ခ်ယ္ဆီး တိုက္စစ္သမားသစ္ေတြ ျဖစ္တဲ့ တီမုိဝါနာနဲ႔ ကိုင္ဟာဗက္ဇ္ တို႔ကို လမ္းပတ္ သတိေပးျပီ

ခ်ယ္ဆီးအသင္း နည္းျပလမ္းပတ္က ၿပီးခဲ့တဲ့စေနေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူႏိုက္္တက္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ပြဲအၿပီးမွာတာ့ ဒီႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕မွ အသင္းကိုေခၚယူထားတဲ့ ကစားသမားသစ္ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို သတိေပး ေဝဖန္ခဲ့ တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ပြဲမွာ တီမုိဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ဟာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ႏွစ္ေယာက္စလံုး လူစားလဲခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ထိုပြဲမွာ အေတာင့္တင္းဆံုး ပြဲထုတ္ခဲ့ေပမယ့္ အနုိင္သံုးမွတ္ေတာ့ မရခဲ့ပါဘူး။

ယူႏိုက္တက္ဟာ ခ်ယ္ဆီးနဲ႔ ပြဲမတိုင္ခင္ ဒီရာသီ ပရီးမီးယားလိဂ္အိမ္ကြင္း ႏွစ္ပြဲကစားခဲ့ရာမွာ ႏွစ္ပြဲစလံုး အေရးနိမ့္ထားတာ ေၾကာင့္ ေဝဖန္ခံေနရတဲ့အသင္းျဖစ္ၿပီး နည္းျပ ဆိုးလ္ရွားကလည္း အိမ္ကြင္း စြမ္းေဆာင္ရည္အတြက္ စိုးရိမ္မႈရွိတယ္ဆုိၿပီး ပြဲမတိုင္ခင္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လမ္းပတ္ဟာ ယူႏိုက္တက္နဲ႔ပြဲမွာ ကစားကြက္အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး အႏိုင္ရဖို႔ၾကိဳးစားခဲ့ေပမယ့္ တုိက္စစ္ကစားသမားေတြျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ဂိုးသြင္းယူႏိုင္ျခင္း မရွိတာေၾကာင့္ ႏိုင္ပြဲမ ရခဲ့တာပဲ ျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ပြဲအၿပီးမွာေတာ့ ခ်ယ္ဆီးနည္းျပလမ္းပတ္က “ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔က, ကစားသမားေကာင္းေတြပါ။ တီမိုဝါနာက အသင္းအတြက္ ႏွစ္ဂိုးသြင္းထားၿပီး ကိုင္ဟာဗက္ဇ္က တစ္ဂိုး သြင္းထားပါတယ္။ အသင္းကို အေကာင္းဆံုးျဖစ္ဖို႔ တည္ ေဆာက္ေနခ်ိန္မွာ သူတို႔က တိုက္စစ္ကစားသမားေတြ ဆိုေပမယ့္ လိုအပ္လာတဲ့အခါမွာ ခံစစ္ကို ဆင္းကူႏုိင္ဖို႔လည္း လိုပါ တယ္။ တိုက္စစ္မွာလည္း ၿပိဳင္ဘက္ အသင္းကို ဂိုးသြင္းႏိုင္မွ အႏိုင္ရမယ္ ဆိုတာကို တိုက္စစ္ကစားသမားေတြအေနနဲ႔ သိထားသင့္ပါတယ္” လို႔ သတိေပး ေျပာဆိုခဲ့ပါတယ္။

Unicode

ချယ်ဆီးအသင်း နည်းပြလမ်းပတ်က ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတာ့ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှ အသင်းကိုခေါ်ယူထားတဲ့ ကစားသမားသစ် တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ကို သတိပေး ဝေဖန်ခဲ့ တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နှစ်ယောက်စလုံး လူစားလဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ထိုပွဲမှာ အတောင့်တင်းဆုံး ပွဲထုတ်ခဲ့ပေမယ့် အနိုင်သုံးမှတ်တော့ မရခဲ့ပါဘူး။

ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ပွဲမတိုင်ခင် ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း နှစ်ပွဲကစားခဲ့ရာမှာ နှစ်ပွဲစလုံး အရေးနိမ့်ထားတာ ကြောင့် ဝေဖန်ခံနေရတဲ့အသင်းဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကလည်း အိမ်ကွင်း စွမ်းဆောင်ရည်အတွက် စိုးရိမ်မှုရှိတယ်ဆိုပြီး ပွဲမတိုင်ခင်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပြီး အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် နိုင်ပွဲမ ရခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲအပြီးမှာတော့ ချယ်ဆီးနည်းပြလမ်းပတ်က “ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့က, ကစားသမားကောင်းတွေပါ။ တီမိုဝါနာက အသင်းအတွက် နှစ်ဂိုးသွင်းထားပြီး ကိုင်ဟာဗက်ဇ်က တစ်ဂိုး သွင်းထားပါတယ်။ အသင်းကို အကောင်းဆုံးဖြစ်ဖို့ တည် ဆောက်နေချိန်မှာ သူတို့က တိုက်စစ်ကစားသမားတွေ ဆိုပေမယ့် လိုအပ်လာတဲ့အခါမှာ ခံစစ်ကို ဆင်းကူနိုင်ဖို့လည်း လိုပါ တယ်။ တိုက်စစ်မှာလည်း ပြိုင်ဘက် အသင်းကို ဂိုးသွင်းနိုင်မှ အနိုင်ရမယ် ဆိုတာကို တိုက်စစ်ကစားသမားတွေအနေနဲ့ သိထားသင့်ပါတယ်” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။