အံ့အားသင့်ဖွယ် ကစားသမား အလိုက်ပေးမှုနဲ့ ချယ်ဆီးက ဂျူဗီ ခံစစ်မှူး ဒီလစ်ကို ကြိုးပမ်းမယ် သတင်းထွက်လာ

ချယ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေရာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချယ်ဆီးက လက်ရှိမှာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒေတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လူကာကူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ကွန်ဒေအတွက် ဆွေးနွေးမှုတွေ ကတော့ နှေးကွေးနေပါတယ်။

ဒါကြောင့်ပဲ ချယ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ စတင် စဉ်းစားနေတာ ဖြစ်ပြီး လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို အလိုက်ပေးကာ ဒီလစ်ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ ခက်ခဲလာတဲ့ အခြေအနေကြောင့် ဒီလစ်ကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေပြီး ဒီလစ်အတွက် တီမိုဝါနာ + ယူရို ၅၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်ဆီးအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းနဲ့ ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် ဝေဖန်မှုတွေ ခံထားရသူ ဖြစ်ပါတယ်။

အီတလီ အခြေစိုက် သတင်းဌာနတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တီမိုဝါနာကို သဘောကျနေပြီး ချယ်လ်ဆီးအသင်းကသာ တီမိုဝါနာ + ယူရို ၆၀သန်း ဝန်းကျင် ပေးချေမယ် ဆိုပါက ဒီလစ်ကို လက်လွှတ်ဖွယ် ရှိကြောင်း ဖော်ပြနေကြပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ထိပ္တန္း ေနာက္ခံလူ တဦးကို ေခၚယူဖို႔ ခ်ိန္႐ြယ္ေနရာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ကို စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးက လက္ရွိမွာ အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မႉး လူကာကူနဲ႔ ဆီဗီးလားအသင္းရဲ႕ ေနာက္ခံလူ ကြန္ေဒတို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး လူကာကူကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနေပမယ့္ ကြန္ေဒအတြက္ ေဆြးေႏြးမႈေတြ ကေတာ့ ေႏွးေကြးေနပါတယ္။

ဒါေၾကာင့္ပဲ ခ်ယ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ကို ေခၚယူဖို႔ စတင္ စဥ္းစားေနတာ ျဖစ္ၿပီး လန္ဒန္အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ တိုက္စစ္မႉး တီမိုဝါနာကို အလိုက္ေပးကာ ဒီလစ္ကို ေခၚယူခ်င္ေနေၾကာင္း သိရပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္ နယ္သာလန္ လက္ေ႐ြးစင္ ေနာက္ခံလူ ဒီလစ္ဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး လူငယ္ ဗဟိုခံစစ္မႉးအျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းနဲ႔ ၂၀၂၄ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူလည္း ျဖစ္ပါတယ္။

လန္ဒန္အေျခစိုက္ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ ကြန္ေဒကို ေခၚယူဖို႔ ခက္ခဲလာတဲ့ အေျခအေနေၾကာင့္ ဒီလစ္ကို ေျပာင္းလဲ ေခၚယူဖို႔ စဥ္းစားေနၿပီး ဒီလစ္အတြက္ တီမိုဝါနာ + ယူ႐ို ၅၀သန္း ဆိုတဲ့ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ဖို႔ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။

ဂ်ာမန္ လက္ေ႐ြးစင္ တိုက္စစ္မႉး တီမိုဝါနာဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ခ်ယ္ဆီးအသင္းထံ ေရာက္ရွိလာသူ ျဖစ္ၿပီး အသင္းနဲ႔ ထိုက္သင့္သေလာက္ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္း အားနည္းခ်က္ေၾကာင့္ ေဝဖန္မႈေတြ ခံထားရသူ ျဖစ္ပါတယ္။

အီတလီ အေျခစိုက္ သတင္းဌာနေတြ ကေတာ့ ဂ်ဴဗင္တပ္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ တီမိုဝါနာကို သေဘာက်ေနၿပီး ခ်ယ္လ္ဆီးအသင္းကသာ တီမိုဝါနာ + ယူ႐ို ၆၀သန္း ဝန္းက်င္ ေပးေခ်မယ္ ဆိုပါက ဒီလစ္ကို လက္လႊတ္ဖြယ္ ရွိေၾကာင္း ေဖာ္ျပေနၾကပါတယ္။