ချယ်ဆီးက ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အသင်း ဖြစ်လာပြီလို့ အမွှန်းတင် ချီးကျူးလိုက်တဲ့ နဗီးလ်
လက်ရှိပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ချင်တဲ့ အသင်း မရှိတော့ဘူးလို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ဖွင့်ဟချီးကျူးသွားခဲ့ပါတယ်။
ချယ်ဆီးဟာ စနေနေ့က ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲပါ။
တန်းတက် ဘရန့်ဖို့ဒ်ဟာ ချယ်ဆီးကို အကောင်းဆုံးတုံ့ပြန်ခဲ့ပြီး ဂိုးသမား မန်ဒီသာ လက်စွမ်းမပြခဲ့ရင် သရေကျ သွားနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကတော့ ချယ်ဆီးရဲ့ အနေအထား အပေါ် ကျေနပ်အားရနေပြီး ပွဲအပြီးမှာ အခုလို ချီးကျူးခဲ့ပါတယ်။
“ ချယ်ဆီးတို့ အမှတ်ပေး ချန်ပီယံဆု ကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတွေက မန်စီးတီးနဲ့ လီဗာပူးရှိသေးတယ်လို့ပြောကြမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့နောက်ဆုံး သုံးလေးနှစ်အတွင်း စွမ်းဆောင်ပြခဲ့တာတွေကြောင့်ပါ”
“ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က ချယ်ဆီးကွင်းမှာ မန်စီးတီးရဲ့ စွမ်းဆောင်ရည်ကိုလည်း ခင်ဗျားတို့ ပြောကြမှာပဲ။ ဒါပေမယ့် ချဲလ်ဆီးက အခုဆိုရင် တော်တော်လေး ခံနိုင်ရည်ရှိတဲ့အသင်းဖြစ်ပြီး ရင်ဆိုင်ရ ခက်ခဲကြမ်းတမ်းတဲ့အသင်းဖြစ်နေပါပြီ။ လက်ရှိ ပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ချင်တဲ့ အသင်း ရှိမယ်တောင် မထင်တော့ပါဘူး။ ”
“ဒါတောင် အခု ချယ်ဆီးက ကစားသမားအချို့ မပါနိုင်ခဲ့ဘူး။ သူတို့အတွက် ပြန်လာနိုင်မယ့် ကစားသမားတွေ အများကြီး ရှိပြီး လူစုံသွားရင်တော့ ချယ်ဆီးတို့ အမှတ်ပေးချန်ပီယံဆုအတွက် တကယ်ကို ကြီးကြီးမားမား စိန်ခေါ်နိုင်ပါပြီ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ပွဲမှာ ချယ်ဆီး ခံစစ်တန်းက အဓိက အသင်းသားတချို့ မပါနိုင်ချိန် ခရစ္စတန်ဆန်၊ ချာလိုဘာ၊ မီလန်ဆားတို့ ၃ ယောက်အတွဲနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပေမယ့် လိုအပ်တဲ့ အနိုင် ၃မှတ်ပြည့် ရယူခဲ့ပါတယ်။
ZG