ရွက္ဖီးကို ဂိုးျပတ္နိုင္ပြဲမွာ ကြင္းလယ္က အစြမ္းျပခဲ့သူ တစ္ဦးကို လမ္းပတ္ ခ်ီးက်ဴး

ခ်ယ္ဆီးအသင္းနည္းျပ လမ္းပတ္က ညက အသင္း အိမ္ကြင္းမွာ ရွက္ဖီးလ္အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြင္းလယ္လူ ကိုဗာဆစ္ရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာၾကား လိုက္ပါတယ္။

ခ်ယ္ဆီး ဟာ ရွက္ဖီးလ္ကို ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ ထို ပြဲမွာဂိုးေပးလိုက္ရတဲ့ မန္ဒီဟာ ေပးဂိုးမေပးခဲ့ရတဲ့စံခ်ိန္လည္း ပ်က္ျပယ္ခဲ့ရပါတယ္။ ဇီယက္ခ်္ဟာ ရွက္ဖီးလ္နဲ႔ပြဲမွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ ခ်ယ္ဆီး အတြက္ဂိုးေတြကို ေအဘရာဟမ္ ၊ ဘန္ခ်ီဝဲလ္ ၊ သီယာဂိုေဆးလ္ဗား ၊ တီမိုဝါနာတို႔က သြင္းယူခဲ့ပါတယ္။

လမ္းပတ္ဟာ ၿပီးခဲ့တဲ့ရာသီက အားနည္းေနတဲ့ အသင္းရဲ႕လူအင္အားကို ဒီေႏြရာသီမွာ အမ်ားႀကီးျဖည့္တင္းထားခဲ့တာျဖစ္ပါတယ္။ အဂၤလန္သား ကေတာ့ ခ႐ိုေအးရွားသားအတြက္ လက္ရွိရာသီဟာ ခက္ခဲတဲ့ရာသီတစ္ခုျဖစ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္ ရွက္ဖီးလ္နဲ႔ပြဲမွာ ျပသခဲ့တဲ့စြမ္းေဆာင္ရည္ကိုေတာ့ လမ္းပတ္က ခ်ီးက်ဴးေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီႏွစ္က ကိုဗာဆစ္အတြက္ ခက္ခဲတဲ့ရာသီတစ္ခုျဖစ္ေနပါတယ္။ ၿပီးေတာ့ လူစာရင္းကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္ေနပါတယ္။ ကြၽန္ေတာ္ကေတာ့ အသင္းကိုေနာက္တစ္ဆင့္ျမႇင့္တင္ေပးမယ့္သူကို ေ႐ြးခ်ယ္တာပါ။ ကိုဗာဆစ္က ဒီေန႔ပြဲကြင္းလယ္မွာ အေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ တတိယေနရာမွာ ရွိေနပါတယ္။ ဒါေပမယ့္ လုပ္စရာေတြ ရွိေနပါေသးတယ္။အခုေတာ့ တိုးတက္မႈေတြရွိလာေနပါတယ္။။ ပြဲတိုင္းက ၿပိဳင္ဆိုင္မႈျပင္းထန္လာပါတယ္။ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကလည္း တိုးတက္လာတဲ့အတြက္ ေက်နပ္ပါတယ္”လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ရာသီအစမွာ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ စြမ္းေဆာင္ရည္ ေကာင္းေတြျပသလာႏိုင္ခဲ့ၿပီး ထိပ္ဆုံးေနရာကို ျပန္လည္တက္ေရာက္ လာႏိုင္ခဲ့ပါတယ္။

Unicode

ချယ်ဆီးအသင်းနည်းပြ လမ်းပတ်က ညက အသင်း အိမ်ကွင်းမှာ ရှက်ဖီးလ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွင်းလယ်လူ ကိုဗာဆစ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြား လိုက်ပါတယ်။

ချယ်ဆီး ဟာ ရှက်ဖီးလ်ကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ထို ပွဲမှာဂိုးပေးလိုက်ရတဲ့ မန်ဒီဟာ ပေးဂိုးမပေးခဲ့ရတဲ့စံချိန်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဇီယက်ချ်ဟာ ရှက်ဖီးလ်နဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ချယ်ဆီး အတွက်ဂိုးတွေကို အေဘရာဟမ် ၊ ဘန်ချီဝဲလ် ၊ သီယာဂိုဆေးလ်ဗား ၊ တီမိုဝါနာတို့က သွင်းယူခဲ့ပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီက အားနည်းနေတဲ့ အသင်းရဲ့လူအင်အားကို ဒီနွေရာသီမှာ အများကြီးဖြည့်တင်းထားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သား ကတော့ ခရိုအေးရှားသားအတွက် လက်ရှိရာသီဟာ ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှက်ဖီးလ်နဲ့ပွဲမှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်ကိုတော့ လမ်းပတ်က ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီနှစ်က ကိုဗာဆစ်အတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေပါတယ်။ ပြီးတော့ လူစာရင်းကလည်း ပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။ ကျွန်တော်ကတော့ အသင်းကိုနောက်တစ်ဆင့်မြှင့်တင်ပေးမယ့်သူကို ရွေးချယ်တာပါ။ ကိုဗာဆစ်က ဒီနေ့ပွဲကွင်းလယ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ တတိယနေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် လုပ်စရာတွေ ရှိနေပါသေးတယ်။အခုတော့ တိုးတက်မှုတွေရှိလာနေပါတယ်။။ ပွဲတိုင်းက ပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်း တိုးတက်လာတဲ့အတွက် ကျေနပ်ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ စွမ်းဆောင်ရည် ကောင်းတွေပြသလာနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာကို ပြန်လည်တက်ရောက် လာနိုင်ခဲ့ပါတယ်။