အကယ်ဒမီ တားမြစ်ချက်၊ နူးနက်စ်က ဦးစားပေး အဆင့်မှာ မရှိတော့ခြင်း၊ ဘေဂါအတွက် စျေးလျော့ပေးမှာ မဟုတ်တဲ့ ဆယ်တာဗီဂိုနဲ့ လီဗာပူး သတင်းတိုများ

ဒီနွေစျေးကွက်မှာ အသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို ရောင်းထုတ်မှာ မဟုတ်ဘဲ အသင်းမှာ ဆက်ထိန်းထားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီ ကစားသမားတွေတိုင်းရဲ့ စာချုပ်မှာ အထူး ထည့်သွင်းချက်အဖြစ် စီနီယာအသင်းထံ ခေါ်ယူခြင်း မခံရသ၍ ဇိမ်ခံ ကားကြီးတွေ ကိုယ်တိုင် မောင်းနင်ပြီး အသင်းထံ လာခွင့်မရှိကြောင်း ပိတ်ပင်ထားပါတယ်။

အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာဟာ အတော်လေး ထူးချွန်သူဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထံ တက်ရောက်နိုင်တဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းအရ လီဗာပူးက ခေါ်ယူလိုရင် ပေါင် ၁၀ သန်း ထပ်တိုးနေလောက်ပြီလို့ မှတ်ချက်ပေးပါတယ်။

မက်သရုးစ် နူးနက်စ်ကို ကာလရှည် စောင့်ကြည့်ခဲ့ပေမယ့် အခုချိန်မှာ ဝုဗ်ကွင်းလယ်လူဟာ လီဗာပူးရဲ့ ဦးစားပေး အဆင့်မှာ ရှိမနေတော့ဘူးလို့ ရိုမန်နိုက ထုတ်ပြောလာပါတယ်။

ဒီအပတ် လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ နော်တင်ဟမ် ဖောရက်စ်က ဟေးဘရော့ ဖြစ်ရပ်ကို စော်ကားမှု လုံးဝ မလုပ်ဘူးလို့ ကလပ်နဲ့ ပရိသတ် အဖွဲ့တွေက ကတိပြုထားပါတယ်။

ဒီရာသီ ပွဲ ၂၀ မှာ ၁၈ ဂိုး သွင်းထားတဲ့ အကယ်ဒမီ တိုက်စစ်မှူး စတီးဝပ်ဟာ အနာဂတ်အတွက် အကဲခတ်ရဦးမှာ ဖြစ်ပေမယ့်လို့ စီနီယာအသင်းထံ ရောက်ဖို့ ကြိုးစားလိုနေဆဲလို့ သိရပါတယ်။

ဒီအပတ် နော်တင်ဟမ် ဖောရက်စ်ပွဲမှာ အဝါကဒ် ထိမယ်ဆိုရင် ကွင်းလယ်လူ ဖာဘင်ညိုဟာ ၂ ပွဲပယ် ပြစ်ဒဏ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဆဲလ်တာဗီဂို ဥက္ကဋ္ဌက ဂေဘရီ ဘေဂါအတွက် ညိနှိုင်းခံမှာ မဟုတ်ဘဲ သူ့ကို အလိုရှိတဲ့ ကလပ်တွေဟာ စာချုပ်ပါကြေး ယူရို သန်း ၄၀ ပေးရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ အခြားသော ဥရောပ ထိပ်တန်းကလပ်တွေနည်းတူ အသက် ၂၀ အရွယ် စပိန်သားကို စောင့်ကြည့်နေပါတယ်။