အသင်းသား ၁၄ ဦးခန့် ထွက်ခွာနိုင်ခြင်း၊ မေဂျာလိဂ် ရောက်ဖွယ်ရှိတဲ့ ဖာမင်နို၊ ကာဗာရို၊ ဂလယ်ဟာ ထွက်ဖို့ရှိခြင်းနဲ့ လီဗာပူး သတင်းတိုများ

ဖာမင်နိုကို ခေါ်ယူရေးအား အင်တာမီလန်ဘက်က ကြိုးစားနေပေမယ့် မေဂျာလိဂ်ကလပ် စိန့်လူးဝစ် စီးတီးက ပိုမို အသာစီးရလာတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်နဲ့ မန်စီးတီးပွဲအပြီး လီဗာပူးအသင်းနဲ့ အနာဂတ်ကိစ္စ ဖြေဆိုပေးဖို့ကို ဂရာဗင်ဘက်ချ်က ငြင်းဆန်ပါတယ်။

လီဗာပူး လူငယ်အသင်း နည်းပြတွေဟာ စီနီယာအသင်း နည်းပြတာဝန်တွေအဖြစ် အခြားသော ကလပ်တွေမှာ သွားရောက် ရယူနိုင်တာကြောင့် ရည်မှန်းချက်ရှိသူတွေ စိတ်ဝင်စားသင့်တဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။

ဂိုးသမား ကလယ်ဟာဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ထွက်ခွာလိုနေပြီး လီဗာပူးဘက်က အငှားချမယ်ဆိုရင် ခေါ်ယူလိုတဲ့ ကလပ်တွေ အများကြီး ရှိနေပါတယ်။

ဒီနွေမှာတော့ ကာဗာရိုကို အငှားဖြစ်စေ အပြီးသတ် စာချုပ်နဲ့ဖြစ်စေ ထွက်ခွင့်ပေးဖို့ လီဗာပူးအသင်းဘက်က စီစဉ်ထားပါတယ်။

မေဆန်မောင့်ဟာ သူ့ရဲ့ အနာဂတ်ကို သေချာလေး စဉ်းစားမှာဖြစ်ပြီး လီဗာပူးအသင်းထံ ပြောင်းလာဖို့ များနေတယ်လို့ လန်ဒန်သတင်းထောက်တွေက ထုတ်ဖော်နေကြပါတယ်။

ဘယ်လင်ဟမ်ဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့လိုပြီး ဒီနွေမှာ အဲ့လို မလုပ်နိုင်တာကြောင့် ဒေါ့မွန်အသင်းမှာ တစ်ရာသီ ဆက်နေလိမ့်မယ်လို့ ဗြိတိန် အစီအစဉ်မှူးတွေက မှတ်ချက်ပေးလာပါတယ်။

ဒီအပတ်မှာလည်း တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ဟာ လေ့ကျင့်ရေး အပြည့် ပြန်ဝင်နိုင်ခဲ့ပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းက ကစားသမား ၁၄ ယောက်လောက်ထိ ရှင်းထုတ်နိုင်ကြောင်း သိရပါတယ်။ အရန်ကစားသမား အများအပြားကို ထွက်ခွင့်ပေးဖို့ ရည်ရွယ်လာခြင်း ဖြစ်ပါတယ်။

အယ်လစ်စတာအတွက် လီဗာပူးက ပေါင် သန်း ၆၀ လောက်ထိ ပေးရနိုင်တယ်လို့ သိရပြီး ဒါဟာ ဘရိုက်တန်ဘက်က တောင်းဆိုတာမျိုးထက် စျေးကွက်တွင်း ပေါက်ကြေးကို အကဲစမ်း နေကြခြင်း ဖြစ်ပါတယ်။