အင်တာတိုက်စစ်မှူး လူကာကူနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ချဲလ်ဆီးနည်းပြ တူချယ် တုန့်ပြန် ပြောဆိုလာ

ချဲလ်ဆီးနည်းပြ သောမက်စ် တူချယ်ဟာ ယမန်နေ့ည တော့တင်ဟမ်နဲ့ ခြေစမ်းပွဲအပြီး လူကာကူနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို တုံ့ပြန်သွားခဲ့ပါတယ်။ လူကာကူဟာ မကြာခင် ချဲလ်ဆီးကို ပြောင်းလာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တူချယ်က အဆိုပါ အပြောင်းအရွှေ့အပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။

တူချယ်က “ကျွန်တော့်အသင်းထဲက မဟုတ်တဲ့ ကစားသမားတွေရဲ့အကြောင်းကို ပြောမှာ မဟုတ်ပါဘူး။ သူက တကယ်ကောင်းတဲ့ ကစားသမားဖြစ်ပေမဲ့ အင်တာ ကစားသမား ဖြစ်ပြီး ဒီအခြေအနေမှာ သူ့အကြောင်း ပြောမှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

သတင်းတွေအရ လူကာကူဟာ ချဲလ်ဆီးကို ပြောင်းချင်တယ်ဆိုပြီး အင်တာကို အသိပေးခဲ့တယ်လို့ ဆိုပြီး အဆိုပါ အခြေအနေအပေါ်မှာလည်း တူချယ်က ပြန်ဖြေသွားခဲ့ပါတယ်။

“ကစားသမားတွေ အများကြီး ဒီကို လာချင်နေတယ်လို့ ခင်ဗျားတို့ မှတ်ယူနိုင်ပေမဲ့ အဲ့ဒီအကြောင်း ပြောပြသွားမှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လူကာကူအတွက် ယူရို သန်း၁၂၀+ အပိုဆုကြေး ယူရို ၈သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ လူကာကူကို စတန်းဖို့ဒ်ဘရစ်ချ်ထံ အရယူခေါ်ယူဖို့ ချဲလ်ဆီးက ဆုံးဖြတ်ထားခဲ့ပြီး မကြာခင် ကြေးတိုးပေးကာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ကစားသမားသစ်ခေါ်ယူမှုအကြောင်း ပြောရာမှာ တူချယ်က “ပီတာချက်၊ မာရီနာတို့နဲ့ ဖုန်းခေါ်ဆိုမှု အနည်းငယ်ရှိပြီး လက်ထောက် နည်းပြတွေနဲ့အတူ အေးအေးဆေးဆေး လှုပ်ရှားနေပါတယ်။ ဘာမှ ပင်ပန်းစရာ အလျင်လိုစရာတွေ မရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

Zawgyi

ခ်ဲလ္ဆီးနည္းျပ ေသာမက္စ္ တူခ်ယ္ဟာ ယမန္ေန႔ည ေတာ့တင္ဟမ္နဲ႔ ေျခစမ္းပြဲအၿပီး လူကာကူနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြကို တုံ႔ျပန္သြားခဲ့ပါတယ္။ လူကာကူဟာ မၾကာခင္ ခ်ဲလ္ဆီးကို ေျပာင္းလာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး တူခ်ယ္က အဆိုပါ အေျပာင္းအေ႐ႊ႕အေပၚ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

တူခ်ယ္က “ကြၽန္ေတာ့္အသင္းထဲက မဟုတ္တဲ့ ကစားသမားေတြရဲ႕အေၾကာင္းကို ေျပာမွာ မဟုတ္ပါဘူး။ သူက တကယ္ေကာင္းတဲ့ ကစားသမားျဖစ္ေပမဲ့ အင္တာ ကစားသမား ျဖစ္ၿပီး ဒီအေျခအေနမွာ သူ႔အေၾကာင္း ေျပာမွာ မဟုတ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

သတင္းေတြအရ လူကာကူဟာ ခ်ဲလ္ဆီးကို ေျပာင္းခ်င္တယ္ဆိုၿပီး အင္တာကို အသိေပးခဲ့တယ္လို႔ ဆိုၿပီး အဆိုပါ အေျခအေနအေပၚမွာလည္း တူခ်ယ္က ျပန္ေျဖသြားခဲ့ပါတယ္။

“ကစားသမားေတြ အမ်ားႀကီး ဒီကို လာခ်င္ေနတယ္လို႔ ခင္ဗ်ားတို႔ မွတ္ယူႏိုင္ေပမဲ့ အဲ့ဒီအေၾကာင္း ေျပာျပသြားမွာ မဟုတ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လူကာကူအတြက္ ယူ႐ို သန္း၁၂၀+ အပိုဆုေၾကး ယူ႐ို ၈သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။ ဟာလန္းကို ေခၚယူဖို႔ မျဖစ္ႏိုင္တဲ့ အေနအထားမွာ လူကာကူကို စတန္းဖို႔ဒ္ဘရစ္ခ်္ထံ အရယူေခၚယူဖို႔ ခ်ဲလ္ဆီးက ဆုံးျဖတ္ထားခဲ့ၿပီး မၾကာခင္ ေၾကးတိုးေပးကာ ကမ္းလွမ္းဖြယ္ ရွိေနပါတယ္။

ကစားသမားသစ္ေခၚယူမႈအေၾကာင္း ေျပာရာမွာ တူခ်ယ္က “ပီတာခ်က္၊ မာရီနာတို႔နဲ႔ ဖုန္းေခၚဆိုမႈ အနည္းငယ္ရွိၿပီး လက္ေထာက္ နည္းျပေတြနဲ႔အတူ ေအးေအးေဆးေဆး လႈပ္ရွားေနပါတယ္။ ဘာမွ ပင္ပန္းစရာ အလ်င္လိုစရာေတြ မရွိပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။