ချယ်ဆီးအသင်းအတွက် စူပါကပ် ဖလားယူပေးပြီး ဇီးရိုးကနေ ဟီးရိုး ပြန်ဖြစ်လာတဲ့ ကီပါ

ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာတော့ ချယ်ဆီးဟာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ သာမာန် ပွဲကစားချိန်အတွင်းမှာရော၊ အချိန်ပိုမှာပါ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ချယ်ဆီးအတွက် ကီပါက လက်စွမ်းပြခဲ့ပြီး ပင်နယ်တီနှစ်လုံးကာကွယ်ပေးကာ အသင်းကို ဖလား ရရှိစေခဲ့ပါတယ်။

ချယ်ဆီးအတွက် ဇီယက်က ဦးဆောင်ဂိုးကို ပထမပိုင်း ၂၇ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ဗီလာရီးရဲလ် တိုက်စစ်မှူးမိုရီနိုက ၇၃ မိနစ်မှာ ပြန်လည်ပြီးချေပသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အချိန်ပိုထိ ထပ်မံကစားခဲ့ရပြီး အချိန်ပို ဒုတိယပိုင်းပြီးခါနီး ၁၁၉ မိနစ်မှာ နည်းပြတူချယ်လ်က ဂိုးသမားမန်ဒီနေရာမှာ ကီပါကို အစားထိုးခဲ့လဲလှယ်ခဲ့ပြီး ပင်နယ်တီဖမ်းဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

တူချယ်လ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ပြီး ကီပါက လက်စွမ်းပြကာ ချယ်လ်ဆီးတို့ ၆-၅ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တူချယ်လ်က ကီပါကို လူစားလဲလှယ်ခဲ့တာဟာ ရုတ်တရက်ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့်လို့ ဆိုပါတယ်။

ကီပါရဲ့ ပင်နယ်တီကာကွယ်မှုမှတ်တမ်းတွေကို လေ့လာထားပြီး အချက်အလက်တွေအရ ပင်နယ်တီ ကာကွယ်ပုံ ကောင်းမွန်တာကြောင့် ရှုံးထွက်ပွဲစဉ်တွေအတွက် ကြိုတင်စီမံထားမှုတွေလို့ ဆိုခဲ့ပါတယ်။

ပုံမှန် ကစားခွင့်ပျောက်ဆုံးနေတဲ့ ကီပါဟာ စူပါဖလားပွဲမှာပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် လာမယ့်ရာသီ ချယ်ဆီးရဲ့ ဂိုးသမား နေရာပြိုင်ဆိုင်မှုက ပြင်းထန်လာတော့မှာပါ။ ယခင်က ပရိသတ်တွေ ဝေဖန်မှု များစွာ ခံယူခဲ့တဲ့ ကီပါကလည်း ရာသီအဖွင့်ပွဲ ဖလား ယူပေးခဲ့တာကြောင့် ဇီးရိုးကနေ ဟီးရိုး ပြန်ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ပွဲထွက် ဂိုးသမား မန်ဒီကလည်း အသင်းကို ရောက်ကတည်းက လက်စွမ်းတွေ ပြသပြီး နံပါတ်တစ် ဂိုးသမားနေရာကို ရယူထားပေမယ့် ကီပါရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ZG

ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ဥေရာပစူပါဖလားပြဲမွာေတာ့ ခ်ယ္ဆီးဟာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ ရရွိသြားခဲ့ပါတယ္။ သာမာန္ ပြဲကစားခ်ိန္အတြင္းမွာေရာ၊ အခ်ိန္ပိုမွာပါ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူရာမွာ ခ်ယ္ဆီးအတြက္ ကီပါက လက္စြမ္းျပခဲ့ၿပီး ပင္နယ္တီႏွစ္လုံးကာကြယ္ေပးကာ အသင္းကို ဖလား ရရွိေစခဲ့ပါတယ္။

ခ်ယ္ဆီးအတြက္ ဇီယက္က ဦးေဆာင္ဂိုးကို ပထမပိုင္း ၂၇ မိနစ္မွာ သြင္းယူေပးခဲ့ေပမယ့္ ဗီလာရီးရဲလ္ တိုက္စစ္မႉးမိုရီႏိုက ၇၃ မိနစ္မွာ ျပန္လည္ၿပီးေခ်ပသြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ အခ်ိန္ပိုထိ ထပ္မံကစားခဲ့ရၿပီး အခ်ိန္ပို ဒုတိယပိုင္းၿပီးခါနီး ၁၁၉ မိနစ္မွာ နည္းျပတူခ်ယ္လ္က ဂိုးသမားမန္ဒီေနရာမွာ ကီပါကို အစားထိုးခဲ့လဲလွယ္ခဲ့ၿပီး ပင္နယ္တီဖမ္းဖို႔ တာဝန္ေပးခဲ့တာျဖစ္ပါတယ္။

တူခ်ယ္လ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္ခဲ့ၿပီး ကီပါက လက္စြမ္းျပကာ ခ်ယ္လ္ဆီးတို႔ ၆-၅ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ တူခ်ယ္လ္က ကီပါကို လူစားလဲလွယ္ခဲ့တာဟာ ႐ုတ္တရက္ဆုံးျဖတ္ခဲ့တာမဟုတ္ဘဲ ႀကိဳတင္ျပင္ဆင္ထားမႈေတြေၾကာင့္လို႔ ဆိုပါတယ္။

ကီပါရဲ႕ ပင္နယ္တီကာကြယ္မႈမွတ္တမ္းေတြကို ေလ့လာထားၿပီး အခ်က္အလက္ေတြအရ ပင္နယ္တီ ကာကြယ္ပုံ ေကာင္းမြန္တာေၾကာင့္ ရႈံးထြက္ပြဲစဥ္ေတြအတြက္ ႀကိဳတင္စီမံထားမႈေတြလို႔ ဆိုခဲ့ပါတယ္။

ပုံမွန္ ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ ကီပါဟာ စူပါဖလားပြဲမွာျပသခဲ့တဲ့ လက္စြမ္းေတြေၾကာင့္ လာမယ့္ရာသီ ခ်ယ္ဆီးရဲ႕ ဂိုးသမား ေနရာၿပိဳင္ဆိုင္မႈက ျပင္းထန္လာေတာ့မွာပါ။ ယခင္က ပရိသတ္ေတြ ေ၀ဖန္မႈ မ်ားစြာ ခံယူခဲ့တဲ့ ကီပါကလည္း ရာသီအဖြင့္ပြဲ ဖလား ယူေပးခဲ့တာေၾကာင့္ ဇီးရိုးကေန ဟီးရိုး ျပန္ျဖစ္လာခဲ့ပါတယ္။

လက္ရွိ ပြဲထြက္ ဂိုးသမား မန္ဒီကလည္း အသင္းကို ေရာက္ကတည္းက လက္စြမ္းေတြ ျပသၿပီး နံပါတ္တစ္ ဂိုးသမားေနရာကို ရယူထားေပမယ့္ ကီပါရဲ႕ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။