ပင္နယ္တီ လြဲျပန္တဲ့ ေဂ်ာ္ဂ်င္ဟို အေပၚ ဘယ္လိုသေဘာထားလဲ လမ္းပတ္ ဖြင့္ဟ

ခ်ယ္ဆီး အသင္းရဲ႕ အဓိက ပင္နယ္တီကန္သြင္းသူအျဖစ္ တာဝန္ယူထားတဲ့ ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ ဒီရာသီမွာ လြဲေခ်ာ္မႈတစ္ခ်ိဳ႕ရွိေနခဲ့ေပမယ့္လည္း သူ႔အေနနဲ႔ အျပည့္အဝ ယုံၾကည္ထားဆဲ ျဖစ္ေၾကာင္း နည္းျပလမ္းပတ္က ေျပာၾကားခဲ့ပါတယ္။ လက္ရွိအသင္းမွာ ပင္နယ္တီ ေကာင္းေကာင္းကန္သြင္းႏိုင္သူေတြ မ်ားစြာရွိေနတယ္လို႔လည္း လမ္းပတ္ကဆိုပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ပင္နယ္တီ ကန္သြင္းရာမွာ အေတာ္ေလး ေသခ်ာသူျဖစ္ေပမယ့္လည္း ဒီရာသီမွာေတာ့ လြဲေခ်ာ္မႈတခ်ိဳ႕ရွိေနခဲ့တာျဖစ္ၿပီး လီဗာပူးနဲ႔ပြဲမွာတစ္ႀကိမ္၊ အခု ခရက္စ္ႏိုဒါနဲ႔ပြဲမွာတစ္ႀကိမ္ လြဲေခ်ာ္ခဲ့တာပါ။ ဒါေပမယ့္ လမ္းပတ္ကေတာ့ ေဂ်ာ္ဂ်င္ဟို အေပၚ အျပစ္မတင္လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

“ေဂ်ာ္ဂ်င္ဟိုဟာ ပင္နယ္တီကန္သြင္းရာမွာ အေတာ္ေလး စိတ္ခ်ရသူျဖစ္ပါတယ္။ အထူးသျဖင့္ ခ်ယ္ဆီး ကစားသမားဘဝမွာေပါ့။ ပင္နယ္တီေတြ အေရအတြက္ အမ်ားႀကီး ကန္ရတဲ့အခါ တစ္လုံး နွစ္လုံးေလာက္ လြဲေခ်ာ္သြားတာမ်ိဳး ရွိတတ္ပါတယ္။ ဒါက သဘာဝက်ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ကစားသမားဘဝတုန္းက ဒီလိုအေတြ႕အႀကဳံမ်ိဳးရွိခဲ့ဖူးပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ ေဂ်ာ္ဂ်င္ဟိုကို အျပစ္တင္စရာမရွိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အသင္းမွာ ပင္နယ္တီ ေကာင္းေကာင္းကန္ႏိုင္တဲ့သူေတြ အမ်ားႀကီးရွိေနပါတယ္။ ဥပမာ – တီမိုဝါနာဆိုလည္း ပင္နယ္တီကန္ရာမွာ ထူးခြၽန္သူတစ္ေယာက္ပါပဲ။ အေကာင္းဆုံးေရွ႕ဆက္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အားလုံး တိုင္ပင္ေဆြးေႏြးၾကရပါဦးမယ္”လို႔ လမ္းပတ္ကေျပာၾကားခဲ့ပါတယ္။

အီတလီသားရဲ႕ ပင္နယ္တီ လြဲခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းဟာ ခရက္စ္ႏိုဒါကို အေဝးကြင္းမွာ ၄ ဂိုးျပတ္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီး အိုဒြိဳင္း၊ တီမိုဝါနာ၊ ဇီယာ့ခ်္နဲ႔ ပူလီဆစ္တို႔အားလုံး ဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။

Unicode

ချယ်ဆီး အသင်းရဲ့ အဓိက ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူထားတဲ့ ဂျော်ဂျင်ဟိုအနေနဲ့ ဒီရာသီမှာ လွဲချော်မှုတစ်ချို့ရှိနေခဲ့ပေမယ့်လည်း သူ့အနေနဲ့ အပြည့်အဝ ယုံကြည်ထားဆဲ ဖြစ်ကြောင်း နည်းပြလမ်းပတ်က ပြောကြားခဲ့ပါတယ်။ လက်ရှိအသင်းမှာ ပင်နယ်တီ ကောင်းကောင်းကန်သွင်းနိုင်သူတွေ များစွာရှိနေတယ်လို့လည်း လမ်းပတ်ကဆိုပါတယ်။

ဂျော်ဂျင်ဟိုဟာ ပင်နယ်တီ ကန်သွင်းရာမှာ အတော်လေး သေချာသူဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ လွဲချော်မှုတချို့ရှိနေခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာတစ်ကြိမ်၊ အခု ခရက်စ်နိုဒါနဲ့ပွဲမှာတစ်ကြိမ် လွဲချော်ခဲ့တာပါ။ ဒါပေမယ့် လမ်းပတ်ကတော့ ဂျော်ဂျင်ဟို အပေါ် အပြစ်မတင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ဂျော်ဂျင်ဟိုဟာ ပင်နယ်တီကန်သွင်းရာမှာ အတော်လေး စိတ်ချရသူဖြစ်ပါတယ်။ အထူးသဖြင့် ချယ်ဆီး ကစားသမားဘဝမှာပေါ့။ ပင်နယ်တီတွေ အရေအတွက် အများကြီး ကန်ရတဲ့အခါ တစ်လုံး နှစ်လုံးလောက် လွဲချော်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါက သဘာဝကျပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝတုန်းက ဒီလိုအတွေ့အကြုံမျိုးရှိခဲ့ဖူးပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဂျော်ဂျင်ဟိုကို အပြစ်တင်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ ပင်နယ်တီ ကောင်းကောင်းကန်နိုင်တဲ့သူတွေ အများကြီးရှိနေပါတယ်။ ဥပမာ – တီမိုဝါနာဆိုလည်း ပင်နယ်တီကန်ရာမှာ ထူးချွန်သူတစ်ယောက်ပါပဲ။ အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး တိုင်ပင်ဆွေးနွေးကြရပါဦးမယ်”လို့ လမ်းပတ်ကပြောကြားခဲ့ပါတယ်။

အီတလီသားရဲ့ ပင်နယ်တီ လွဲခဲ့ပေမယ့် ချယ်ဆီးအသင်းဟာ ခရက်စ်နိုဒါကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နိုင်ပွဲရခဲ့တာဖြစ်ပြီး အိုဒွိုင်း၊ တီမိုဝါနာ၊ ဇီယာ့ချ်နဲ့ ပူလီဆစ်တို့အားလုံး ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။