့ အကယ်ဒမီထွက် ကစားသမားတွေက သွင်းဂိုး အားလုံးကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ချယ်ဆီးကပဲ ပွဲကို တစ်ဖက်သတ် ဖိအားကစားခဲ့ကာ သွင်းဂိုး ၅ ဂိုး ရခဲ့ချိန်မှာတော့ နော့ဝစ်ချ် ဘက်က ဂစ်ဆန် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ လူစားဝင် ကစားသမားအဖြစ် လော့တက်ချိစ်၊ ဇီယက်စ်၊ ဘာကလေတို့ ဝင်ကစားခဲ့ကာ ဒုတိယပိုင်းမှာ ချီဝဲလ်ရဲ့ သွင်းဂိုး၊ အာရွန်နဲ့ ထိပြီး ဝင်ခဲ့တဲ့ သွင်းဂိုးနဲ့ မောင့်ရဲ့ သွင်းဂိုး ၂ ဂိုးတို့ကို ထပ်မြင်ခဲ့ရတယ်။

ဒီပွဲမှာ ချယ်ဆီးအသင်းရဲ့ ပြီးပြည့်စုံမှုကို မြင်ခဲ့ရတဲ့ အပြင် နော့ဝစ်ချ် နောက်တန်းတွေရဲ့ ဖရိုဖရဲနိုင်မှုတွေက လန်ဒန်သားတွေကို ပိုပြီးလည်း လွယ်ကူစေခဲ့ပါတယ်။ ချယ်ဆီးဟာ အမှတ်ပေးပွဲ ၉ ပွဲ ကစားပြီးချိန်မှာ အဆင့် ၁ နေရာ ဆက်လက် သိမ်းပိုက်ထားပါတယ်။

ZG

ခ်ယ္ဆီးအသင္းဟာဒီည စတန္းဖို႔ဘရစ္ခ်္မွာ တန္းဆင္းဇုန္မွ ေနာဝစ္ခ်္အသင္းကို ဧည့္ခံကစားျပီး ၇ ဂိုး ဂိုးမရွိနဲ႕ အျပတ္အသတ္ အႏုိင္ရသြားခဲ့ပါတယ္။ ခ်ယ္ဆီးအတြက္ ဂိုးေတြကို ေမာင့္ က ဟက္ထရစ္ယူျပီး ၃ ဂိုး၊ အိုဒိြဳင္း၊ ခ်ီးဝဲလ္၊ ဂ်ိမ္းတို႔က တစ္ဂိုးစီနဲ႕ အာရြန္ရဲ႕ (OG) ဂိုး ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲမွာ မန္ေနဂ်ာတူခ်ယ္ဟာ အဓိက တိုက္စစ္မွဴးေတြ မပါႏုိင္ခ်ိန္ ဟာဗက္၊ အိုဒိြဳင္း၊ ေမာင့္ တိုက္စစ္တြဲလံုးကို ထုတ္သံုးခဲ့ျပီး ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟို ကြင္းလယ္အတြဲကို ပံ့ပိုးေစတဲ့ ၃-၄-၃-၁ ပံုစံျဖင့္ ပြဲထြက္လာခဲ့ပါတယ္။

ပြဲစကတည္းက ခ်ယ္ဆီးကပဲ ပိုင္ဆိုင္မႈ အသာစီးယူထားျပီး ကြင္းလယ္ပိုင္းေတြမွာ ေမာင့္နဲ႔ အိုဒိြဳင္းတို႔ရဲ႕ ခပ္ရဲရဲ ဖိအားေပးေစမႈေတြျဖင့္ သြက္သြက္ေလး ကစားသြားခဲ့တယ္။ ေနာဝစ္ခ်္ဟာ ခ်ယ္ဆီးရဲ႕ ကစားပံုကို ရွိန္ေနခဲ့ကာ ေဘာလံုးကိုင္ မကစားရဲသလို ဖိအားေပးမႈေတြကိုလည္း ေတာင့္မခံႏုိင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးရဲ႕ အစီးကစားမႈက ထိေရာက္ခဲ့ပါတယ္။

အဖြင့္ဂိုးကေတာ့ ပြဲခ်ိန္ ၈ မိနစ္မွာတင္ ေမာင့္က ဧရိယာထိပ္မွာ ေရႊ႔လ်ားမႈေကာင္းေတြျဖင့္ ေနရာယူကာ ရလာတဲ့ အခြင့္အေရးကို ဂိုးေထာင့္ထဲ အဆံုးသတ္ေကာင္းေကာင္း သြင္းယူခဲ့တာျဖစ္တယ္။ အဖြင့္ဂိုး ရသြားတဲ့ေနာက္ ခ်ယ္ဆီးရဲ႕ ကစားပံုက ပိုမို သက္ေသာင့္သက္သာ ရွိလာခဲ့ကာ ေနာက္ထပ္ ၁၀ မိနစ္မွာ အိုဒိြဳင္းက တိုက္စစ္ကို ေတာက္ေလွ်ာက္ ေျပးထြက္ျပီး ဂိုးသမားကို တစ္ဦးခ်င္း ရင္ဆိုင္ ပိတ္သြင္းခဲ့တာျဖစ္တယ္။

ပထမပိုင္းရဲ႕ ေနာက္ဆံုး ဂိုးကိုေတာ့ ရိစ္ဂ်ိမ္းကပဲ ဝါရင့္ဂိုးသမားၾကီး ခရုကို ေက်ာ္ကာ လွလွၾကီး အဆံုးသတ္ သြားခဲ့တာျဖစ္တယ္။ ပထမပိုင္းမွာေတာ့ ခ်ယ္ဆီးရဲ႕ အကယ္ဒမီထြက္ ကစားသမားေတြက သြင္းဂိုး အားလံုးကို ရယူေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ခ်ယ္ဆီးကပဲ ပြဲကို တစ္ဖက္သတ္ ဖိအားကစားခဲ့ကာ သြင္းဂိုး ၅ ဂိုး ရခဲ့ခ်ိန္မွာေတာ့ ေနာ့ဝစ္ခ်္ ဘက္က ဂစ္ဆန္ ႏွစ္ဝါတစ္နီျဖင့္ ထုတ္ပယ္ခံခဲ့ရပါတယ္။ လူစားဝင္ ကစားသမားအျဖစ္ ေလာ့တက္ခ်ိစ္၊ ဇီယက္စ္၊ ဘာကေလတို႔ ဝင္ကစားခဲ့ကာ ဒုတိယပိုင္းမွာ ခ်ီဝဲလ္ရဲ႕ သြင္းဂိုး၊ အာရြန္နဲ႔ ထိျပီး ဝင္ခဲ့တဲ့ သြင္းဂိုးနဲ႔ ေမာင့္ရဲ႕ သြင္းဂိုး ၂ ဂိုးတို႔ကို ထပ္ျမင္ခဲ့ရတယ္။

ဒီပြဲမွာ ခ်ယ္ဆီးအသင္းရဲ႕ ျပီးျပည့္စံုမႈကို ျမင္ခဲ့ရတဲ့ အျပင္ ေနာ့၀စ္ခ်္ ေနာက္တန္းေတြရဲ႕ ဖရိုဖရဲနိုင္မႈေတြက လန္ဒန္သားေတြကို ပိုျပီးလည္း လြယ္ကူေစခဲ့ပါတယ္။ ခ်ယ္ဆီးဟာ အမွတ္ေပးပြဲ ၉ ပြဲ ကစားျပီးခ်ိန္မွာ အဆင့္ ၁ ေနရာ ဆက္လက္ သိမ္းပိုက္ထားပါတယ္။