နောက်ထပ် သီယေဂို ဆေးဗား တစ်ယောက် ထပ်ခေါ်ဖို့ ချိတ်ဆက်နေတဲ့ ချယ်ဆီး

November 28, 2020

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေက ၀ါရင့် ခံစစ်မှူး သီယေဂို ဆေးဗားကို ပြောင်းရွှေ့ကြေးနဲ့ အလွတ်နဲ့ ခေါ်ယူခဲ့ပြီးနောက် ခံစစ်တန်းကို ငြိမ်အောင် ထိန်းလာနိုင်ခဲ့တဲ့ ချယ်ဆီးဟာ နောက်ထပ် အလွတ်နဲ့ ရနိုင်မယ့် ၀ါရင့် တစ်ဦးကို ထပ်မံ ခေါ်ဖို့ ချိတ်ဆက်နေပါတယ်။ ၄င်းကတော့ ဘိုင်ယန်မြူးနစ်ကနေ စာချုပ်ကုန်ဆုံးကာ ပြောင်ရွှေ့ကြေး […]

ဒီတစ်ပတ် ရန်းနက်စ်အသင်းကို ချယ်ဆီး နိုင်မှ ဖြစ်မယ့် အကြောင်းရင်း လမ်းပတ် ထုတ်ပြော

November 24, 2020

ချယ်ဆီး အသင်းရဲ့နည်းပြ ဖရန့်ခ်လမ်းပတ်က ရန်းနက်စ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို အနိုင်ရမှ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ကစားသမားတွေကို နောက်လာမယ့် ပွဲကြပ်တွေ အတွက် အနားပေးနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နည်းပြလမ်းပတ်က “ကျွန်တော်အချိန်ဇယားကို ကြည့်ပြီးပြီ ပွဲကျပ်တွေချည့်ပဲ။ အာဆင်နယ်နဲ့ ဘောက်ဆင်ဒေးပွဲ ကစားပြီးရင် […]

ချယ်ဆီးက ဒီရာသီမှာတင် ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်နိုင်နေပြီလို့ ဂျိုကိုးလ် ထောက်ခံ

November 23, 2020

ချယ်ဆီး ကစားသမားဟောင်းကြီး ဂျိုးလ်ကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း လန်ဒန်ကလပ်ဟာ ဒီနှစ်ရာသီမှာတင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားနေပြီဖြစ်ကြောင်း နယူးကာဆယ်နဲ့ ပွဲအပြီးမှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နိုင်ငံတာ သီတင်းပတ် အပြီး လိဂ်ပွဲမှာ တီယာဂိုဆေးဗားလ်၊ ကိုင်းဟားဗက်ဇ်နဲ့ ပူလီဆစ်တို့လို အဓိက ကစားသမားအချို့ […]

ဒီရာသီ ဥရောပတခွင်မှာ ခံစစ် အကောင်းဆုံး မှတ်တမ်း တစ်ခု ရနေတဲ့ ဇူးမား

November 17, 2020

ချယ်ဆီး အသင်း ခံစစ်မှူး ဇူးမားဟာ ဒီဘောလုံးရာသီမှာ ခေါင်းယှဉ်တိုက်မှု အကောင်းဆုံး ခံစစ်မှူးတွေထဲ ၉၆.၃% အောင်မြင်မှုနဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ချယ်ဆီး အသင်းဟာ ရာသီသစ် စကတည်းက ခံစစ်ကို တိုးတက်အောင် ပြင်ဆင်လာခဲ့ပြီး ဇူးမားက ခံစစ်ပိုင်းရဲ့ အဓိက နေရာမှာ ပါဝင်နေခဲ့ပါတယ်။ CIES […]

ဘရူနို ဖာနန်ဒက်စ်ကို လမ်းပတ် ကစားတာနဲ့ တူတယ်လို့ ဂျိုကိုးလ် နှိုင်းယှဉ်ပြောဆို

November 14, 2020

မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ကို ချယ်ဆီးနဲ့ အင်္ဂလန်ရဲ့ ဂန္ဒဝင် ကွင်းလယ် ကစားသမား ဖရန့်လမ်းပတ် ကစားတာနဲ့ ဆင်တူတယ်လို့ ဂျိုလ်ကိုးလ်က နှိုင်းယှဉ် ပြောဆို လိုက်ပါတယ်။ ဘရူနိုက လမ်းပတ် နည်းတူ နံပတ် (၁၀) စစ်စစ် ကစားသမားဖြစ်ပြီး […]

လမ်းပတ်ရဲ့ မယားပါသား ဆိုတဲ့ နှိမ့်ချမှုတွေကို မေဆန်မောင့် တုန့်ပြန်

November 11, 2020

ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့မှာ ချယ်ဆီးက ကစားသမားကောင်းတွေ ကို ငွေသုံး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာကြောင်း အသင်းသား တစ်ချို့ နေရာပျောက်နိုင်တယ် ထင်ခဲ့ကြပေမယ့် မေဆန်မောင့်ကတော့ ပြီးခဲ့တဲ့နှစ်တွေကနည်းတူ ဆရာရင်း နည်းပြ လမ်းပတ်ရဲ့ ဆက်လက် အခွင့်အရေး ပေးခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် တခါတလေ ချယ်ဆီးပရိသတ်တွေကိုယ်တိုင် မောင့်ကို […]

ရှက်ဖီးကို ဂိုးပြတ်နိုင်ပွဲမှာ ကွင်းလယ်က အစွမ်းပြခဲ့သူ တစ်ဦးကို လမ်းပတ် ချီးကျူး

November 8, 2020

ချယ်ဆီးအသင်းနည်းပြ လမ်းပတ်က ညက အသင်း အိမ်ကွင်းမှာ ရှက်ဖီးလ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွင်းလယ်လူ ကိုဗာဆစ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြား လိုက်ပါတယ်။ ချယ်ဆီး ဟာ ရှက်ဖီးလ်ကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ထို ပွဲမှာဂိုးပေးလိုက်ရတဲ့ မန်ဒီဟာ ပေးဂိုးမပေးခဲ့ရတဲ့စံချိန်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဇီယက်ခ်ျဟာ […]

ချယ်ဆီး ဂိုးသမား မန်ဒီ ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့ကာ ဘန်လေ ပင်နယ်တီ မရလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေ

November 1, 2020

ဘန်လေတိုက်စစ်မှူး အက်ရှ်လေဘားနတ်စ်ကို ချယ်ဆီး ဂိုးသမားသစ် အက်ဒွာရတ် မန်ဒီ ကမူးရှူးထိုး ဖျက်ထုတ်မှု လုပ်ခဲ့ပေမယ့် အပြစ်ပေးမခံရတဲ့အပေါ် လူမူကွန်ယက်မှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ စနေညက ဘန်လေအသင်းက ချဲလ်ဆီးကို ၃ဂိုးပြတ် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ဒီက ထိုသို့ ဖြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ လိုင်လီကနေ […]