လူကာကူက အကောင်းဆုံး အနေအထား ရောက်နေပြီလို့ ကြွေးကြော်လိုက်တဲ့ မာတီနက်ဇ်

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရှုံးကြွေးဆပ်ဖို့ ပြင်သစ်နဲ့ပွဲအတွက် တူရင်ကို ပြန်ရောက်လာတဲ့ တိုက်စစ်မှူး လူကာကူအနေနဲ့ အကောင်းဆုံး အနေအထား ရောက်နေပြီလို့ ဘယ်လ်ဂျီယံ အသင်း နည်းပြ ရောဘတ်တို မာတီနက်ဇ်က အခိုင်အမာပြောပါတယ်။

၂၀၀၃ ခုနှစ်က ချယ်ဆီးကနေ လူကာကူကို အဲဗာတန်အသင်း အငှားနဲ့ခေါ်ယူခဲ့စဉ်က အဲဗာတန်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မာတီနက်ဇ်က အခုလို ပြောဆိုခဲ့တာပါ။

” လူကာကူနဲ့ စပြီးအလုပ်တွဲလုပ်တုန်းက သူဟာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ လူကာကူဟာ တိုက်စစ်မှူး တစ်ဦးဆီကနေ ခင်ဗျားလိုချင်တဲ့အရာမှန်သမျှ ပေးနိုင်စွမ်းရှိပါတယ်။ ခံစစ်ကိုလည်း လိုက်ပါအားဖြည့်ကစားနိုင်ပြီး ပါဝါရှိသလို ကစားတာလည်း လိမ္မာပါးနပ်ပါတယ်။

အီတလီမှာ အင်တာနဲ့အတူ ကစားခဲ့တာက သူ့ကို ပိုမိုရင့်ကျက်စေခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ အတောက်ပဆုံး ကာလလည်း ဖြစ်ခဲ့ပါတယ်။ အခွင့်အရေးကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့သူ့ရဲ့နှုန်းကလည်း ကြောက်စရာ ကောင်းပါတယ်။ သူဟာ ဘယ်လ်ဂျီယံအသင်းရဲ့ စံချိန်တင်ဂိုးသွင်းဘုရင် ဖြစ်နေပြီဖြစ်ပါတယ်။ ” လို့ မာတီနက်ဇ်က ပြောပါတယ်။

လူကာကူဟာ ဘယ်လ်ဂျီယံအတွက် ပွဲပေါင်း ၁၀၀ မှာ ၆၇ ဂိုးအထိသွင်းယူထားပြီး ဘယ်လ်ဂျီယံအသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ရတဲ့ ပြင်သစ်အသင်းနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရမှာဖြစ်ပါတယ်။

Zawgyi

ကမာၻ႔ဖလား ဆီမီးဖိုင္နယ္ ရႈံးေႂကြးဆပ္ဖို႔ ျပင္သစ္နဲ႔ပြဲအတြက္ တူရင္ကို ျပန္ေရာက္လာတဲ့ တိုက္စစ္မႉး လူကာကူအေနနဲ႔ အေကာင္းဆုံး အေနအထား ေရာက္ေနၿပီလို႔ ဘယ္လ္ဂ်ီယံ အသင္း နည္းျပ ေရာဘတ္တို မာတီနက္ဇ္က အခိုင္အမာေျပာပါတယ္။

၂၀၀၃ ခုႏွစ္က ခ်ယ္ဆီးကေန လူကာကူကို အဲဗာတန္အသင္း အငွားနဲ႔ေခၚယူခဲ့စဥ္က အဲဗာတန္နည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ မာတီနက္ဇ္က အခုလို ေျပာဆိုခဲ့တာပါ။

” လူကာကူနဲ႔ စၿပီးအလုပ္တြဲလုပ္တုန္းက သူဟာ အသက္ ၁၉ ႏွစ္ပဲရွိပါေသးတယ္။ လူကာကူဟာ တိုက္စစ္မႉး တစ္ဦးဆီကေန ခင္ဗ်ားလိုခ်င္တဲ့အရာမွန္သမွ် ေပးႏိုင္စြမ္းရွိပါတယ္။ ခံစစ္ကိုလည္း လိုက္ပါအားျဖည့္ကစားႏိုင္ၿပီး ပါဝါရွိသလို ကစားတာလည္း လိမၼာပါးနပ္ပါတယ္။

အီတလီမွာ အင္တာနဲ႔အတူ ကစားခဲ့တာက သူ႔ကို ပိုမိုရင့္က်က္ေစခဲ့ၿပီး သူ႔ရဲ႕ကစားသမားဘ၀ အေတာက္ပဆုံး ကာလလည္း ျဖစ္ခဲ့ပါတယ္။ အခြင့္အေရးကို သြင္းဂိုးအျဖစ္ ေျပာင္းလဲႏိုင္တဲ့သူ႔ရဲ႕ႏႈန္းကလည္း ေၾကာက္စရာ ေကာင္းပါတယ္။ သူဟာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ စံခ်ိန္တင္ဂိုးသြင္းဘုရင္ ျဖစ္ေနၿပီျဖစ္ပါတယ္။ ” လို႔ မာတီနက္ဇ္က ေျပာပါတယ္။

လူကာကူဟာ ဘယ္လ္ဂ်ီယံအတြက္ ပြဲေပါင္း ၁၀၀ မွာ ၆၇ ဂိုးအထိသြင္းယူထားၿပီး ဘယ္လ္ဂ်ီယံအသင္းအေနနဲ႔ ၂၀၁၈ ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ အေရးနိမ့္ခဲ့ရတဲ့ ျပင္သစ္အသင္းနဲ႔ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ပြဲ ကစားရမွာျဖစ္ပါတယ္။