ဒီရာသီ ဥေရာပတခြင္မွာ ခံစစ္ အေကာင္းဆံုး မွတ္တမ္း တစ္ခု ရေနတဲ့ ဇူးမား

ခ်ယ္ဆီး အသင္း ခံစစ္မွဴး ဇူးမားဟာ ဒီေဘာလံုးရာသီမွာ ေခါင္းယွဥ္တိုက္မႈ အေကာင္းဆုံး ခံစစ္မႉးေတြထဲ ၉၆.၃% ေအာင္ျမင္မႈနဲ႔အတူ ထိပ္ဆံုံးမွာ ရပ္တည္ေနပါတယ္။ ခ်ယ္ဆီး အသင္းဟာ ရာသီသစ္ စကတည္းက ခံစစ္ကို တိုးတက္ေအာင္ ျပင္ဆင္လာခဲ့ၿပီး ဇူးမားက ခံစစ္ပိုင္းရဲ႕ အဓိက ေနရာမွာ ပါဝင္ေနခဲ့ပါတယ္။

CIES ေဘာလုံးေစာင္ၾကည့္ေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ ဥေရာပလိဂ္ေတြက ေခါင္းတိုက္ေဘာ အေကာင္းဆုံး ကစားသမားေတြထဲ ဇူးမားက ထိပ္ဆုံးမွာ ရပ္တည္ေနခဲ့တာလို႔ ဆိုပါတယ္။ ဇူးမားဟာ ေခါင္းယွဥ္တိုက္မႈ ၂၇ႀကိမ္မွာ ၂၆ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ၉၆.၃%နဲ႔ အဆင့္၁ေနရာမွာ ရွိေနခဲ့ပါတယ္။

အတၱလႏၲာေနာက္ခံလူ ဂ်င္စီတီက ၂၃ႀကိမ္ ယွဥ္တိုက္ရမွာ ၂၂ႀကိမ္ ေအာင္ျမင္ၿပီး ၉၅.၇% နဲ႔ ဒုတိယေနရာမွာ ရွိေနပါတယ္။ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြါရီက ၃၀ႀကိမ္ ယွဥ္တိုက္ရာမွာ ၂၇ႀကိမ္ ေအာင္ျမင္ၿပီး ၉၀%နဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ဗာရာနီက ၂၅ႀကိမ္မွာ ၂၂ႀကိမ္ ေအာင္ျမင္ၿပီး ေအာင္ျမင္မႈ ၈၈%နဲ႔ အဆင့္၄ေနရာမွာ ရပ္တည္ေနပါတယ္။ အဲဗာတန္ေနာက္ခံလူ မီနာက ၈၆.၂% နဲ႔ အဆင့္၁၀ေနရာမွာ ရွိေနပါတယ္။ ဘန္ေလ ေနာက္ခံလူ တာေကာစကီး၊ လက္စတာ ခံစစ္မႉး အီဗန္စ္တို႔က အဆင့္၂၀အတြင္း ဝင္ခဲ့ၿပီး ဗီလာေနာက္ခံလူ တိုင္႐ြန္ မင္းစ္က အဆင့္ ၂၁ေနရာမွာ အသီးသီး ရွိေနခဲ့ပါတယ္။

Unicode

ချယ်ဆီး အသင်း ခံစစ်မှူး ဇူးမားဟာ ဒီဘောလုံးရာသီမှာ ခေါင်းယှဉ်တိုက်မှု အကောင်းဆုံး ခံစစ်မှူးတွေထဲ ၉၆.၃% အောင်မြင်မှုနဲ့အတူ ထိပ်ဆုံံးမှာ ရပ်တည်နေပါတယ်။ ချယ်ဆီး အသင်းဟာ ရာသီသစ် စကတည်းက ခံစစ်ကို တိုးတက်အောင် ပြင်ဆင်လာခဲ့ပြီး ဇူးမားက ခံစစ်ပိုင်းရဲ့ အဓိက နေရာမှာ ပါဝင်နေခဲ့ပါတယ်။

CIES ဘောလုံးစောင်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဥရောပလိဂ်တွေက ခေါင်းတိုက်ဘော အကောင်းဆုံး ကစားသမားတွေထဲ ဇူးမားက ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာလို့ ဆိုပါတယ်။ ဇူးမားဟာ ခေါင်းယှဉ်တိုက်မှု ၂၇ကြိမ်မှာ ၂၆ကြိမ် အောင်မြင်ခဲ့ပြီး ၉၆.၃%နဲ့ အဆင့်၁နေရာမှာ ရှိနေခဲ့ပါတယ်။

အတ္တလန္တာနောက်ခံလူ ဂျင်စီတီက ၂၃ကြိမ် ယှဉ်တိုက်ရမှာ ၂၂ကြိမ် အောင်မြင်ပြီး ၉၅.၇% နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီက ၃၀ကြိမ် ယှဉ်တိုက်ရာမှာ ၂၇ကြိမ် အောင်မြင်ပြီး ၉၀%နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရာနီက ၂၅ကြိမ်မှာ ၂၂ကြိမ် အောင်မြင်ပြီး အောင်မြင်မှု ၈၈%နဲ့ အဆင့်၄နေရာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်နောက်ခံလူ မီနာက ၈၆.၂% နဲ့ အဆင့်၁၀နေရာမှာ ရှိနေပါတယ်။ ဘန်လေ နောက်ခံလူ တာကောစကီး၊ လက်စတာ ခံစစ်မှူး အီဗန်စ်တို့က အဆင့်၂၀အတွင်း ဝင်ခဲ့ပြီး ဗီလာနောက်ခံလူ တိုင်ရွန် မင်းစ်က အဆင့် ၂၁နေရာမှာ အသီးသီး ရှိနေခဲ့ပါတယ်။