လမ္းပတ္ရဲ႕ မယားပါသား ဆိုတဲ့ နွိမ့္ခ်မႈေတြကို ေမဆန္ေမာင့္ တုန္႔ျပန္

ျပီးခဲ့တဲ့ေႏြ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီးက ကစားသမားေကာင္းေတြ ကို ေငြသံုး ေခၚယူမႈေတြ ျပဳလုပ္ခဲ့တာေၾကာင္း အသင္းသား တစ္ခ်ိဳ႔ ေနရာေပ်ာက္နုိင္တယ္ ထင္ခဲ့ၾကေပမယ့္ ေမဆန္ေမာင့္ကေတာ့ ျပီးခဲ့တဲ့နွစ္ေတြကနည္းတူ ဆရာရင္း နည္းျပ လမ္းပတ္ရဲ႕ ဆက္လက္ အခြင့္အေရး ေပးျခင္း ခံခဲ့ရပါတယ္။

ဒါေၾကာင့္ တခါတေလ ခ်ယ္ဆီးပရိသတ္ေတြကိုယ္တိုင္ ေမာင့္ကို လမ္းပတ္ရဲ႕ မယားပါသား မယားငယ္သား အစရွိသျဖင့္ အစခ်ီကာ ေ၀ဖန္မႈေတြ ခံရသည္ထိ အသင္း ပြဲထြက္ လူစာရင္းမွာ ေမာင့္က အျမဲလို ပါ၀င္ခဲ့ပါတယ္။

လမ္းပတ္က ေမာင့္ကို ၿပီးခဲ့တဲ့ရာသီတုန္းက အသုံးျပဳခဲ့တဲ့ ေနရာကေန တိုက္စစ္ဘယ္ျခမ္းမွာ ေျပာင္းလဲအသုံးျပဳခဲ့တာေၾကာင့္ ဘယ္ေတာင္ပံ ကစားသမား ပူလီဆစ္က ညာျခမ္းမွာ ေျပာင္းလဲကစားခဲ့ရၿပီး ေျခစြမ္းျပဖို႔လည္း ႐ုန္းကန္ခဲ့ရပါတယ္။

အဲ့ဒီအခ်ိန္ကေနစတင္ၿပီး ေမဆန္ေမာင့္ကို လမ္းပတ္ မယားငယ သား ဆိုကာ ခိုင္းႏႈိင္းသုံးစြဲလာျခင္းေတြကို ေမာင့္က ဒါေတြကို အမႈထား မေနဘဲ ဘာမွ မခံစားေၾကာင္း တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္က ဘယ္လိုမွ မခံစားရဘူး။ ကြၽန္ေတာ္က ကြၽန္ေတာ္ရဲ႕အသင္းအတြက္ အေကာင္းဆုံးေတြကိုပဲ လုပ္ေဆာင္ေပးခ်င္တဲ့ ကစားသမားတစ္ေယာက္။ အသင္းအတြက္အၿမဲႀကိဳးစားအားထုတ္ေပးေနသူတဲ့ သူပါ။ ပရိသတ္ေတြက ဒါကို တစ္မ်ိဳးတစ္ဖုံ ထင္ေနတာျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ေသခ်ာေတာ့ မသိပါဘူး။

ခင္ဗ်ားတို႔ အေနနဲ႔ သူတို႔ေတြရဲ႕ မွတ္ခ်က္စကားေတြ ျမင္ေတြ႕ရပါလိမ့္မယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကေတာ့ ဆိုရွယ္မီဒီယာေတြကို အရမ္း သုံးစြဲလြန္းသူမဟုတ္ဘူး။ လက္ရွိမွာ ေဘာလုံးနယ္ပယ္က ပိုမိုၿပီး က်ယ္ျပန႔္ေနၿပီဆိုတာကို ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္ ဒီလိုမွတ္ခ်က္စကားေတြအေပၚ သိပ္ဂ႐ုစိုက္ေနေလ့ မရွိပါဘူး။ ဒါေတြက ကြၽန္ေတာ့္အတြက္လည္း စိတ္အေႏွာင့္အယွက္ မျဖစ္ေစႏိုင္ဘူး။ ကြၽန္ေတာ္ကေတာ့ ေဘာလုံးအားကစားအေပၚမွာ အဓိကအာ႐ုံစိုက္ထားပါတယ္” လို႔ တုံ႔ျပန္ေျပာဆိုသြားခဲ့ပါတယ္။

Unicode

ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့မှာ ချယ်ဆီးက ကစားသမားကောင်းတွေ ကို ငွေသုံး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာကြောင်း အသင်းသား တစ်ချို့ နေရာပျောက်နိုင်တယ် ထင်ခဲ့ကြပေမယ့် မေဆန်မောင့်ကတော့ ပြီးခဲ့တဲ့နှစ်တွေကနည်းတူ ဆရာရင်း နည်းပြ လမ်းပတ်ရဲ့ ဆက်လက် အခွင့်အရေး ပေးခြင်း ခံခဲ့ရပါတယ်။

ဒါကြောင့် တခါတလေ ချယ်ဆီးပရိသတ်တွေကိုယ်တိုင် မောင့်ကို လမ်းပတ်ရဲ့ မယားပါသား မယားငယ်သား အစရှိသဖြင့် အစချီကာ ဝေဖန်မှုတွေ ခံရသည်ထိ အသင်း ပွဲထွက် လူစာရင်းမှာ မောင့်က အမြဲလို ပါဝင်ခဲ့ပါတယ်။

လမ်းပတ်က မောင့်ကို ပြီးခဲ့တဲ့ရာသီတုန်းက အသုံးပြုခဲ့တဲ့ နေရာကနေ တိုက်စစ်ဘယ်ခြမ်းမှာ ပြောင်းလဲအသုံးပြုခဲ့တာကြောင့် ဘယ်တောင်ပံ ကစားသမား ပူလီဆစ်က ညာခြမ်းမှာ ပြောင်းလဲကစားခဲ့ရပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။

အဲ့ဒီအချိန်ကနေစတင်ပြီး မေဆန်မောင့်ကို လမ်းပတ် မယားငယ သား ဆိုကာ ခိုင်းနှိုင်းသုံးစွဲလာခြင်းတွေကို မောင့်က ဒါတွေကို အမှုထား မနေဘဲ ဘာမှ မခံစားကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်က ဘယ်လိုမှ မခံစားရဘူး။ ကျွန်တော်က ကျွန်တော်ရဲ့အသင်းအတွက် အကောင်းဆုံးတွေကိုပဲ လုပ်ဆောင်ပေးချင်တဲ့ ကစားသမားတစ်ယောက်။ အသင်းအတွက်အမြဲကြိုးစားအားထုတ်ပေးနေသူတဲ့ သူပါ။ ပရိသတ်တွေက ဒါကို တစ်မျိုးတစ်ဖုံ ထင်နေတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်သေချာတော့ မသိပါဘူး။

ခင်ဗျားတို့ အနေနဲ့ သူတို့တွေရဲ့ မှတ်ချက်စကားတွေ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဆိုရှယ်မီဒီယာတွေကို အရမ်း သုံးစွဲလွန်းသူမဟုတ်ဘူး။ လက်ရှိမှာ ဘောလုံးနယ်ပယ်က ပိုမိုပြီး ကျယ်ပြန့်နေပြီဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော် ဒီလိုမှတ်ချက်စကားတွေအပေါ် သိပ်ဂရုစိုက်နေလေ့ မရှိပါဘူး။ ဒါတွေက ကျွန်တော့်အတွက်လည်း စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ဘူး။ ကျွန်တော်ကတော့ ဘောလုံးအားကစားအပေါ်မှာ အဓိကအာရုံစိုက်ထားပါတယ်” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။