နွေမှာ ချယ်ဆီးနဲ့ သတင်းထွက်ပြီး ဗျာများခဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပြီ ဆိုတဲ့ ကွန်ဒီ

ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်ဆီး အသင်းရဲ့ ခံစစ်ပစ်မှတ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဂျုးလက်စ်ကွန်ဒီကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ဗျာများခဲ့ရပေမယ့် ဆီဗီလာနဲ့အတူ အောင်မြင်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် အပြည့်အ၀ အာရုံစိုက်ထားကြောင်း ပြောသွားခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ ခံစစ်ပစ်မှတ်အတွက် လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ၂၂ နှစ်သားကို ပေါင် ၄၇ သန်းထိ ပေးပြီးကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆီဗီလာက ကွန်ဒီအတွက် ပေါင်သန်း ၆၀ လောက် အလိုရှိတာကြောင့် ပြောင်းရွှေ့ကြေး ညှိမရဖြစ်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်မယ့် လမ်းကိုပိတ်ပင်ခံခဲ့ရတာကြောင့် ကွန်ဒီတစ်ယောက် အသင်းအပေါ် မကျေမနပ် ဖြစ်နေတယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကွန်ဒီကတော့ “ နွေရာသီက တော်တော်လေး အလုပ်ရှုပ်ခဲ့တာ အားလုံးသိကြမှာပါ။ ဘာတွေရှုပ်ခဲ့လဲတော့ မပြောတော့ပါဘူး။ ဒါပေမယ့် အခုချိန်မှာ အားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။ အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကွင်းထဲမှာ အကောင်းဆုံး ခြေစွမ်းရဖို့ကသာ အဓိကပါ။ အသင်းက ကျွန်တော့်ကို လိုအပ်သလို၊ ကျွန်တော်ကလည်း အသင်းအတွက် အကောင်းဆုံးတွေပဲ ပေးချင်ပါတယ်။ ဒါတွေက ကျွန်တော်လုပ်ရမယ့် အလုပ်ပါ။

ဒီရာသီအသင်းရဲ့ ရလဒ်တွေနဲ့ ကျွန်တော့်ခြေစွမ်းအပေါ်မှာ အားရပါတယ်။ ကျွန်တော်ကိုယ်တိုင် ရှေ့လျှောက် တိုးတက်အောင် ကြိုးစားဖို့ လိုသေးပေမယ့် ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့ရာသီ ဖြစ်လာစေဖို့က ပိုအရေးကြီးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဟာ ကွင်းလယ်အတွက် ဆာအူးလ်နီဂွက်ဇ် ၊ တိုက်စစ်အတွက် ရိုမီယူလူကာကူတို့ကို ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်သရဖူကို ဆက်လက် ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မနေ့ညက ဂျူဗင်တပ်စ်နဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ချယ်ဆီး အနေနဲ့ လာမယ့် ဇန်နဝါရီမှာတော့ ခံစစ်ပိုင်းကို သေချာပေါက် အင်အားတိုးချဲ့ဖို့ ရှိနေတာကြောင့် ကွန်ဒီကိုနောက်တစ်ကြိမ် ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

ZG

ျပီးခဲ့တဲ့ ေႏြေစ်းကြက္မွာ ခ်ယ္ဆီး အသင္းရဲ႕ ခံစစ္ပစ္မွတ္ကစားသမား တစ္ေယာက္ျဖစ္တဲ့ ဂ်ဳးလက္စ္ကြန္ဒီကေတာ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဗ်ာမ်ားခဲ့ရေပမယ့္ ဆီဗီလာနဲ႔အတူ ေအာင္ျမင္တဲ့ ရာသီတစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အျပည့္အ၀ အာ႐ုံစိုက္ထားေၾကာင္း ေျပာသြားခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ခံစစ္ပစ္မွတ္အတြက္ လက္ရွိ ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ၂၂ ႏွစ္သားကို ေပါင္ ၄၇ သန္းထိ ေပးၿပီးကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဆီဗီလာက ကြန္ဒီအတြက္ ေပါင္သန္း ၆၀ ေလာက္ အလိုရွိတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ညႇိမရျဖစ္ခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္ လမ္းကိုပိတ္ပင္ခံခဲ့ရတာေၾကာင့္ ကြန္ဒီတစ္ေယာက္ အသင္းအေပၚ မေက်မနပ္ ျဖစ္ေနတယ္ဆိုၿပီးေတာ့လည္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ကြန္ဒီကေတာ့ “ ေႏြရာသီက ေတာ္ေတာ္ေလး အလုပ္ရႈပ္ခဲ့တာ အားလုံးသိၾကမွာပါ။ ဘာေတြရႈပ္ခဲ့လဲေတာ့ မေျပာေတာ့ပါဘူး။ ဒါေပမယ့္ အခုခ်ိန္မွာ အားလုံးက အတိတ္မွာက်န္ခဲ့ပါၿပီ။ အသင္းအတြက္ပဲ အာ႐ုံစိုက္ထားပါတယ္။ ကြင္းထဲမွာ အေကာင္းဆုံး ေျခစြမ္းရဖို႔ကသာ အဓိကပါ။ အသင္းက ကြၽန္ေတာ့္ကို လိုအပ္သလို၊ ကြၽန္ေတာ္ကလည္း အသင္းအတြက္ အေကာင္းဆုံးေတြပဲ ေပးခ်င္ပါတယ္။ ဒါေတြက ကြၽန္ေတာ္လုပ္ရမယ့္ အလုပ္ပါ။

ဒီရာသီအသင္းရဲ႕ ရလဒ္ေတြနဲ႔ ကြၽန္ေတာ့္ေျခစြမ္းအေပၚမွာ အားရပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ေရွ႕ေလွ်ာက္ တိုးတက္ေအာင္ ႀကိဳးစားဖို႔ လိုေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီကထက္ ပိုေကာင္းတဲ့ရာသီ ျဖစ္လာေစဖို႔က ပိုအေရးႀကီးပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ကြင္းလယ္အတြက္ ဆာအူးလ္နီဂြက္ဇ္ ၊ တိုက္စစ္အတြက္ ႐ိုမီယူလူကာကူတို႔ကို ေခၚယူခဲ့ၿပီး ခ်န္ပီယံလိဂ္သရဖူကို ဆက္လက္ ကာကြယ္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေန႔ညက ဂ်ဴဗင္တပ္စ္နဲ႔ အေဝးကြင္းပြဲစဥ္မွာေတာ့ ရႈံးပြဲႀကဳံေတြ႕ခဲ့ရပါတယ္။ ခ်ယ္ဆီး အေနနဲ႔ လာမယ့္ ဇန္နဝါရီမွာေတာ့ ခံစစ္ပိုင္းကို ေသခ်ာေပါက္ အင္အားတိုးခ်ဲ႕ဖို႔ ရွိေနတာေၾကာင့္ ကြန္ဒီကိုေနာက္တစ္ႀကိမ္ ကမ္းလွမ္းလာဖြယ္ ရွိေနပါတယ္။