ကိုစတက် အသင်းပြောင်းမယ်လို့ မာဆေးဆိုဒ် သတင်းဌာနရဲ့ ဖော်ပြမှုကို ဂရိ သတင်းထောက် ရှင်းလင်း

ဒီနွေမှာတော့ လီဗာပူးအတွက် ပွဲချိန် ၁၁၃၈ မိနစ်ပဲ ရခဲ့ပြီး ပြိုင်ပွဲစုံ ၂၄ ပွဲမှာ အရန်ကစားသမားအဖြစ် ပွဲထွက်နေရတဲ့ ကိုစတက် အသင်းပြောင်းမယ်လို့ အသံထွက်လာပါတယ်။

ဘယ်အစွန်လူဟာ ၂၄ ပွဲအတွင်းမှာ ပျှမ်းမျှအားဖြင့် ၄၇.၄ မိနစ်စာပဲ ကစားခဲ့ရတာဖြစ်ပြီး သွင်းဂိုး ၆ ဂိုးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့ပါတယ်။ Liverpool Echo သတင်းထောက် Ian Doyle က ဒီနွေမှာ အသင်းက ထွက်မယ့် စီနီယာ ၁၆ ဦးစာရင်းမှာ နောက်ဆုံး ၂၄ ပွဲမှာ ၁ ပွဲပဲ ပွဲထွက်ထားရတဲ့ ကိုစတက်ကို ထည်သွင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လို့ ဂရိသတင်းထောက် Giannis Chorianopoulos ကတော့ လီဗာပူးအသင်းဘက်ကကော၊ ကစားသမားဘက်ကပါ အဲ့လို လမ်းခွဲမှုလုပ်ဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ကိုစတက်ဟာ ဒီရာသီမှာ ကြံ့ခိုင်မှုအတွက် ၂ ပွဲစာ လွဲဖူးတာကလွဲလို့ နည်းပြအလိုရှိတိုင်း အမြဲတမ်း အဆင်သင့် ဖြစ်နေခဲ့သူပါ။

၎င်းသတင်းထောက်ကပဲ “ ဆီမီးကတ်စ်က ဒီနွေ အပြောင်းအရွှေ့ ကာလမှာ လီဗာပူးကနေ မထွက်ချင်ပါဘူး။ ကလော့ပ်ကလည်း သူ့ကို မရောင်းချင်ပါဘူး။ ပြောနေကြသလို ကိုစတက် လီဗာပူးကနေ ထွက်ခွာမယ်ဆိုတဲ့ ဇာတ်လမ်းမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရိုဘိုနဲ့ ကိုစတက်ပြီးရင် လီဗာပူးအသင်းရဲ့ ဘယ်အစွန်အတွက် နောက်ထပ် ရွေးချယ်စရာအဖြစ် လူငယ် ကစားသမား အိုဝင်ဘက် ရှိနေပါတယ်။ အိုဝင်ဘက်ဟာ ဒီရာသီမှာ နှစ်ကြိမ် အငှားထွက်ခဲ့ပေမယ့် ပွဲကစားခွင့် မရတာမို့ လီဗာပူး လူငယ်အသင်းထံ ပြန်ရောက်နေတာ ဖြစ်ပါတယ်။