လူကာကူ အတွက် တောင်းပန်ခြင်းနဲ့ တနင်္လာနေ့ နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ

ချယ်ဆီး နည်းပြ တူချယ်ကတော့ သူတို့အနေနဲ့ တိုက်စစ်မှူးလူကာကူကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး အင်တာမီလန် ပရိသတ်တွေကို တောင်းပန်လိုကြောင်း၊ ဒါပေမဲ့ အသင်းတိုင်းက တိုးတက်မှု ရှိဖို့အတွက် ကြိုးပမ်းနေရခြင်းဖြစ်ကြောင်း၊ သူတို့ဟာ ကြံ့ခိုင်မှု အားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးလိုအပ်နေခဲ့ပြီး ဒီလို ကစားသမားမျိုးက များများစားစားမရှိကြောင်း၊ ဒါကြောင့် လူကာကူကို ပြန်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ ချယ်ဆီး နောက်ခံလူ ရူဒီဂါကို ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ ရူဒီဂါရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချယ်ဆီးနဲ့ စာချုပ်သက်တမ်း မတိုးနိုင် ဖြစ်နေပါတယ်။ ရူဒီဂါကို ရီးရဲလ် အပြင် ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း အလိုရှိနေတာပါ။

ပရီးမီးယားလိဂ်ကလပ်ကြယ်ပွင့်တိုက်စစ်မှူး ဘရိုဂျာဟာ ဒီတစ်ပတ်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ အယ်ဘေးနီးယား အသင်းအတွက် ခြေစွမ်းပြခဲ့ပါတယ်။ ချယ်ဆီး ပရိသတ်တွေကတော့လာမဲ့ရာသီ ဘရိုဂျာကို အသင်းမှာ ပြန်လည်မြင်တွေ့လိုနေပါတယ်။ လက်ရှိမှာတော့ ၂၀ နှစ်အရွယ်ကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ ဆောက်သမ်တန်မှာ အငှား ကစားနေတာပါ။

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး နောက်ခံလူ အလွန်ဆိုက ချယ်ဆီးမှာ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို အတိတ်မှာ ချန်ထားခဲ့နိုင်ပြီဖြစ်ကြောင်း၊ တူချယ်ရဲ့နည်းစနစ်ပိုင်းမှာ သူ့အနေနဲ့ တိုက်စစ်ကို လိုက်ပါရတာ ပိုမိုလွတ်လပ်ပြီး ဒါဟာ ကွန်တီ လက်ထက်တုန်းကနဲ့ ဆင်တူကြောင်း ဖွင့်ဟခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ချယ်ဆီး ကွင်းလယ်ကြယ်ပွင့် ဂယ်လင်ဟာကိုလည်း ပစ်မှတ်ထားလျက် ရှိနေကြောင်း DailyMail က ဖော်ပြထားပါတယ်။ ဂယ်လင်ဟာအနေနဲ့ လက်ရှိ ပဲလေ့စ်မှာအငှားကစားနေပြီး ခြေစွမ်းကောင်းကို ပြသထားပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး နောက်ခံလူ ရီစီဂျိမ်းစ်အနေနဲ့ ဘရန်ဖို့ဒ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်လာနိုင်ချေရှိနေကြောင်း သိရပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့လက်ရှိမှာ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနိုင်နေပါပြီ ဖြစ်ပါတယ်။

ဂျာမနီနည်းပြ ဟန်ဆီဖလစ်ကတော့ ချယ်ဆီးတိုက်စစ်မှူး တီမိုဗာနာ ဟာ နေရာလွတ်တွေ ရှာဖွေရာမှာ ကောင်းမွန်မှု ရှိကြောင်း၊ သူတို့အနေနဲ့ ဝါနာဆီကနေ ဒီထက်ပိုမိုများစွာ မျှော်လင့်လို့ရကြောင်း ထောက်ခံခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီး နည္းျပ တူခ်ယ္ကေတာ့ သူတုိ႔အေနနဲ႔ တိုက္စစ္မွဴးလူကာကူကို ေခၚယူခဲ့ျခင္းနဲဲ႔ ပတ္သက္ၿပီး အင္တာမီလန္ ပရိသတ္ေတြကို ေတာင္းပန္လိုေၾကာငး္၊ ဒါေပမဲ့ အသင္းတုိင္းက တုိးတက္မႈ ရွိဖုိ႔အတြက္ ၾကိဳးပမး္ေနရျခငး္ျဖစ္ေၾကာင္း၊ သူတုိ႔ဟာ ႀကံ႕ခိုင္မႈ အားေကာငး္တဲ့ တုိက္စစ္မွဴးတစ္ဦးလိုအပ္ေနခဲ့ၿပီး ဒီလို ကစားသမားမ်ဳိဳးက မ်ားမ်ားစားစားမရွိေၾကာင္း၊ ဒါေၾကာင့္ လူကာကူကို ျပန္ေခၚခဲ့ျခငး္ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အေနနဲ႔ ခ်ယ္ဆီး ေနာက္ခံလူ ရူဒီဂါကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနပါတယ္။ ရူဒီဂါရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ၿပီး ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း မတုိးႏုိင္ ျဖစ္ေနပါတယ္။ ရူဒီဂါကို ရီးရဲလ္ အျပင္ ပီအက္စ္ဂ်ီနဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း အလိုရွိေနတာပါ။

ပရီးမီးယားလိဂ္ကလပ္ၾကယ္ပြင့္တုိက္စစ္မွဴး ဘရုိဂ်ာဟာ ဒီတစ္ပတ္ယွဥ္ၿပိဳင္ခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္ေတြမွာ အယ္ေဘးနီးယား အသင္းအတြက္ ေျခစြမ္းျပခဲ့ပါတယ္။ ခ်ယ္ဆီး ပရိသတ္ေတြကေတာ့လာမဲ့ရာသီ ဘရိုဂ်ာကို အသင္းမွာ ျပန္လည္ျမင္ေတြ႕လိုေနပါတယ္။ လက္ရွိမွာေတာ့ ၂၀ ႏွစ္အရြယ္ၾကယ္ပြင့္တုိက္စစ္မွဴးအေနနဲ႔ ေဆာက္သမ္တန္မွာ အငွား ကစားေနတာပါ။

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီး ေနာက္ခံလူ အလြန္ဆိုက ခ်ယ္ဆီးမွာ ဆုိးရြားတဲ့ျဖစ္ရပ္ေတြကို အတိတ္မွာ ခ်န္ထားခဲ့ႏိုင္ၿပီျဖစ္ေၾကာင္း၊ တူခ်ယ္ရဲ႕နည္းစနစ္ပိုင္းမွာ သူ႔အေနနဲ႔ တုိက္စစ္ကို လိုက္ပါရတာ ပိုမိုလြတ္လပ္ၿပီး ဒါဟာ ကြန္တီ လက္ထက္တုန္းကနဲ႔ ဆင္တူေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

နယူးကာဆယ္အသင္းဟာ ခ်ယ္ဆီး ကြင္းလယ္ၾကယ္ပြင့္ ဂယ္လင္ဟာကိုလညး္ ပစ္မွတ္ထားလ်က္ ရွိေနေၾကာင္း DailyMail က ေဖာ္ျပထားပါတယ္။ ဂယ္လင္ဟာအေနနဲ႔ လက္ရွိ ပဲေလ့စ္မွာအငွားကစားေနၿပီး ေျခစြမ္းေကာင္းကို ျပသထားပါတယ္။

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီး ေနာက္ခံလူ ရီစီဂ်ိမး္စ္အေနနဲ႔ ဘရန္ဖုိ႔ဒ္နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါ၀င္လာႏဳိင္ေခ်ရွိေနေၾကာင္း သိရပါတယ္။ ရီစီဂ်ိမ္းစ္အေနနဲ႔လက္ရွိမွာ ေလ့က်င့္ခန္း အျပည့္အ၀ ျပန္ဆင္းႏုိင္ေနပါၿပီ ျဖစ္ပါတယ္။

ဂ်ာမနီနညး္ျပ ဟန္ဆီဖလစ္ကေတာ့ ခ်ယ္ဆီးတုိက္စစ္မွဴး တီမိုဗာနာ ဟာ ေနရာလြတ္ေတြ ရွာေဖြရာမွာ ေကာင္းမြန္မႈ ရွိေၾကာငး္၊ သူတုိ႔အေနနဲ႔ ၀ါနာဆီကေန ဒီထက္ပိုမိုမ်ားစြာ ေမွ်ာ္လင့္လို႔ရေၾကာင္း ေထာက္ခံခဲ့ပါတယ္။