ဒါဝင် တောင်းဆိုမှုကို ရင်ဆိုင်ရမယ့် ကလော့ပ်၊ ကွင်းလယ် မေးခွန်းသစ်နဲ့အတူ ဖောရတ် ပွဲအတွက် ခေါင်းကိုက်ရမယ့် ပွဲထွက်လူစာရင်း

လီဗာပူးဟာ လိဒ်စ်ကို စံချိန်တင် နိုင်ပွဲနဲ့အတူ အသင်းရဲ့ နိုင်ပွဲပျောက်မှတ်တမ်းကို လေးလေးနက်နက် ပုံစံနဲ့ အဆုံးသတ်ခဲ့ပါတယ်။

အခုဆိုရင် လီဗာပူးဟာ စနေနေ့ ဖောရတ်နဲ့တွေ့တဲ့အခါ ပရီးမီးယားလိဂ် ဇယားအပေါ်ကို ဆက်လက်ဆန်တက်ဖို့ မျှော်လင့်ချက်တွေ မြှင့်တင်ချင်နေပါလိမ့်မယ်။
နောက်ပွဲအတွက် ကလော့ပ် လုပ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတွေက ဘာတွေဖြစ်မလဲ။

ခံစစ် တည်ငြိမ်မှု

အာဆင်နယ်နဲ့ပွဲက အထင်ကြီးစရာ ဒုတိယပိုင်း စွမ်းဆောင်ရည်ကြောင့် ကလော့ပ်ဟာ နောက်ဆုံး ၂ပွဲမှာ တူညီတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ပြီး ဒီပွဲမှာလည်း အပြောင်းအလဲ အများကြီး တွေ့ရဖို့ မရှိလောက်ပါဘူး။ အတွင်းထဲထိ ဝင်ရတာမျိုးလို နေရာအသစ်ရထားတဲ့ ထရန့်ရဲ့ ခြေစွမ်းကို လူတိုင်းက ဆက်မြင်လိုပါတယ်။

ဘယ်နောက်တန်းမှာတော့ အန်ဒီ ရော်ဘတ်ဆန်က ထပ်မံပြီး ဆီမီကက်စ်ထက် နေရာရဦးမှာပါ။ ဗဟိုခံစစ်က ဗန်ဒိုက်နဲ့ ကိုနာတေးလည်း အတူတူပါပဲ။ ဂိုးပေါက်မှာတော့ အယ်လစ်ဆန် ဘက်ကာပါပဲ။

နေရာအပိုင်သိမ်းထားတဲ့ ကားတစ်ဂျုံးစ်

ကွင်းလယ်ဘယ်ခြမ်းမှာ ကာတစ်ဂျုံးစ်က ပုံမှန်ပွဲထွက်သူ ဖြစ်လာကာ လိဒ်စ်နဲ့ပွဲမှာ ဖန်တီးမှုတစ်ကြိမ် လုပ်ပေးခဲ့ပါတယ်။ သူက ဖိအားပေးမှုတွေမှာ ပိုမို ပါဝင်လာနိုင်တယ်၊ တိုက်စစ် လိုက်ပါရာမှာ ပိုပြီး ယုံကြည်မှုရှိလာပါတယ်။ ဒါပေမယ့် သီယေဂို ကြံ့ခိုင်မှုပြန်ရလာတာကြောင့် ကွင်းလယ်မှာ နောက်ထပ် ရွေးချယ်စရာ ရလာစေပါတယ်။

ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့တွေ ဆက်တိုက် ပွဲထွက်ခဲ့ရပြီး ဒီတစ်ပတ်အတွက် ကွင်းလယ်ကို အပြောင်းအလဲ လုပ်မယ်ဆိုရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို အနားပေးတာ ဖြစ်လာနိုင်ပါတယ်။ ဒီရာသီ ပွဲတိုင်းပါဝင်ကစားခဲ့တဲ့ ဟာဗေးက နောက်ဆုံး ၃ပွဲမှာ ဘောလုံးတောင် ကန်ခွင့်မရလိုက်ပါဘူး။

လက်ရှိ ကွင်းလယ်စာရင်းအရ ဒီ ၅ ဦးကိုပဲ လှည့်သုံးမှာဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်း မီလ်နာက ပရီးမီးယားလိဂ်တစ်ပွဲပဲ ပွဲထွက်ခဲ့ရပါတယ်။

ဒီယက်ဇ် ဆုံးဖြတ်ချက်

၆လကြာပြီးနောက် လူးဝစ်ဒီယက်ဇ် ပြန်လာတာက တိုက်စစ်အတွက် ကလော့ပ် သဘောကျမယ့် ခေါင်းကိုက်စရာတစ်ခု ဖြစ်စေခဲ့ပေမယ့် သူ့ကို ပွဲထွက်ခွင့်တော့ ပေးဦးမှာ မဟုတ်ပါဘူး။ အရန်လူအဖြစ် သူ့ကို ၂ ပွဲ ၃ ပွဲ ပွဲကစားခွင့် ပေးဦးမှာ ဖြစ်ပါတယ်။

ဂျိုတာဟာ ဘယ်တောင်ပံက ပွဲထွက်နေရာကို ထိန်းသိမ်းထားခဲ့ပြီး လိဒ်စ်နဲ့ပွဲမှာ ၂ဂိုးသွင်းခဲ့ပေမယ့် လူစားဝင်ကစားပြီး ဂိုးသွင်းသွားတဲ့ ဒါဝင်ကြောင့် ဖိအားတွေ ရှိမှာပါပဲ။ အခုချိန်မှာ လီဗာပူးပရိသတ်တွေက ဒါဝင်ကို ပိုပြီး မြင်လိုပေမယ့် ကလော့ပ်အတွက်က ကြံ့ခိုင်မှုပေါ် မူတည်ပြီး ဘယ်သူ့ကို ဦးစားပေးမလဲ ဆုံးဖြတ်ရဖို့ ဖြစ်လာပါတယ်။

ဂက်ပိုနဲ့ ဖာမင်နိုတို့ဟာ နောက်ဆုံး ၂ပတ်အတွင်း အသီးသီး ဂိုးသွင်းခဲ့ကြသလို ဗဟိုတိုက်စစ်အတွက် ရွေးချယ်စရာတွေ ဖြစ်ပါတယ်။ ဆာလာကတော့ ညာတောင်ပံမှာ ဆက်ကစားရဦးမှာပါ။