ဂျိမ်းစ် အစွမ်းပြလို့ လူကာကူနဲ့ ဗာနာကိုတောင် ခံစစ် သွားကစားခိုင်းရမလိုပဲ လို့ တူချယ် အရွှန်းဖောက်

October 31, 2021

ချယ်ဆီး အသင်းမှာ တိုက်စစ်မှုးတွေ ဒဏ်ရာ ရနေပေမယ့် ဂိုးသွင်းနှုန်းကတော့ ကျမသွားဘဲ အဓိက တိုက်စစ် သမားတွေ မပါတဲ့ ၃ပွဲမှာ ၁၀ဂိုးကျော်အထိ သွင်းဂိုး ရရှိထားနိုင်ခဲ့ပါတယ်။ ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာလည်း ချယ်ဆီး အသင်းဟာ ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ခံလူ ရီစီဂျိမ်းရဲ့ […]

ပင်နယ်တီကနေ စိန့်တွေကို နိုင်သွားတဲ့ ပွဲမှာ ကီပါမဟုတ်တဲ့ အသင်းသား တူချယ် ချီးကျူး

October 27, 2021

ချယ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အထူး ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်လူသစ် ဆာအူလ် နီဂွက်စ်ရဲ့ ခြေစွမ်းကို ပွဲအပြီးမှာ တခုတ်တရ ချီးကျူးသွားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ […]

ချယ်ဆီး – ဆောက်သမ်တန်တို့ ကာရာဘောင်းပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

October 26, 2021

ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ ဆောက်သမ်တန် အသင်းကို ကာရာဘောင်းဖလား ပွဲ အဖြစ် စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ အောက်တိုဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁း၁၅ နာရီမှာပါ။ နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ချယ်ဆီးနဲ့ ဆောက်သမ်တန်တို့ပွဲ […]

ချယ်ဆီး ၇-ဝ နော့ဝစ်ချ်၊ မောင့် ဟက်ထရစ်နဲ့အတူ စတန်းဖို့ဘရစ်ချ်မှာ ဂိုးမိုးရွာတဲ့ည

October 23, 2021

ချယ်ဆီးအသင်းဟာဒီည စတန်းဖို့ဘရစ်ချ်မှာ တန်းဆင်းဇုန်မှ နောဝစ်ချ်အသင်းကို ဧည့်ခံကစားပြီး ၇ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို မောင့် က ဟက်ထရစ်ယူပြီး ၃ ဂိုး၊ အိုဒွိုင်း၊ ချီးဝဲလ်၊ ဂျိမ်းတို့က တစ်ဂိုးစီနဲ့ အာရွန်ရဲ့ (OG) ဂိုး ရရှိခဲ့တာ […]

ချယ်ဆီးအသင်းရဲ့ မယ်လ်မိုနဲ့ ချန်ပီယံလိဂ် ဂိုးပြတ်နိုင်ပွဲက ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၄ ချက်

October 21, 2021

ချယ်ဆီး ဟာ ဆွီဒင်ချန်ပီယံ မယ်လ်မိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ မျှော်လင့်ထားတဲ့ အတိုင်းပဲ ဧည့်သည်အသင်း မယ်လ်မို ဘက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။ နည်းပြတူချယ်ရဲ့အသင်းအနေနဲ့ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ကာ အုပ်စုအမှတ်ပေးဇယားမှာ ဂျူဗင်တပ်ရဲ့အနောက် ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တွေ့ရတဲ့ ထူးခြားချက် […]

ပူလီဆစ် မပါဝင်နိုင်သေးတဲ့ အကြောင်းအရင်း ထုတ်ဖော် ပြောလိုက်တဲ့ သောမတ်စ် တူချယ်

October 21, 2021

ချဲလ်ဆီး အသင်းနည်းပြ တူချယ်က ပူလီဆစ်ဟာ ခြေကျင်းဝတ် ဒဏ်ရာ အခြေအနေ ခံစားနေရဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပူလီဆစ်ဟာ စက်တင်ဘာလတုန်းက ဟွန်ဒူးရပ်စ် အသင်းနဲ့ပွဲပြီးကတည်းက ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ အခုချိန် အထိ ချဲလ်ဆီးအတွက် ပါဝင် ကစားခွင့်မရသေးတာဖြစ်ပါတယ်။ မယ်လ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပူလီဆစ် မပါဝင်နိုင်ပဲ […]

ချယ်ဆီးက ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အသင်း ဖြစ်လာပြီလို့ အမွှန်းတင် ချီးကျူးလိုက်တဲ့ နဗီးလ်

October 18, 2021

လက်ရှိပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ချင်တဲ့ အသင်း မရှိတော့ဘူးလို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ဖွင့်ဟချီးကျူးသွားခဲ့ပါတယ်။ ချယ်ဆီးဟာ စနေနေ့က ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲပါ။ တန်းတက် ဘရန့်ဖို့ဒ်ဟာ ချယ်ဆီးကို […]

လူကာကူ အတွက် တောင်းပန်ခြင်းနဲ့ တနင်္လာနေ့ နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ

October 11, 2021

ချယ်ဆီး နည်းပြ တူချယ်ကတော့ သူတို့အနေနဲ့ တိုက်စစ်မှူးလူကာကူကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး အင်တာမီလန် ပရိသတ်တွေကို တောင်းပန်လိုကြောင်း၊ ဒါပေမဲ့ အသင်းတိုင်းက တိုးတက်မှု ရှိဖို့အတွက် ကြိုးပမ်းနေရခြင်းဖြစ်ကြောင်း၊ သူတို့ဟာ ကြံ့ခိုင်မှု အားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးလိုအပ်နေခဲ့ပြီး ဒီလို ကစားသမားမျိုးက များများစားစားမရှိကြောင်း၊ ဒါကြောင့် လူကာကူကို ပြန်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း […]