တိုက်စစ်မှူး တမ်မီ အေဗရာဟမ် အတွက် ဝယ်လက် တွေ့သွားပြီ ဖြစ်တဲ့ ချဲလ်ဆီး အသင်း

ချဲလ်ဆီးအသင်းကတော့ လူကာကူကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အေဘရာဟမ်ကို ရိုးမားအသင်းထံ ပေါင် ၃၄ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်၊ ဝက်စ်ဟမ်း၊ အတ္တလန္တာတို့က အေဘရာဟမ်ကို ချိတ်ဆက်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ရိုးမားက လက်ဦးမှုရယူနိုင်ခဲ့တာလို့ အီတလီသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းမှာ အသက် ၇ နှစ်ကတည်းကရှိနေခဲ့တာဖြစ်ကာ စီနီယာအသင်းမှာ ၈၂ ပွဲအထိ ပါဝင် ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့် တူချယ် ရောက်လာပြီးမှာတော့ နေရာပျောက်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အေဘရာဟမ်ကို စိတ်ဝင်စားပြီး သိပ်မကြာခင်မှာ အခြားအသင်းတွေကိုကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူကတော့ ချဲလ်ဆီး အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ရပြီးနောက် အင်္ဂါနေ့မှာ လန်ဒန်ကို ရောက်လာမှာဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းကေတာ့ လူကာကူကိုေခၚယူႏိုင္ခဲ့ၿပီးေနာက္ ေအဘရာဟမ္ကို ႐ိုးမားအသင္းထံ ေပါင္ ၃၄ သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူလိုက္ၿပီျဖစ္ပါတယ္။

အာဆင္နယ္၊ ဝက္စ္ဟမ္း၊ အတၱလႏၲာတို႔က ေအဘရာဟမ္ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ ေမာ္ရင္ဟိုရဲ႕႐ိုးမားက လက္ဦးမႈရယူႏိုင္ခဲ့တာလို႔ အီတလီသတင္းဌာနတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္သားဟာ ခ်ဲလ္ဆီးအသင္းမွာ အသက္ ၇ ႏွစ္ကတည္းကရွိေနခဲ့တာျဖစ္ကာ စီနီယာအသင္းမွာ ၈၂ ပြဲအထိ ပါဝင္ ကစားေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ၁၅ ဂိုးအထိသြင္းယူေပးႏိုင္ခဲ့ေပမယ့္ တူခ်ယ္ ေရာက္လာၿပီးမွာေတာ့ ေနရာေပ်ာက္ခဲ့တာျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ ေအဘရာဟမ္ကို စိတ္ဝင္စားၿပီး သိပ္မၾကာခင္မွာ အျခားအသင္းေတြကိုေက်ာ္ျဖတ္ၿပီး ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လူကာကူကေတာ့ ခ်ဲလ္ဆီး အသင္းနဲ႔ ေဆးစစ္မႈခံယူခဲ့ရၿပီးေနာက္ အဂၤါေန႔မွာ လန္ဒန္ကို ေရာက္လာမွာျဖစ္ပါတယ္။