အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ကွင်းလယ် အငှားခေါ်ဖို့ လှုပ်ရှားနေတဲ့ ချယ်ဆီး

August 24, 2021

ချယ်ဆီး အသင်းဟာ ယခုနွေဈေးကွက်မပိတ်ခင်မှာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပေမယ့် အသင်းရှိ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းချရဖွယ် ရှိနေပါတယ်။ ချယ်ဆီး ဟာ အင်တာတိုက်စစ်မှူးလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၈သန်းနဲ့ ပြန်လည် ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အကောင်းဆုံးစိန်ခေါ်နိုင်ဖို့ […]

အာဆင်နယ်ဘက် သွင်းခဲ့တဲ့ဂိုး အပေါ် ကျေနပ်အားရနေတဲ့ ချယ်ဆီးတိုက်စစ်မှုး လူကာကူ

August 23, 2021

အာဆင်နယ်နဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လူကာကူက သူ့ဘဝရဲ့ အကောင်းဆုံး သွင်းဂိုး တစ်ဂိုးကို ရရှိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် လူကာကူဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီး ပထမဆုံးကစားပေးခဲ့တဲ့ပွဲမှာပဲ ၁၅ မိနစ်အကြာ အနိုင်ဂိုးကို ရယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ […]

ရိုးမားရောက်သွားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ရဲ့ ချယ်ဆီးအသင်းအား နှုတ်ဆက်လွှာ

August 18, 2021

တမ်မီ အေဘရာဟမ်ဟာ ရိုးမားကို ပေါင် ၃၄သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချယ်ဆီးအသင်းအား နှုတ်ဆက်စကား ပါးသွားခဲ့ပြီး သူ့ကို အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးခဲ့တဲ့ အသင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အင်္ဂလန်သား တိုက်စစ်မှူးဟာ ရိုးမားနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြ မော်ရင်ဟိုနဲ့ လက်တွဲသွားရမှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ တရားဝင် ဖြစ်လာချိန်မှာ […]

အသင်းသစ် ရှာဖွေဖို့ တရားဝင် အသိပေးခြင်း ခံထားရတဲ့ ချယ်ဆီး ကစားသမား ၃ ဦး

August 17, 2021

ချယ်ဆီးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ဘာကာယိုကို၊ ဒရင့်ဝါးတားနဲ့ ဘာကလေတို့ဟာ ရာသီသစ်အတွက် အသင်းမှာ ကျောနံပါတ် ဖျက်သိမ်းပြီးနောက် အသင်းသစ်ရှာဖွေဖို့ အသင်းဘက်က အကြောင်းကြားလာတယ်လို့ The Athletic သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ထိုကစားသမား ၃ယောက်ဟာ မိုနာကို၊ လက်စတာနဲ့ အဲဗာတန်တို့ကနေ စုစုပေါင်း ပေါင် သန်း ၉၀နဲ့ […]

ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ တာထွက်လှသွားတဲ့ ချယ်ဆီး

August 14, 2021

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ဖို့ ချယ်ဆီး အသင်း ဟာ ဥရောပစူပါဖလားပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ အနည်းငယ်လုပ်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ကန်တေကို အနားပေးပြီး ကွင်းလယ်ကို ဂျော်ဂျင်ညို၊ ကိုဗာချစ်တို့နဲ့ တည်ထားတယ်။ မေဆင်မောင့်ထ်၊ ပူလီဆစ်တို့ ပါလာတယ်။ ခံစစ်မှာလည်း လူငယ်ကြယ်ပွင့်လေး ချာလိုဘတ်ကို နေရာပေးဆက်ပေးခဲ့ပြီး […]

ချယ်ဆီးက ကမ္ဘာ့အကောင်းဆုံးအသင်းပါလို့ ဝန်ခံချီးကျူးလိုက်တဲ့ ပြိုင်ဘက် တိုက်စစ်မှူး

August 12, 2021

စပိန်လာလီဂါ ကလပ် ဗီလာရီးရဲလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂျာရတ် မော်ရီနိုကတော့ စူပါဖလားပွဲစဉ်မှာ သူတို့အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချယ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဝန်ခံ ချီးကျူးသွားခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရီနိုက သူတို့ဟာ အကောင်းဆုံး ကြိုးစား ကစားခဲ့တဲ့ အတွက် ရှုံးပွဲအပေါ် […]

ချယ်ဆီးအသင်းအတွက် စူပါကပ် ဖလားယူပေးပြီး ဇီးရိုးကနေ ဟီးရိုး ပြန်ဖြစ်လာတဲ့ ကီပါ

August 12, 2021

ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာတော့ ချယ်ဆီးဟာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ သာမာန် ပွဲကစားချိန်အတွင်းမှာရော၊ အချိန်ပိုမှာပါ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ချယ်ဆီးအတွက် ကီပါက လက်စွမ်းပြခဲ့ပြီး ပင်နယ်တီနှစ်လုံးကာကွယ်ပေးကာ အသင်းကို ဖလား ရရှိစေခဲ့ပါတယ်။ ချယ်ဆီးအတွက် ဇီယက်က ဦးဆောင်ဂိုးကို ပထမပိုင်း […]

တိုက်စစ်မှူး တမ်မီ အေဗရာဟမ် အတွက် ဝယ်လက် တွေ့သွားပြီ ဖြစ်တဲ့ ချဲလ်ဆီး အသင်း

August 10, 2021

ချဲလ်ဆီးအသင်းကတော့ လူကာကူကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အေဘရာဟမ်ကို ရိုးမားအသင်းထံ ပေါင် ၃၄ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ အတ္တလန္တာတို့က အေဘရာဟမ်ကို ချိတ်ဆက်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ရိုးမားက လက်ဦးမှုရယူနိုင်ခဲ့တာလို့ အီတလီသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းမှာ အသက် ၇ နှစ်ကတည်းကရှိနေခဲ့တာဖြစ်ကာ စီနီယာအသင်းမှာ ၈၂ […]

အံ့အားသင့်ဖွယ် ကစားသမား အလိုက်ပေးမှုနဲ့ ချယ်ဆီးက ဂျူဗီ ခံစစ်မှူး ဒီလစ်ကို ကြိုးပမ်းမယ် သတင်းထွက်လာ

August 7, 2021

ချယ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေရာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ချယ်ဆီးက လက်ရှိမှာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒေတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး […]

အင်တာတိုက်စစ်မှူး လူကာကူနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ချဲလ်ဆီးနည်းပြ တူချယ် တုန့်ပြန် ပြောဆိုလာ

August 5, 2021

ချဲလ်ဆီးနည်းပြ သောမက်စ် တူချယ်ဟာ ယမန်နေ့ည တော့တင်ဟမ်နဲ့ ခြေစမ်းပွဲအပြီး လူကာကူနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို တုံ့ပြန်သွားခဲ့ပါတယ်။ လူကာကူဟာ မကြာခင် ချဲလ်ဆီးကို ပြောင်းလာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တူချယ်က အဆိုပါ အပြောင်းအရွှေ့အပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။ တူချယ်က “ကျွန်တော့်အသင်းထဲက မဟုတ်တဲ့ ကစားသမားတွေရဲ့အကြောင်းကို ပြောမှာ […]