ဆန်ချိုအတွက် ခြေလှမ်းစခြင်း၊ နွေမှာ ရောင်းမယ့် ယူရို ၁၅ သန်းတန် ကွင်းလယ်နဲ့ ချယ်ဆီး နံနက်ခင်းသတင်းများ

နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာစေဖို့ လက်ရှိ အဆင့် ၄ နေရာမှာ မြဲမြံစွာ ဆက်လက်ရပ်တည်နေဖို့ လိုတာကြောင့် ချယ်ဆီး လူငယ် ကစားသမားတွေထံက ခြေစွမ်းကောင်းနဲ့ အားထုတ်မှုတွေကို ပို ပိုပြီး အလိုရှိနေကြောင်း နည်းပြ လမ်းပတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် အခုတည်းက ချဉ်းကပ် ဆွေးနွေးမှုများ စတင်ထားပြီး ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။

နေမာက ” ဆန်ချိုက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ဒေါ့မွန်ကစားသမားတွေက ခြားနားစွာ လုပ်နိုင်စွမ်းတွေ ရှိကြတယ်။ ဆန်ချိုက ကျနော် စောင့်ကြည့်ဖို့ရာ သဘောကျလောက်အောင် ကောင်းမွန်တဲ့ အရည်အချင်းတွေရှိပြီး သူက ကစားသမားကောင်းတစ်ယောက်ပါ ” လို့ ဆိုပါတယ်။

လာမယ့်နွေမှာ ချယ်ဆီးအသင်းထံ ရောက်လာတော့မယ့် မိုရိုကိုသား ကွင်းလယ်တိုက်စစ်သမား ဇီယက်က ၎င်း ယခင်က ရုန်းကန်ခဲ့ရမှုများဟာ ချယ်ဆီးအသင်းမှာ အထိုင်ကျစေဖို့ အထောက်အပံ့ကောင်းများ ဖြစ်လာမယ် ယုံကြည်နေပါတယ်။

အတ္တလန္တာအသင်းဟာ ချယ်ဆီးကနေ အငှားခေါ်ထားတဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား မာရီယို ပါဆာလစ်ကို လာမယ့်နွေမှာ ယူရို ၁၅ သန်းလောက်နဲ့ ခေါ်ယူရန် ပြင်ဆင်နေပါတယ်။

မော်ရင်ညို ရှိစဉ်က မှားယွင်းစွာ ရောင်းထုတ်တဲ့ထဲမှာ ဒီဘရိုင်း၊ ဆာလက်၊ လူကာကူတို့ကိုသာ ထောက်ပြလေ့ ရှိပေမယ့် မာတာကို ရောင်းချခဲ့တာလည်း မှားယွင်းကြောင်း လန်ဒန် သတင်းဌာန ဖော်ပြထားပါတယ်။

ချယ်ဆီးအသင်းက လက်စတာ ဘယ်စွန်ခံစစ်မှူး ဘန်ချေးဝဲလ်ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေတာကြောင့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း အာဆင်နယ် ခံစစ်မှူး တီရာနေးကို အစားထိုး ခေါ်ရန် ကြို ပြင်ဆင် ချိန်ရွယ်လာပါတယ်။

Zawgyi – နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် တစ်နေရာ သေချာစေဖို့ လက်ရှိ အဆင့် ၄ နေရာမှာ မြဲမြံစွာ ဆက်လက်ရပ်တည်နေဖို့ လိုတာကြောင့် ချယ်ဆီး လူငယ် ကစားသမားတွေထံက ခြေစွမ်းကောင်းနဲ့ အားထုတ်မှုတွေကို ပို ပိုပြီး အလိုရှိနေကြောင်း နည်းပြ လမ်းပတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။



လာမယ့်နွေမှာ ချယ်ဆီးအသင်းထံ ရောက်လာတော့မယ့် မိုရိုကိုသား ကွင်းလယ်တိုက်စစ်သမား ဇီယက်က ၄င်း ယခင်က ရုန်းကန်ခဲ့ရမှုများဟာ ချယ်ဆီးအသင်းမှာ အထိုင်ကျစေဖို့ အထောက်အပံ့ကောင်းများ ဖြစ်လာမယ် ယုံကြည်နေပါတယ်။


