ယူရို သန်း ၁၅၀ တန် ဘယ်လင်ဟမ်အတွက် လက်လျော့လိုက်တာ လီဗာပူးအသင်း မှန်ကန်ပါတယ်

လီဗာပူးအသင်းဟာ ၂၀၂၃ နွေမှာ အင်္ဂလန်ရဲ့ အကောင်းဆုံးသော လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့အား အပြီးတိုင် နောက်ဆုတ်ခဲ့ပါပြီ။ ဒီရွေးချယ်မှုက မှန်ကန်ပါတယ်။

အထက်က စကားကို ပြောလာတာက တယ်လီဂရပ်မှ လန်ဒန်သတင်းထောက် Matt Law ဖြစ်ပါတယ်။ သူကတော့ ဒေါ့မွန်ဟာ ဘယ်လင်ဟမ်အတွက် ယူရို သန်း ၁၅၀ ထိ တောင်းဆိုမှာဖြစ်ကြောင်းနဲ့ တကယ်တမ်းမှာတော့ ဘွန်ဒက်လီဂါကလပ်ဟာ အင်္ဂလန်ကြယ်ပွင့်ကို သူတို့အသင်းမှာ ၁ ရာသီ ဆက်ထိန်းထားလိုတာလို့ ဆိုပါတယ်။

ဒီနွေမှာ ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ မန်စီးတီးတို့ကလည်း မရခဲ့ဘူးဆိုရင် ၂၀၂၄ နွေမှာ နောက်တစ်ကြိမ် အပြောင်းအရွှေ့ကိစ္စ ရေပန်းစားမှုတွေ ပြန်ဖြစ်လာပါဦးမယ်။ လီဗာပူးကလည်း သေချာပေါက် ထပ်ပါဦးမှာပါ။

FSG ဘက်က ဘယ်လင်ဟမ်ကို လက်လျော့ဖို့ ဆုံးဖြတ်ချက်ကို ကျယ်ပြန်တဲ့ အခြေအနေကို ခြုံငုံပြီးမှ နည်းပြကို ထုတ်ပြောခဲ့တာဖြစ်ပြီး ကလော့ပ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့်လို့ ကာရေဂါကတော့ ကွဲပြားစွာ ခံစားရတယ်။

ကာရေဂါက အသင်းဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ရေးကို လှုပ်ရှားရာမှာ နှေးကွေးလွန်းပြီး ဇန်နဝါရီကလည်း မလိုအပ်ပါဘဲ ဂက်ပိုကို အရင်ဆုံး ခေါ်ယူခဲ့တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် လီဗာပူးက အန်ဇို ဖာနန်ဒက်စ်ကို ချိတ်ဆက်ခဲ့ပြီး ချယ်ဆီးပေးတဲ့ ပေါင် ၁၀၅ သန်းထက် အတော်လေး နည်းခဲ့ပါတယ်။

Matt Law ကတော့ လီဗာပူးရဲ့ ဦးတည်မှုတွေဟာ ချိန်သားကိုက် မဖြစ်ခဲ့တာလို့ ပြောပြပါတယ်။ မနှစ်ကနွေမှာ မန်စီးတီးက ဟာလန်းကို မန်စီးတီးထံ ရောင်းချခဲ့စဉ် ဘယ်လင်ဟမ်အတွက် စျေးနှုန်းက ယူရို သန်း ၈၀ ပဲ ရှိပါတယ်။ ဒါပေမယ့် လီဗာပူးဘက်က ခေါ်ယူဖို့ ချိတ်ဆက်မှုကို ဒေါ့မွန်တို့ လက်မခံပါဘူး။

လီဗာပူးကလည်း ပြောင်းရွှေ့ကြေး၊ လုပ်ခနဲ့ အခြားသော အစစ အရာရာ ထည့်တွက်ရမှုတွေမှာ ပိုမို သင့်လျော်တဲ့ ချူအာမီနီကို ပြောင်းလဲ ချိန်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပီအက်စ်ဂျီက အမ်ဘတ်ပီကို ၂၀၂၅ ခုနှစ်ထိ ဆက်ထိန်းနိုင်ခြင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်က အဓိက ခေါ်ယူမှု မအောင်မြင်တာမို့ ချူအာမီနီကို ပြောင်းလဲ ခေါ်ယူခဲ့ပါတယ်။

လီဗာပူးကလည်း မာနေး ထွက်ဖို့ တောင်းဆိုခြင်းနဲ့အတူ ရေရှည်မှာ သူတို့ အင်အားဖြည့်ရမယ့် ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ်နေရာ ကစားနိုင်သူ ဒါဝင် နူးညက်စ်ကို ပြောင်းလဲ ချိန်ရွယ်ခဲ့ပါတယ်။

ကွင်းလယ်အတွက် ငြင်းချက်ထုတ်စရာတွေ ရှိပေမယ့် ၁၄ လအတွင်းမှာ လီဗာပူးက ဒီယက်ဇ်၊ ဒါဝင်၊ ကာဗယ်ရိုနဲ့ ဂက်ပိုတို့လို တိုက်စစ်သမားတွေအတွက် ပေါင် သန်း ၂၀၀ အကုန်အကျခံခဲ့တယ်လို့ Matt Law က ဆိုပါတယ်။

ဒီနွေမှာ ကလော့ပ်နဲ့ နည်းပြအဖွဲ့က ကွင်းလယ်ကို ပြန်လည်စုဖွဲ့ဖို့ အတော်လေး အာရုံစိုက်ရမယ့် အခြေအနေမှာ သူတို့ရဲ့ ဦးစားပေး ပစ်မှတ် ဘယ်လင်ဟမ် ဘာကို ရွေးချယ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။

လီဗာပူးအသင်းက တန်ကြေးကြီးစွာ ခေါ်ယူရမယ့် သူ့ကို ခေါ်နိုင်မှာလား မခေါ်နိုင်မှာလား ခြေချုပ်မိခံ မနေဘဲ အခြားသော ပစ်မှတ်တွေထံ အမြန်ဆုံး ပြောင်းရွှေ့မှာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါလို့ ထောက်ခံခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။