NEWS: တိုက်စစ်သမား ဆန်ချိုအတွက် ကမ်းလှမ်းမှုကို စတင်လိုက်ပြီဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီးဟာ ဒေါ့မွန်စတား ဆန်ချိုအတွက် ၎င်းရဲ့ ကိုယ်စားလှယ်ဖြစ်သူတွေနဲ့ တွေ့ဆုံ စကားပြောမှုကို စတင်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်သတင်းတွေဘက်က အတည်ပြုမှုကို ကိုးကားပြီး အင်္ဂလန်မီဒီယာတွေက စတင်ကာ ဖော်ပြခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇီယက်ကို ခေါ်ယူပြီး ရက်ပိုင်းအကြာမှာပဲ ဆန်ချိုကို ခေါ်ယူဖို့အတွက် စတင်လိုက်တာဖြစ်တယ်။ မိုရိုကို တိုက်စစ်သမားကတော့ လာမယ့် နွေမှာ ချယ်ဆီးနဲ့ သတင်ပူးပေါင်းမှာဖြစ်ပြီး နောက်ထပ် တိုက်စစ်ပိုင်းအတွက် အင်္ဂလန်သား တိုက်စစ်သမားကို ထပ်မံ စည်းရုံးနေတာဖြစ်ပါတယ်။

ဒေါ့မွန်တောင်ပံတစ်လျှောက် ပုံမှန်ပွဲထွက်တစ်နေရာ ဆုပ်ကိုင်ထားတဲံ ဆန်ချိုဟာ အမှတ်ပေးပွဲ ၂၀ အတွင်း သွင်းဂိုး ၁၃ ဂိုးထိ ရယူထားခဲ့ကာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေပါတယ်။ ဒေါ့မွန်ဘက်က ဆန်ချိုကို ရောင်းထုတ်ရာမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ရမယ်လို့ မျှော်လင့်နေပြီး ယူရို ၁၂၀ သန်းကြားထိ ဈေးပေါက်မယ်လို့ သတင်းတွေ ထွက်ပေါ်ထားတာဖြစ်တယ်။

ဒါဟာ ၂၀၁၇ ခုနှစ်က တောင်ပံသမား ဒမ်ဘီလီကို ဘာစီလိုနာထံ ရောင်းချစဉ် ရရှိခဲ့တဲ့ ပေါင် ၈၉.၅ သန်းထက် ပိုမို များပြားမယ်လို့ ခန့်မှန်းရပါတယ်။ ပရီးမီးယားလိဂ် ကလပ်အများအပြားက ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကလည်း ကစားသမားရဲ့ တန်ကြေး မြင့်တက်လာစေခြင်း အကြောင်းရင်းတစ်ရပ်ပဲဖြစ်တယ်။

ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူး ယူနိုက်တက်တို့ကလည်း ကြိးစားနေပေမယ့် လီဗာပူးဘက်က လိုက်ဇစ်တိုက်စစ်သမား ဝါနာကိုပဲ အဓိက ကြိုးစားဖွယ်ရှိပြီး ယူနိုက်တက်ကတော့ ဂရီလစ်နဲ့ မတ်ဒီဆန်တို့ဘက်ကို ဦးလှည့်နေတယ်လို့ သိရတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေဒါ့မြန္စတား ဆန္ခ်ိဳအတြက္ ၄င္းရဲ႕ ကိုယ္စားလွယ္ျဖစ္သူေတြနဲ႔ ေတြ႔ဆံု စကားေျပာမႈကို စတင္လိုက္ျပီျဖစ္ေၾကာင္း ျပင္သစ္သတင္းေတြဘက္က အတည္ျပဳမႈကို ကိုးကားျပီး အဂၤလန္မီဒီယာေတြက စတင္ကာ ေဖာ္ျပခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဇီယက္ကို ေခၚယူျပီး ရက္ပိုင္းအၾကာမွာပဲ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ စတင္လုိက္တာျဖစ္တယ္။ မိုရိုကို တိုက္စစ္သမားကေတာ့ လာမယ့္ ေႏြမွာ ခ်ယ္ဆီးနဲ႔ သတင္ပူးေပါင္းမွာျဖစ္ျပီး ေနာက္ထပ္ တိုက္စစ္ပိုင္းအတြက္ အဂၤလန္သား တိုက္စစ္သမားကို ထပ္မံ စည္းရံုးေနတာျဖစ္ပါတယ္။

ေဒါ့မြန္ေတာင္ပံတစ္ေလွ်ာက္ ပံုမွန္ပြဲထြက္တစ္ေနရာ ဆုပ္ကိုင္ထားတဲံ ဆန္ခ်ိဳဟာ အမွတ္ေပးပြဲ ၂၀ အတြင္း သြင္းဂိုး ၁၃ ဂိုးထိ ရယူထားခဲ့ကာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနပါတယ္။ ေဒါ့မြန္ဘက္က ဆန္ခ်ိဳကို ေရာင္းထုတ္ရာမွာ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ရမယ္လို႔ ေမွ်ာ္လင့္ေနျပီး ယူရို ၁၂၀ သန္းၾကားထိ ေစ်းေပါက္မယ္လို႔ သတင္းေတြ ထြက္ေပၚထားတာျဖစ္တယ္။

ဒါဟာ ၂၀၁၇ ခုႏွစ္က ေတာင္ပံသမား ဒမ္ဘီလီကို ဘာစီလိုနာထံ ေရာင္းခ်စဥ္ ရရွိခဲ့တဲ့ ေပါင္ ၈၉.၅ သန္းထက္ ပိုမို မ်ားျပားမယ္လို႔ ခန္႔မွန္းရပါတယ္။ ပရီးမီးယားလိဂ္ ကလပ္အမ်ားအျပားက ဆန္ခ်ိဳကို ေခၚယူဖို႔ စိတ္ဝင္စားျခင္းကလည္း ကစားသမားရဲ႕ တန္ေၾကး ျမင့္တက္လာေစျခင္း အေၾကာင္းရင္းတစ္ရပ္ပဲျဖစ္တယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ လီဗာပူး ယူႏုိက္တက္တို႔ကလည္း ၾကိးစားေနေပမယ့္ လီဗာပူးဘက္က လိုက္ဇစ္တိုက္စစ္သမား ဝါနာကိုပဲ အဓိက ၾကိဳးစားဖြယ္ရွိျပီး ယူႏုိက္တက္ကေတာ့ ဂရီလစ္နဲ႔ မတ္ဒီဆန္တို႔ဘက္ကို ဦးလွည့္ေနတယ္လို႔ သိရတာျဖစ္ပါတယ္။