ဖာမင်နို၊ ကာဗာရို၊ အာသာ၊ ကလယ်ဟာ၊ နက်ဖီးလစ်တို့နဲ့ နွေမှာ လီဗာပူးက ထွက်မယ့် အသင်းသား ၁၆ ဦး

ဒီရာသီဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၈ ပွဲ ကစားဖို့ လိုအပ်နေပြီး တရားဝင် နွေစျေးကွက် ဖွင့်ဖို့ကလည်း ၇၂ ရက်တောင် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးရဲ့ နွေခေါ်ယူမှုတွေဟာ ခပ်မြန်မြန် ဖြစ်လာမယ်လို့ သိထားရပြီး တူညီတမှုအနေနဲ့ ကစားသမား ရှင်းထုတ်မှုတွေကိုလည်း စျေးကွက် အစောပိုင်းတွေမှာ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း မာဆေးဆိုဒ် သတင်းဌာန Echo ကနေ ဖော်ပြပါတယ်။

ဒီနွေမှာ လီဗာပူးကနေ သေချာပေါက် ထွက်ခွာမယ့် ကစားသမားတွေကတော့ တိုက်စစ်မှူး ဖာမင်နို၊ ကွင်းလယ်လူ ချိန်ဘာလိန်၊ ကိတ်တာ၊ အာသာ၊ ဂိုးသမား အတ်ဒရီယန်တို့ပဲ ဖြစ်ပါတယ်။ ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီလ်နာကိုလည်း အသင်းနေ ထွက်ခွင့်ပေးမယ်လို့ သိထားရပြီး သက်တမ်းတိုးဖို့ ညိနှိုင်းမှု ရပ်တန့်ထားပါတယ်။

အသင်းဘက်က တိုက်စစ်သမား ကာဗာရိုကို အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။ ပုံမှန် ပွဲထွက်ခွင့်အတွက် ဂိုးသမား ဂလယ်ဟာရဲ့ ဆန္ဒကို နားထောင်ပြီး ကမ်းလှမ်းမှုတွေကို လက်ခံပေးရဖို့ ရှိပါတယ်။ နက်ဖီးလစ်ကိုလည်း ရောင်းထုတ်သွားပါမယ်။

ရွိုင်းဝီလီယမ်က အသင်း ရှင်းထုတ်လိုတဲ့ ကစားသမားဖြစ်ပြီး ကိုစတက်ကို ချိတ်ဆက်ခံရမှု​တွေ ရှိနေပေမယ့် အသင်းဘက်က ဆက်ထိန်းလိုနေသေးဆဲ ဖြစ်ပါတယ်။ မာတစ်ကို ရောင်းမယ်လို့ သတင်းထွက်နေပေမယ့် ရိုမန်နိုကတော့ အပြောင်းအရွှေ့ ဖြစ်မယ် မထင်ဘူးလို့ ဆိုပါတယ်။

အခြားသော စီနီယာအသင်းသား ၂ ဦးဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဖာဘင်ညိုတို့ကို ကမ်းလှမ်းမှုကြီးရရင် အသင်းဘက်က စဉ်းစား ပေးနိုင်ပြီး မဟုတ်ရင်တော့ ဆက်နေခွင့်ရဖွယ် ရှိပါတယ်။ အငှားချထားတဲ့ တေလာ မော်ဆန်နဲ့ ကော်နာ ဘရတ်ဒလေတို့ အတွက်ကတော့ သူ့ရဲ့ ဆန္ဒကို နားထောင်ပေးမှာဖြစ်ပါတယ်။