ချယ်ဆီးရဲ့ အနာဂတ်ဖြစ်လာမယ့် အသင်းသား သုံးဦးအကြောင်း ထုတ်ဖော်ပြောဆိုတဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ယူနိုက်တက်နဲ့ ပွဲကြိုမှာတော့ အနာဂတ်မှာ တောက်ပလာပြီး အသင်းရဲက ထောက်တိုင်တွေ ဖြစ်လာမယ့် အသင်းသား သုံးဦးအကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

လမ်းပတ်က ” ကျနော် ရူဘင်နဲ့ စကားပြောခဲ့ပြီး သူက အရာအားလုံးကို ရယူလိုတယ်။ ၂၀၁၈ ခုနှစ် ယူရိုပါလိဂ်တုန်းက သူ hat-trick ရခဲ့တာကို ကျနော် သတိရမိပါတယ်။ သူက ကျနော်လို ဂိုးသွင်းတတ်သူဖြစ်ပြီး ဧရိယာထဲ အကောင်းဆုံး အဆုံးသတ်ပြနိုင်သူပါ။ သူ့ရဲ့ သွင်းဂိုးတွေကို ကျနော် နှစ်သက်မိပါတယ်။

သူ ဂိုးတွေ ဘယ်လောက်ထိ သွင်းပေးရမယ်ဆိုတာမျိုး မရှိပါဘူး။ ဒီအကြောင်း သူ့နဲ့ စကားပြောမှုတော့ လုပ်ရမှာပါ။ တစ်ရာသီကို ဂိုး ၁၅၊ ၂၀ လောက် သွင်းနိုင်မလား။ သူ အဲ့လောက် လုပ်နိုင်မယ်လို့ ကျနော် ထင်မိပါတယ်။

မနှစ်က ဇန်နဝါရီက သူ့ကို ဒါဘီအသင်းဆီ အငှားခေါ်ဖို့ ကျနော် ကြိုးစားဖူးတယ်။ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုက သိပ်ကောင်းတယ်။ သူ ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ သိသင့်ပါတယ်။ ဧရိယာထဲမှာ ဘော်ဒီချင်း ယှဉ်တိုက်နိုင်ဖို့ကလည်း လိုတယ် မဟုတ်လား ဒါအတွက် ဂျိမ်းစ်မှာ ပြည့်စုံပြီးသားပါ။

သူက သိပ်တော်တဲ့ ကလေး ဖြစ်တယ် ချယ်ဆီးအသင်း အတွက်လည်း တကယ် အားထားရတဲ့သူ ဖြစ်လာမှာပါ။ သိပ် အကြာကြီး စောင့်ဖို့ မလိုပါဘူး ထရန့် အလက်ဇန်းဒါး သိပ်ကောင်းတယ် ဆိုပေမယ့် ဂျိမ်းစ်က စိန်ခေါ်လာလိမ့်မယ်။

ကျနော်မှာ ဒီရာသီ အသင်းသာေးတွရဲ့ အကောင်းဆုံး သွင်းဂိုးတွေနဲ့ ပက်သက်တဲ့ ဗီဒီယိုတွေ ရှိပပါတယ်။ ဘန်လေနဲ့ပွဲက အိုဒွိုင်းရဲက သွင်းဂိုးကို မှတ်မိသေးတယ်။ သူ့ရဲ့ ဂိုးကို ကျနော် သဘောတွေ့ပါတယ်။ စတာလင်၊ မာနေးနဲ့ ဆာလက်တို့ ဂိုးတွေဘာလို့ သွင်းနေရလဲလို့ မေးကြည့်ကြပါ။ ထိပ်တန်းအသင်းမှာ ကစားနေတဲ့ တောင်ပံသမားက ဂိုးတွေ သွင်းနိုင်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ယူႏုိက္တက္နဲ႔ ပြဲၾကိဳမွာေတာ့ အနာဂတ္မွာ ေတာက္ပလာျပီး အသင္းရဲက ေထာက္တိုင္ေတြ ျဖစ္လာမယ့္ အသင္းသား သံုးဦးအေၾကာင္း ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

လမ္းပတ္က ” က်ေနာ္ ရူဘင္နဲ႔ စကားေျပာခဲ့ျပီး သူက အရာအားလံုးကို ရယူလိုတယ္။ ၂၀၁၈ ခုႏွစ္ ယူရိုပါလိဂ္တုန္းက သူ hat-trick ရခဲ့တာကို က်ေနာ္ သတိရမိပါတယ္။ သူက က်ေနာ္လို ဂိုးသြင္းတတ္သူျဖစ္ျပီး ဧရိယာထဲ အေကာင္းဆံုး အဆံုးသတ္ျပႏုိင္သူပါ။ သူ႔ရဲ႕ သြင္းဂိုးေတြကို က်ေနာ္ ႏွစ္သက္မိပါတယ္။

သူ ဂိုးေတြ ဘယ္ေလာက္ထိ သြင္းေပးရမယ္ဆိုတာမ်ိဳး မရွိပါဘူး။ ဒီအေၾကာင္း သူ႔နဲ႔ စကားေျပာမႈေတာ့ လုပ္ရမွာပါ။ တစ္ရာသီကို ဂိုး ၁၅၊ ၂၀ ေလာက္ သြင္းႏုိင္မလား။ သူ အဲ့ေလာက္ လုပ္ႏုိင္မယ္လို႔ က်ေနာ္ ထင္မိပါတယ္။

မနွစ္က ဇန္န၀ါရီက သူ႔ကို ဒါဘီအသင္းဆီ အငွားေခၚဖို႔ က်ေနာ္ ၾကိဳးစားဖူးတယ္။ သူ႔ရဲ႕ ေဘာလံုး ျဖန္႔ေ၀မႈက သိပ္ေကာင္းတယ္။ သူ ဘာေတြ လုပ္ေနတယ္ဆိုတာ က်ေနာ္တို႔ သိသင့္ပါတယ္။ ဧရိယာထဲမွာ ေဘာ္ဒီခ်င္း ယွဥ္တိုက္နုိင္ဖို႕ကလည္း လိုတယ္ မဟုတ္လား ဒါအတြက္ ဂ်ိမ္းစ္မွာ ျပည့္စံုျပီးသားပါ။

သူက သိပ္ေတာ္တဲ့ ကေလး ျဖစ္တယ္ ခ်ယ္ဆီးအသင္း အတြက္လည္း တကယ္ အားထားရတဲ့သူ ျဖစ္လာမွာပါ။ သိပ္ အၾကာၾကီး ေစာင့္ဖို႔ မလိုပါဘူး ထရန္႔ အလက္ဇန္းဒါး သိပ္ေကာင္းတယ္ ဆိုေပမယ့္ ဂ်ိမ္းစ္က စိန္ေခၚလာလိမ့္မယ္။

က်ေနာ္မွာ ဒီရာသီ အသင္းသာေးတြရဲ႔ အေကာင္းဆံုး သြင္းဂိုးေတြနဲ႔ ပက္သက္တဲ့ ဗီဒီယိုေတြ ရွိပပါတယ္။ ဘန္ေလနဲ႔ပြဲက အိုဒိြဳင္းရဲက သြင္းဂိုးကို မွတ္မိေသးတယ္။ သူ႔ရဲ႕ ဂိုးကို က်ေနာ္ သေဘာေတြ႔ပါတယ္။ စတာလင္၊ မာေနးနဲ႔ ဆာလက္တို႔ ဂိုးေတြဘာလို႔ သြင္းေနရလဲလို႔ ေမးၾကည့္ၾကပါ။ ထိပ္တန္းအသင္းမွာ ကစားေနတဲ့ ေတာင္ပံသမားက ဂိုးေတြ သြင္းႏုိင္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။