ဘရူနို ဖာနန္ဒက္စ္ကို လမ္းပတ္ ကစားတာနဲ႕ တူတယ္လို႔ ဂ်ိဳကိုးလ္ ႏိႈင္းယွဥ္ေျပာဆို

မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ကို ချယ်ဆီးနဲ့ အင်္ဂလန်ရဲ့ ဂန္ဒဝင် ကွင်းလယ် ကစားသမား ဖရန့်လမ်းပတ် ကစားတာနဲ့ ဆင်တူတယ်လို့ ဂျိုလ်ကိုးလ်က နှိုင်းယှဉ် ပြောဆို လိုက်ပါတယ်။

ဘရူနိုက လမ်းပတ် နည်းတူ နံပတ် (၁၀) စစ်စစ် ကစားသမားဖြစ်ပြီး တစ်ကွင်းလုံးကို မောင်းနှင်နိုင်စွမ်းရှိတဲ့ အင်ဂျင်တစ်လုံးလည်း ဖြစ်တယ်လို့ ကိုးလ် က ဆိုပါသေးတယ်။

ဂျိုကိုးလ်က ” ဖာနန်ဒက်စ်ကို အသင်းဖော်‌တိုင်းက ထောက်ပံ့ထားတာ တွေ့ရပါတယ်။ သူက တော်မီနေး၊ ဖရက် ကွင်းလယ်နဲ့ဆိုရင် ပိုပြီး ကောင်းမွန်သလိုခြေစွမ်းပြ‌နိုင်တာလည်း အကြိမ်ကြိမ်ကျနော်တို့မြင်တွေ့ခဲ့ပြီးပါပြီ။ အဲဗာတန်နဲ့ပွဲက ပထမချေပဂိုးဆိုရင် လမ်းပတ် ရဲ့ အကောင်းဆုံး အချိန်တွေကို ပြန်မြင်လိုက်ရသလိုပါပဲ။ ”

” ဖာနန်ဒက်စ်က က ချိန်သားကိုက်ပြေးထွက်တာနဲ့ပြိုင်တူ ပြိုင်ဘက်ဂိုးသမားရဲ့ အားနည်းချက်ကိုလည်း ရှာဖွေနိုင်ပြီး အလွယ်တကူ အဆုံးသတ်ဖို့ အတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီးသား ဖြစ်နေတဲ့ ကစားသမားမျိုးပါ။

ဒါကလမ်းပတ်ရဲ့ အကောင်းဆုံး အချက်တွေပဲ မဟုတ်လား၊ ဘရူနိုက ကွင်းပြင်ပမှာပဲ အသင်းကို ဦးဆောင်နေတာလို့ ကျနော်ကတော့ မထင်ပါဘူး။ သူ့ရဲ့ ပွဲပြီးအင်တာဗျူးတွေဖြစ်စေ ကွင်းတွင်းလှုပ်ရှားမှု့တွေဖြစ်စေ သူက အလေးအရေးပါနေပြီး အသင်းကို မောင်းနှင်နိုင်စွမ်း ရှိနေတာမြင်နေရပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ လက္ရွိ ကြင္းလယ္တိုက္စစ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ ကို ခ်ယ္ဆီးနဲ႔ အဂၤလန္ရဲ႕ ဂႏၵဝင္ ကြင္းလယ္ ကစားသမား ဖရန႔္လမ္းပတ္ ကစားတာနဲ႔ ဆင္တူတယ္လို႔ ဂ်ိဳလ္ကိုးလ္က ႏႈိင္းယွဥ္ ေျပာဆို လိုက္ပါတယ္။

ဘ႐ူနိုက လမ္းပတ္ နည္းတူ နံပတ္ (၁၀) စစ္စစ္ ကစားသမားျဖစ္ၿပီး တစ္ကြင္းလုံးကို ေမာင္းႏွင္နိုင္စြမ္းရွိတဲ့ အင္ဂ်င္တစ္လုံးလည္း ျဖစ္တယ္လို႔ ကိုးလ္ က ဆိုပါေသးတယ္။

ဂ်ိဳကိုးလ္က ” ဖာနန္ဒက္စ္ကို အသင္းေဖာ္‌တိုင္းက ေထာက္ပံ့ထားတာ ေတြ႕ရပါတယ္။ သူက ေတာ္မီေနး၊ ဖရက္ ကြင္းလယ္နဲ႔ဆိုရင္ ပိုၿပီး ေကာင္းမြန္သလိုေျခစြမ္းျပ‌ႏိုင္တာလည္း အႀကိမ္ႀကိမ္က်ေနာ္တို႔ျမင္ေတြ႕ခဲ့ၿပီးပါၿပီ။ အဲဗာတန္နဲ႔ပြဲက ပထမေခ်ပဂိုးဆိုရင္ လမ္းပတ္ ရဲ႕ အေကာင္းဆုံး အခ်ိန္ေတြကို ျပန္ျမင္လိုက္ရသလိုပါပဲ။ ”

” ဖာနန္ဒက္စ္က က ခ်ိန္သားကိုက္ေျပးထြက္တာနဲ႔ၿပိဳင္တူ ၿပိဳင္ဘက္ဂိုးသမားရဲ႕ အားနည္းခ်က္ကိုလည္း ရွာေဖြႏိုင္ၿပီး အလြယ္တကူ အဆုံးသတ္ဖို႔ အတြက္ ၾကိဳတင္ျပင္ဆင္ခဲ့ၿပီးသား ျဖစ္ေနတဲ့ ကစားသမားမ်ိဳးပါ။

ဒါကလမ္းပတ္ရဲ႕ အေကာင္းဆုံး အခ်က္ေတြပဲ မဟုတ္လား၊ ဘ႐ူႏိုက ကြင္းျပင္ပမွာပဲ အသင္းကို ဦးေဆာင္ေနတာလို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ သူ႔ရဲ႕ ပြဲၿပီးအင္တာဗ်ဴးေတြျဖစ္ေစ ကြင္းတြင္းလႈပ္ရွားမႈ႕ေတြျဖစ္ေစ သူက အေလးအေရးပါေနၿပီး အသင္းကို ေမာင္းႏွင္ႏိုင္စြမ္း ရွိေနတာျမင္ေနရပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။