အားကစားဒါရိုက်တာသစ် ချိတ်ဆက်ခြင်း၊ ခံစစ်ပစ်မှတ်တွေ၊ မောင့်ကို ဦးစားပေး ချိန်ရွယ်ခြင်းနဲ့ လီဗာပူး သတင်းတိုများ

နည်းပြဂျရတ်ဟာ ဂရိကလပ် အိုလံပီယာကိုစ့်ကို တာဝန်ယူခြင်းနဲ့အတူ အုပ်ချုပ်မှု နယ်ပယ်ထဲ ပြန်လည် ဝင်လာရောက်ဖွယ် ရှိနေပါတယ်။

ထရန့်ကို အရင်လို တိုက်စစ်မလိုက်ခိုင်းဘဲ ကွင်းလဲထဲ ထည့်သွင်းနေတဲ့ ကလော့ပ်ရဲ့ နည်းစနစ်ဟာ အတော်လေး စူးစမ်းခံရမှု များနေပြီး အနာဂတ်မှာ ဒီပုံစံအတိုင်း ဆက်ကစားမှာလား ထရန့်က ကွင်းလယ်လူအဖြစ် အသွင်ပြောင်းမလား သိလိုနေကြပါတယ်။

ခံစစ်အတွက် လီဗာပူးအသင်း ကင်းထောက်နေသူတွေထဲမှာ နာပိုလီမှ ကင်မင်ဂျေ၊ လိုက်ဇစ်မှ ဂါဗာဒီယိုနဲ့ ဖရန့်ဖတ်မှ အန်ဒီကာတို့ ပါဝင်ထားပါတယ်။

အားကစားဒါရိုက်တာသစ် ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်း ဒါရိုက်တာ Tim Steidten နဲ့ စကားပြောမှု ပြုလုပ်နေပါတယ်။

ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီး ပုံမှန် ခြေစွမ်းရဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရသလို ဒီယက်ဇ်ကလည်း ပုံစံကောင်း ပြန်ရရေး အချိန်ယူရမယ်လို့ ကလော့ပ်က နားလည်ထားပါတယ်။

အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုကတော့ လီဗာပူးဟာ တိုရီနို ခံစစ်မှူး ပါရှောစ့်ကို စိတ်ဝင်စားနေဆဲလို့ ဆိုပါတယ်။

အေဂျက်ခံစစ်မှူး တမ်ဘာရဲ့ ကောင်မလေးဟာ မာဆေးဆိုဒ်မှာ အိမ်ရှာနေပြီး သူတို့ စုံတွဲရဲ့ အနာဂတ်ဟာ အင်္ဂလန်လိဂ်ထံ ပြောင်းလာဖို့ ဖြစ်မယ်လို့ ယူဆခံနေရပါတယ်။

လီဗာပူးအသင်းရဲ့ နွေဦးစားပေး ပစ်မှတ်ဟာ မေဆန်မောင့်ဖြစ်ပြီး အင်္ဂလန်သားကို ချိတ်ဆက်စကားပြောဖို့ မာဆေးဆိုဒ်ကလပ် တာဝန်ရှိသူတွေ စတင်လာတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးက ပေါင် သန်း ၇၀ အောက်ဖြင့်ပါ။

ဒီကလန်ရိုက်ဟာ လီဗာပူးအသင်းမှာ အံဝင်နိုင်တယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ခဲ့ပြီး ကွင်းလယ်လူ ခေါ်ယူရေး ပြိုင်ဆိုင်မှုထဲ ဝင်ပါဖို့ အသင်းဟောင်းကို သတိပေးခဲ့ပါတယ်။