ခ်ယ္ဆီး ဂိုးသမား မန္ဒီ ျဖတ္ထုတ္မႈ ၾကမ္းတမ္းခဲ့ကာ ဘန္ေလ ပင္နယ္တီ မရလို႔ ေ၀ဖန္မႈေတြ ထြက္ေပၚေန

ဘန္ေလတိုက္စစ္မႉး အက္ရွ္ေလဘားနတ္စ္ကို ခ်ယ္ဆီး ဂိုးသမားသစ္ အက္ဒြာရတ္ မန္ဒီ ကမူးရႉးထိုး ဖ်က္ထုတ္မႈ လုပ္ခဲ့ေပမယ့္ အျပစ္ေပးမခံရတဲ့အေပၚ လူမူကြန္ယက္မွာေတာ့ ေ၀ဖန္မႈေတြ ထြက္ေပၚေနပါတယ္။ စေနညက ဘန္ေလအသင္းက ခ်ဲလ္ဆီးကို ၃ဂိုးျပတ္ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာ မန္ဒီက ထိုသို႔ ျဖတ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

လိုင္လီကေန ေႏြရာသီ အေစာပိုင္းကမွ ေရာက္လာခဲ့သူ မန္ဒီဟာ အေစာပိုင္းမိနစ္တြင္ ဧရိယာအတြင္းမွာ ဂိုးသြင္းဖို႔ႀကိဳးစားတဲ့ ဘားနတ္စ္ကို ကမူးရႉးထိုး ေရွ႕ထြက္ၿပီး ဖ်က္ထုတ္ရာမွာ ၾကမ္းသြားခဲ့ ေပမယ့္လည္း ဒိုင္က ပင္နယ္တီအျဖစ္ မသတ္မွတ္ခဲ့ဘဲ ဂိုးသမားအေပၚ တစ္စုံတရာ ျပစ္ဒဏ္ မခ်မွတ္ခဲ့ပါဘူး။

ဘားနတ္စ္ ကန္လိုက္တဲ့ ေဘာလုံးဟာ ဂိုးဘားေပၚ ေက်ာ္တက္သြားခဲ့ၿပီး မန္ဒီရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဘားနတ္စ္ဟာလည္း ေျမျပင္ေပၚ တလိမ့္ေကာက္ေကြး လဲက်ခဲ့ပါတယ္။ ထို ျဖစ္ရပ္ဟာ မာေဆးဆိုက္ ဒ္ဒါဘီပြဲမွာ ဂိုးသမား ပစ္ဖို႔ဒ္က လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ကို ဖ်က္ထုတ္တာနဲ႔တူညီတဲ့ အလားပုံသ႑န္ ျဖစ္တယ္လို႔ဘန္ေလပရိသတ္ေတြကေတာ့ ေဝဖန္ၾကပါတယ္။

ဘန္ေလပရိသတ္တစ္ဦး ျဖစ္သူ လစ္ဇ္က – “နယူးကာဆယ္ပြဲတုန္းက ဖေရဆာရဲ႕ ကန္ခ်က္ကို ပုပ္ တားဆီးရာမွာ ကြၽန္ေတာ္တို႔ ပင္နယ္တီေပးရတယ္ ဒါေပမဲ့ ဘားနတ္စ္ကန္ၿပီးတဲ့အခ်ိန္ မန္ဒီ တိုက္မိ က်ေတာ့ေရာ ပင္နယ္တီ ဘာမွ မေပးဘူးလား” ဆိုခဲ့သလို ေနာက္ထပ္တစ္ဦးကလည္း “ VAR က ဘာျပစ္ဒဏ္မွ မေပးတဲ့အတြက္ ကြၽန္ေတာ္ အံ့ၾသရပါတယ္ မန္ဒီက ေဘာလုံးထြက္သြားတဲ့အေပၚ တမင္သက္သက္ ဘားနတ္စ္ကို ဝင္တိုက္ခဲ့တာပါ” ဟု ေျပာပါတယ္။

BT Sport မွာ အားကစားသုံးသပ္သူ လုပ္ေနတဲ့ ခ်ယ္ဆီး ကစားသမားေဟာင္း ဂ်ိဳးလ္ကိုးကလည္း တာ့ဖ္မိုးမွာ ပရိသတ္ေတြ ရွိေနမယ္ဆိုရင္ ပင္နယ္တီေပးခံရေလာက္တယ္လို သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

“မန္ဒီက ေရွ႕ထြက္လာၿပီး ဘားနတ္စ္ကို ညႇပ္ပိတ္ခဲ့တာပါ ကြင္းထဲမွာ လူေတြျပည့္ေနမယ္ဆိုရင္ေတာ့ ပင္နယ္တီ ျဖစ္ႏိုင္ပါတယ္ ဘန္ေလဘက္က ၾကည့္မယ္ဆိုရင္ေတာ့ ပရိသတ္ေတြ ကြင္းထဲရွိမယ္ဆိုရင္ ဒိုင္က ပင္နယ္တီ ေပးေလာက္ပါတယ္” လို႔ ဂ်ိဳကိုးလ္က ေျပာၾကားသြားခဲ့ပါတယ္။

Unicode

ဘန်လေတိုက်စစ်မှူး အက်ရှ်လေဘားနတ်စ်ကို ချယ်ဆီး ဂိုးသမားသစ် အက်ဒွာရတ် မန်ဒီ ကမူးရှူးထိုး ဖျက်ထုတ်မှု လုပ်ခဲ့ပေမယ့် အပြစ်ပေးမခံရတဲ့အပေါ် လူမူကွန်ယက်မှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ စနေညက ဘန်လေအသင်းက ချဲလ်ဆီးကို ၃ဂိုးပြတ် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ဒီက ထိုသို့ ဖြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လိုင်လီကနေ နွေရာသီ အစောပိုင်းကမှ ရောက်လာခဲ့သူ မန်ဒီဟာ အစောပိုင်းမိနစ်တွင် ဧရိယာအတွင်းမှာ ဂိုးသွင်းဖို့ကြိုးစားတဲ့ ဘားနတ်စ်ကို ကမူးရှူးထိုး ရှေ့ထွက်ပြီး ဖျက်ထုတ်ရာမှာ ကြမ်းသွားခဲ့ ပေမယ့်လည်း ဒိုင်က ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့ဘဲ ဂိုးသမားအပေါ် တစ်စုံတရာ ပြစ်ဒဏ် မချမှတ်ခဲ့ပါဘူး။

ဘားနတ်စ် ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးဘားပေါ် ကျော်တက်သွားခဲ့ပြီး မန်ဒီရဲ့ ဖျက်ထုတ်မှုကြောင့် ဘားနတ်စ်ဟာလည်း မြေပြင်ပေါ် တလိမ့်ကောက်ကွေး လဲကျခဲ့ပါတယ်။ ထို ဖြစ်ရပ်ဟာ မာဆေးဆိုက် ဒ်ဒါဘီပွဲမှာ ဂိုးသမား ပစ်ဖို့ဒ်က လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ဖျက်ထုတ်တာနဲ့တူညီတဲ့ အလားပုံသဏ္ဍန် ဖြစ်တယ်လို့ဘန်လေပရိသတ်တွေကတော့ ဝေဖန်ကြပါတယ်။

ဘန်လေပရိသတ်တစ်ဦး ဖြစ်သူ လစ်ဇ်က – “နယူးကာဆယ်ပွဲတုန်းက ဖရေဆာရဲ့ ကန်ချက်ကို ပုပ် တားဆီးရာမှာ ကျွန်တော်တို့ပင်နယ်တီပေးရတယ် ဒါပေမဲ့ ဘားနတ်စ်ကန်ပြီးတဲ့အချိန် မန်ဒီ တိုက်မိ ကျတော့ရော ပင်နယ်တီ ဘာမှ မပေးဘူးလား” ဆိုခဲ့သလို နောက်ထပ်တစ်ဦးကလည်း “ VAR က ဘာပြစ်ဒဏ်မှ မပေးတဲ့အတွက် ကျွန်တော် အံ့သြရပါတယ် မန်ဒီက ဘောလုံးထွက်သွားတဲ့အပေါ် တမင်သက်သက် ဘားနတ်စ်ကို ဝင်တိုက်ခဲ့တာပါ” ဟု ပြောပါတယ်။

BT Sport မှာ အားကစားသုံးသပ်သူ လုပ်နေတဲ့ ချယ်ဆီး ကစားသမားဟောင်း ဂျိုးလ်ကိုးကလည်း တာ့ဖ်မိုးမှာ ပရိသတ်တွေ ရှိနေမယ်ဆိုရင် ပင်နယ်တီပေးခံရလောက်တယ်လို သုံးသပ် ပြောဆိုခဲ့ပါတယ်။

“မန်ဒီက ရှေ့ထွက်လာပြီး ဘားနတ်စ်ကို ညှပ်ပိတ်ခဲ့တာပါ ကွင်းထဲမှာ လူတွေပြည့်နေမယ်ဆိုရင်တော့ ပင်နယ်တီ ဖြစ်နိုင်ပါတယ် ဘန်လေဘက်က ကြည့်မယ်ဆိုရင်တော့ ပရိသတ်တွေ ကွင်းထဲရှိမယ်ဆိုရင် ဒိုင်က ပင်နယ်တီ ပေးလောက်ပါတယ်” လို့ ဂျိုကိုးလ်က ပြောကြားသွားခဲ့ပါတယ်။